အအေးခံရည် အပူချိန်ကို ထောက်လှမ်းပေးသည့် ဆင်ဆာအကြောင်း အပြည့်အစုံ


ကွန်ပျူတာ ထိန်းချုပ်မှုနဲ့ လည်ပတ် အလုပ်လုပ်တဲ့ ခေတ်ပေါ်ကား အင်ဂျင်များ အတွင်းပိုင်း အပူချိန် အခြေအနေ ဘယ်လောက် ရှိနေသလဲ ဆိုတာကို စောင့်ကြည့်ထောက်လှမ်း ပေးနေတဲ့ အာရုံခံကိရိယာကို

ECT ဆင်ဆာလို့ ခေါ်ပါတယ်။ Engine Coolant Temperature ကို ECT လို့ အတိုကောက် သတ်မှတ်ပါတယ်။ အင်ဂျင်အအေးခံစနစ်မှာ လည်ပတ် နေတဲ့ အအေးခံရည်ရဲ့ အပူချိန် ဘယ်လောက် ရှိနေသလဲ ဆိုတာကို

ကွန်ပျူ တာခေါ် PCM (Powertrain Control Module) ကသိရှိနေဖို့ အရေးကြီးပါ တယ်။ ခေတ်ပေါ် ဓာတ်ဆီအင်ဂျင် တစ်လုံးရဲ့ လည်ပတ်လှုပ်ရှားမှု အားလုံးကို PCM ကွန်ပျူတာကပဲ ထိန်းချုပ် ပါတယ်။

အင်ဂျင်ဘလောက် ထဲမှာ အတွင်းပိုင်း အပူတွေကို စုပ်ယူနိုင်ဖို့ ရေလိုင်းတွေရှိပါတယ်။ အင်ဂျင်ဟတ် (Head) နဲ့ ဆလင်ဒါစလစ် ပတ်လည် မှာ အင်ဂျင်မီးလောင် ပေါက်ကွဲရာက နေ ထွက်လာတဲ့အပူတွေကို Coolant အအေးခံရည်က

စုပ်ယူပြီး သယ်ဆောင်သွား ပါတယ်။ ရေတိုင်ကီထဲ ရောက်မှ ပြင်ပ လေအေးတွေနဲ့ ထိတွေ့ ပြီး Coolant အအေးခံရည်ထဲမှာ အောင်းနေတဲ့ အပူတွေကို စွန့်ထုတ် ပေးပါတယ်။ Coolant အအေးခံရည် တွေ အေးနေသလား၊

ပူနေသလား၊ ပုံမှန်လည်ပတ်နေတဲ့ အပူချိန်မှာပဲ ရှိသလား၊ အပူလွန်ကဲပြီး ရေဆူနေ သလား စတဲ့ အပူချိန်အခြေအနေတွေ ကို အာရုံခံပြီး ကွန်ပျူတာကို သတင်း ပို့ပေးနေတာ ECT Sensor ဖြစ်ပါ တယ်။

ECT ဆင်ဆာကရတဲ့ အပူချိန် data တွေဟာ ကွန်ပျူတာ PCM အတွက် အလွန် အရေးကြီးပါတယ်။ အင်ဂျင် Management System တစ်ခုလုံးရဲ့ မဟာဗျူဟာကျတဲ့ ထိန်း ချုပ်မှုတွေမှာ တခြားအာရုံခံဆင်ဆာ တွေထက်ပိုပြီး

အရေးပါနေတာ ကြောင့် ECT Sensor ကို Master Sensor လို့တောင် ခေါ်ကြပါတယ်။
ECT (Engine Coolant Temperature) ဆင်ဆာက အင်ဂျင်အအေးခံရည် ရဲ့ အပူချိန် အခြေအနေကို မှန်ကန် တိကျစွာအာရုံခံပြီး ကွန်ပျူတာ PCM ကို သတင်းပို့နိုင်မှသာ အင်ဂျင်လည်ပတ်မှု မှန်ကန်ပြီး အင်ဂျင် စွမ်းဆောင်ရည်

