အင်ဂျင်ချောဆီစနစ် စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း


ကားအင်ဂျင်တစ်လုံးတွင် ချော ဆီစနစ်သည် အင်ဂျင်ချောမွေ့စွာ အလုပ်လုပ်ရန်အတွက် အရေးကြီး သောစနစ်ဖြစ်သည်။ အင်ဂျင်ဝိုင် အသက်သည် အင်ဂျင်တစ်လုံးအတွက် အသက်သွေးကြောဖြစ်သည်။ အင်ဂျင် သက်တမ်း ကြာရှည်အသုံးခံရန် အတွက် ချောဆီစနစ် ထိန်းသိမ်းခြင်း နှင့် စစ်ဆေးခြင်းသည် အဓိကကျသည်။

 

အင်ဂျင်တစ်လုံး လည်ပတ် အလုပ်လုပ်နေလျှင် အတွင်းအစိတ် အပိုင်းများဖြစ်သော ကရိုင်းရှပ်၊ ဘယ်ရင်ခြမ်းများ၊ ကင်းရှပ်များ၊ ဗား များ၊ ပစ္စတင်နှင့် Connecting Rod များ စသည်တို့သည် မျက်နှာပြင်ချင်း ထိတွေ့ပွတ်တိုက်၍ ရွေ့လျားနေကြ သည်။ ပွတ်တိုက်ထိတွေ့မျက်နှာပြင် (၂) ခုကြားတွင် အင်ဂျင်ဝိုင်ခေါ် ချောဆီမရှိပါက ပွန်းစားပျက်စီးသွား မည်။

 

ချောဆီ၏အဓိကဆောင်ရွက်မှု

=====================
(၁) အတွင်းမီးလောင်ပေါက်ကွဲ သော အင်ဂျင်များသည် အင်ဂျင် အတွင်းပိုင်း၌ အပူချိန်မြင့်မားလွန်ကဲ သည်။ အင်ဂျင်အတွင်းပိုင်းမှ ပစ္စတင်၊ ပစ္စတင်ရိန်း (Ring), Connecting Rod, Valve များတွင်ရှိသော အပူ များကို အင်ဂျင်ဝိုင်က သယ်ဆောင် လာပြီး Oil Cooler မှတစ်ဆင့် ပြင်ပ သို့ စုပ်ထုတ်ပေးသည်။


(၂) အင်ဂျင်အစိတ်အပိုင်းများ ကြားတွင် ပါးလွှာသော ဆီထုအဖြစ် တည်ရှိပြီး ချောမွေ့စွာလည်ပတ်စေ သည်။ ပွန်းစားမှုကိုလျော့နည်းစေပြီး ပါဝါစွမ်းအင်ဆုံးရှုံးမှုကို လျော့ကျစေ သည်။


(၃) အင်ဂျင် Compression ဖိအားကိုလုံစေသည်။


(၄) လောင်စာဆီပေါက်ကွဲ လောင်ကျွမ်းရာမှ ထွက်လာသော ကာဗွန်နှင့် အခြားအညစ်အကြေးများ ကို အင်ဂျင်ဝိုင်ကသယ်ဆောင်သွား ပြီး ဆီစစ်ဘူးတွင် သိမ်းဆည်းထား သည်။


(၅) အင်ဂျင်အစိတ်အပိုင်း သံ ထည်များ သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။


(၆) ပေါက်ကွဲအားများကို ချောဆီက ကျယ်ပြန့်စွာပြိုကွဲစေလျက် တစ်နေရာတည်းတွင် အားသက် ရောက်ခြင်းမှ ကာကွယ်ပေးသည်။


(၇) ဗားတိုင်မင် ပြောင်းလဲနိုင် ရန်အတွက် အင်ဂျင်ဝိုင်ဖိအားက ဆောင်ရွက်ပေးသည်။


ချောဆီစနစ် စစ်ဆေးရန်နှင့် ထိန်းသိမ်းနိုင်ရန်အတွက် အင်ဂျင် ချောဆီစနစ် အခြေခံသဘောတရား များကို လေ့လာသိရှိထားသင့်သည်။

 

ချောဆီပို့စနစ်တွင် ပါဝင်သော အစိတ်အပိုင်းများ

===============================

(၁) Oil Pump(ဆီပန့်)
Oil Pump သည် အင်ဂျင်တစ် လုံးအတွက် ချောဆီလည်ပတ်ရန် အဓိကကျသော အရာဖြစ်သည်။ လူ တစ်ဦး ကျန်းမာရေးကောင်းရန်၊ အ သက်ရှင်ရန် နှလုံးသည် အရေးကြီး သကဲ့သို့ ကားတစ်စီးတွင်လည်း Oil Pump သည် အရေးကြီးသည်။ ဂီယာ ပန့်နှင့် Trochoid Pump ဟူ၍နှစ်မျိုး ရှိသည်။ Oil Pump ကို လည်ပတ် စေရန် ပီနီယံ (ဂီယာ) (သို့မဟုတ်) Belt ကြိုးကို အသုံးပြုပြီး အင်ဂျင် ကရိုင်းရှပ်နှင့် ဆက်သွယ်ထားသည်။

(၂) ဆီခံခွက်နှင့