အမြင့်ဆုံးရရှိနိုင်ပါတယ်။

အင်ဂျင်စက် စပြီးလည်တဲ့ အချိန်မှာ အင်ဂျင် အေးနေပါတယ်။ အင်ဂျင်အေးနေတဲ့အချိန်နဲ့ အင်ဂျင် ပူနွေးလာပြီး ပုံမှန် Operating အပူချိန်ကို ရောက်တဲ့ အချိန်မှာ အင်ဂျင် လည်ပတ်မှု အခြေအနေတွေ မတူညီ နိုင်ပါဘူး။

အင်ဂျင်အေးနေတဲ့ အခြေ အနေမှာ လောင်စာဆီ ရောစပ်တဲ့အချိုး က Rich Fuel Mixture ဖြစ်ဖို့ လိုပါတယ်။
ဒါမှအင်ဂျင် Idle Speed မှန် မယ်။ အင်ဂျင်တုန်ခါမှု ဖြစ်တာကို တားဆီးနိုင်မယ်။ အင်ဂျင်လည်း မြန် မြန်ပူလာမယ်။ အင်ဂျင်တဖြည်းဖြည်း ပူလာပြီး ပုံမှန်လည်ပတ် နိုင်တဲ့ အပူချိန်တစ်ခု ရောက်သွားရင်လည်း အင်ဂျင်ပူနေပြီ ဖြစ်ကြောင်း

ကွန်ပျူတာ PCM ကသိဖို့ လိုပါတယ်။ ဒါမှလည်း လောင်စာဆီ ရောစပ်မှုအချိုးကို ပြန်ပြီး ချပေးမယ်။ တကယ်လို့ ECT Sensor က မှားယွင်းနေပြီး အပူချိန်အာရုံခံတာ ကို မှန်ကန်အောင် သတင်း မပို့နိုင်ခဲ့ရင် PCM ကွန်ပျူတာက

အင်ဂျင် အေးနေ သေးတယ်လို့ပဲ မှတ်ယူပြီး ဆီရောစပ်မှု အချိုးက များနေမယ်။
ဆီစားများ မယ်။

အီမစ်ရှင်းတွေ များများထွက်ပြီး လေထု ညစ်ညမ်းစေမယ့် အိတ်ဇော ဓာတ်ငွေ့တွေ ထွက်မယ်။ ပိုဆိုးတာက ရေတိုင်ကီ အအေးခံတဲ့ ပန်ကာ လည်သင့်တဲ့ အချိန်မှာ မလည်သေးဘဲ နောက်ကျပြီး လည်တာကြောင့် အင်ဂျင်အပူချိန်

မြင့်တက်လွန်းတာ များပြီး ရေဆူနိုင်တယ်။

အင်ဂျင်အအေးခံစနစ်မှာ ရေတိုင်ကီကို အအေးခံတဲ့ပန်ကာက လျှပ်စစ်ပန်ကာ ဖြစ်ပါတယ်။ ဒီပန်ကာက အမြဲတမ်း ပုံသေ မလည်ပါဘူး။ လိုအပ် မှလည်ပါတယ်။ မလိုသေးရင်နားထား ပါတယ်။ ရပ်လိုက်၊ လည်လိုက်၊ ပြန် နားလိုက်၊

ပြန်လည်လိုက် ပုံစံမျိုးဖြစ်ပါ တယ်။ အင်ဂျင် စပြီး လည်တဲ့ အချိန်မှာ အေးနေပါသေးတယ်။ ပူနွေးလာပြီး ပုံမှန်လည်ပတ်တဲ့ Operating အပူ ချိန်ရောက်မှ ပန်ကာကို လည်စေပါ တယ်။

ရေတိုင်ကီထဲမှာ အအေးခံရည် မပူမချင်း ပန်ကာ မလည်သေးပါဘူး။ ပူလာမှပန်ကာကို လည်စေပါတယ်။ ရေတိုင်ကီအေးသွားရင် ပန်ကာပြန် ရပ်သွားပါတယ်။ ဒီလိုမျိုး လျှပ်စစ် ပန်ကာကို ကစားနိုင်အောင် ထိန်းချုပ် ပေးနေတာက

PCM ကွန်ပျူတာ ပါ။ PCM ကလည်း ECT ဆင်ဆာက သတင်းပို့တဲ့ Data ကိုအခြေခံပါ တယ်။ ဒါကြောင့် အင်ဂျင် အအေးခံ စနစ် ပုံမှန်လည်ပတ်နေနိုင်ဖို့ ECT ဆင်ဆာက အရေးကြီးတဲ့ နေရာမှာရှိ နေ ပါတယ်။

ဒီဆင်ဆာ ကောင်းကောင်း အလုပ် မလုပ်တာနဲ့ ပန်ကာ လေဆွဲအား လုပ်ဆောင်ချက်တွေ မမှန် ကန်နိုင်တော့ဘဲ အင်ဂျင်အပူချိန် မြင့် တက်လာနိုင်ပါတယ်။

အင်ဂျင် Overheat ဖြစ်ရင် တော့ အင်ဂျင်ရဲ့ လုပ်ဆောင်ချက်တွေ မမှန်တော့ပါဘူး။ အင်ဂျင်အပူလွန်ကဲ မှုဖြစ်ပြီး အင်ဂျင် ပျက်စီး သွားစေနိုင်ပါ တယ်။ အရမ်းပူလာရင် အင်ဂျင်ကျပ် ပြီး ထိုးရပ်သွားမယ်။ ဂတ်စ်ကတ်ပြတ် ထွက်မယ်။

အင်ဂျင်ဟတ် လန့်ပြီး ကွဲ တတ်တယ်။ အင်ဂျင် အပူလွန်ကဲရာကနေ နောက်ဆုံး မီးထပြီး လောင်သွား နိုင်တယ်။

ဒါကြောင့် တချို့ကားတွေမှာ Cooling Fan အတွက်သီးခြား Coolant Sensor ကို တပ်ဆင် ထားတယ်။ လျှပ်စစ်ပန်ကာ အဖွင့် / အပိတ် ပုံမှန် လုပ်နိုင်ဖို့ သီးသန့် Sensor နဲ့ သီးသန့် Fan Circuit ထားပေးတယ်။

Coolant Sensor ဆိုတာ ကွန်ပျူတာထိန်းချုပ်မှု နဲ့ လည်ပတ်နေတဲ့ အင်ဂျင်တွေအတွက် အရေးကြီးတယ်။ Fuel Injector က ရောစပ်ပေးတဲ့ လောင်စာဆီ အချိုး အစား၊ မီးတိုင်မင် (Firing Timing) မီးပေးစောတာ၊ နောက်ကျတာ၊

အင်ဂျင် Slow လည်ပတ်မှု မှန်ကန်ပြီး တည် ငြိမ်နေဖို့ Emission ထုတ်လွှတ်မှု အနည်းဆုံးဖြစ်ဖို့ ဆီစားသက်သာပြီး အင်ဂျင်စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ဖို့ အဓိကကျတဲ့ ဆင်ဆာကတော့ ECT Sensor ပဲဖြစ်ပါတယ်။

အပူချိန်တိုင်းတာပေးတဲ့ အာရုံခံ ဆင်ဆာ အများစုက Thermistors အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက အပူချိန်ကို လိုက်ပြီး လျှပ်စစ် ခုခံအား (Resistance) ပြောင်းလဲ တတ်တယ်။ Negative Temperature Coefficient (NTC)

အမျိုးအစား Sensor တွေရဲ့ လုပ်ဆောင်ချက်က အပူချိန် မြင့်တက်လာရင် ခုခံအား (Resistance) ပမာဏ လျော့ကျသွား တယ်။ အင်ဂျင်အေးနေတဲ့ အချိန်မှာ NTC Sensor များရဲ့ သဘာဝက လျှပ်စစ် ခုခံမှု အများဆုံး ဖြစ်တယ်။

အင်ဂျင်စက်နှိုးပြီး တဖြည်းဖြည်း ပူလာ တာနဲ့ ခုခံအားတွေလည်း လျော့ကျ လာတယ်။

Coolant Sensor ကို PCM ကွန်ပျူတာက လာတဲ့ ဝါယာနှစ်စနဲ့ ဆက်သွယ်ထားတယ်။ ဗို့အားပမာဏ 5 Volts ရှိတယ်။ အပူချိန်ပြောင်းလဲ သလို ခုခံအား လိုက်ပါ ပြောင်းလဲပေး နိုင်တဲ့ NTC Sensor အမျိုးအစားက

ကွန်ပျူတာ PCM ကိုပြန်သွားတဲ့ ဝါယာမှာ ဗို့အားပမာဏ အမျိုးမျိုးကို ပြောင်းလဲ ဖြစ်ပေါ်စေတယ်။ အင်ဂျင် အပူချိန်တက်လာရင် အအေးခံရည် ပူလာတာကြောင့် NTC ဆင်ဆာရဲ့ ခုခံအားတွေ ကျဆင်းသွားမယ်။ PCM ကို Return

ပြန်လာတဲ့ ဝါယာစမှာ ဗို့အားတွေ မြင့်တက်လာမယ်။ အေး သွားရင် ဗို့အား ပြန်ကျ သွားမယ်။ NTC ဆင်ဆာက အပူချိန် ပြောင်းလဲ မှုကို ခုခံအား ပြောင်းလဲစေခြင်းနဲ့ တုံ့ ပြန်တယ်။ ဒီလိုမျိုး NTC ဆင်ဆာ ကနေ Return ပြန်လာတဲ့

ဗို့အား အနည်းအများပေါ် မူတည်ပြီး အင်ဂျင် အပူချိန် ပြောင်းလဲမှု အခြေအနေကို နှိုင်းယှဉ်မှတ်သားခြင်း ဖြစ်ပါတယ်။

ECT ဆင်ဆာက ထောက်လှမ်း သတင်းပို့တဲ့ ဗို့အား အတက်အကျ Signal ကို PCM က လက်ခံပြီး အင်ဂျင်လည်ပတ်မှုကို အကောင်းဆုံး ဖြစ်စေဖို့ တွက်ချက် ညွှန်ကြားပါတယ်။ PCM ကွန်ပျူတာရဲ့ ညွှန်ကြား ထိန်းကျောင်းမှုတွေဟာ

ECT ဆင်ဆာရဲ့ သတင်းပေးပို့မှု Data တွေ အပေါ်မှာ အဓိကကျပါတယ်။ ယာဉ်မောင်းသူ က အင်ဂျင်ရဲ့ အပူချိန်အခြေအနေကို ဒတ်ချ်ဘုတ်မှာ ဖော်ပြထားတဲ့ Temperature Gauge မှာ ကြည့်နိုင်ပါ တယ်။

ECT Sensor ယူနစ်ကို တချို့ ကားတွေမှာ အင်ဂျင် Head ထဲမှာ တစ်လုံး၊ ရေတိုင်ကီမှာ တစ်လုံး တပ်ဆင်လေ့ရှိပါတယ်။ ကွန်ပျူတာ ထိန်း ချုပ်တဲ့ခေတ်ပေါ် EFI အင်ဂျင်တွေ မှာ ECT Sensor က အဓိကကျတဲ့ အာရုံခံဆင်ဆာ

ဖြစ်နေတာကြောင့် Coolant Sensor မူမမှန်ရင်၊ ပျက်စီး ချွတ်ယွင်းလာရင် အင်ဂျင်လည်ပတ်မှု အင်ဂျင် လုပ်ဆောင်ချက်တွေ မမှန် တော့ဘဲ ဆုံးရှုံးမှုတွေ များလာပါ တယ်။ ဆင်ဆာ မကောင်းတဲ့ရှေ့ပြေး လက္ခဏာများမှာ

အင်ဂျင်ဆီစားများလာမယ်။ Emission ထုတ်လွှတ်တာ များပြီး Emission Test စမ်းသပ် ကြည့်ပါက ကျရှုံးတာတွေ့ရပါလိမ့် မယ်။ Cooling Fan လည်ပတ်မှု မမှန်တာကြောင့် အင်ဂျင် Overheat ဖြစ်မယ်။ ရေတိုင်ကီ ရေဆူမယ်။

Coolant Sensor တွေမှာ အများဆုံး ဖြစ်တတ်တဲ့ ပြဿနာတွေ ကတော့ ဝါယာရိန်း အမှားဖြစ်တာ၊ ဝါယာ ချွတ်ယွင်းတာပါပဲ။ ဝါယာ လွတ်နေတာမျိုး၊ Connector အဆက် တွေ ချေးတက်ပြီး တဖြည်းဖြည်းယို ယွင်း ပျက်စီးတာမျိုး

ဖြစ်တတ်ပါ တယ်။ Coolant Sensor ကို OBD II Scan Tool ထိုးပြီး အပြစ်ရှာကြည့် ရင် တွေ့ရမယ့် Codes နံပါတ်တွေ ကတော့ P 0115၊ P 0116၊ P 0117၊ P 0118၊ P 0119စတာတွေဖြစ်ပါတယ်။

Coolant Sensor ကိုဗို့အား တိုင်းပြီး စစ်ဆေး ကြည့်နိုင်ပါသေး တယ်။ ဗို့အားတိုင်း ဒီဂျစ်တယ်မီတာ တစ်လုံးတော့လိုပါတယ်။ အင်ဂျင် အေးနေတဲ့အချိန်မှာ ဗို့မီတာနဲ့ တိုင်း ကြည့်ရင် 3 Volt လောက်ပဲပြမယ်။ ကားစက်လည်ပြီး

အင်ဂျင်တဖြည်း ဖြည်း ပူလာပါက ဗို့အားကျဆင်းလာ ပြီး 1.2 V ကနေ 0.3 V အထိ ငါးမိနစ် အတွင်း ပြလျှင် အင်ဂျင်ရဲ့အပူချိန် ဟာ ပုံမှန် စက်လည်ပတ်နေတဲ့ အပူချိန်ပြခြင်း ဖြစ်ပါတယ်။ တကယ်လို့ 5 Volt နီးပါးဆိုရင်တော့

Coolant Sensor ဟာ Open ဖြစ်နေတယ်။ ဒါမှမဟုတ် Earth လွတ်နေတယ် ဆို တဲ့ သဘော သက်ရောက်ပါတယ်။ တကယ်လို့ ဗို့အားက လုံးဝမပြဘူး ဆို ရင်တော့ ဆင်ဆာထဲမှာ Short ဆား ကစ် ဖြစ်နေပါပြီ။

ဆင်ဆာမမှန်ရင် အသစ်တစ်လုံး အစားထိုး လဲပေးဖို့ လိုပါတယ်။ Coolant ဆင်ဆာလဲ ပြီးလျှင် အင်ဂျင်အအေးခံစနစ်မှာ အအေးခံရည် ထပ်ဖြည့်ပေးဖို့ လိုပါ တယ်။ သုံးနှစ်၊ လေးနှစ် လောက် ကြာအောင် သုံးထားတဲ့

Coolant ဆို ရင်လည်း အသစ်လဲပေးဖို့ လိုပါတယ်။

ခေတ်ဟောင်းကားအင်ဂျင်မှာ Coolant Sensor ဟာ အရေးမကြီး ပေမယ့် ခေတ်ပေါ် ကွန်ပျူတာစနစ် ထိန်းအင်ဂျင် တွေမှာတော့ Coolant Sensor က တခြား ဆင်ဆာတွေထက် ပိုပြီး အဓိကကျပြီး အရေးကြီးပါ တယ်။

ဆင်ဆာ မကောင်းရင် အင်ဂျင် လည်ပတ်မှု လုပ်ဆောင်ချက်တွေ မမှန်တော့ဘူး။ ဆီစားများနေမယ်။ အင်ဂျင်အပူချိန်မြင့်တက်မယ်။ အင်ဂျင် Slow မှာ တုန်ခါနေမယ်။ အီမစ်ရှင်းထုတ်လွှတ်မှုတွေများလာ မယ်။ ရေတိုင်ကီရေဆူမယ်။

Electrical Fan လည်ပတ်တာ နောက် ကျမယ်။ ဆင်ဆာကောင်းမှ အင်ဂျင် Performance ကောင်းပြီး ဆီစား သက်သာမယ်။ အင်ဂျင်စွမ်းရည် Efficiency ပိုကောင်း လာမယ်။

Car lover

Read 7504 times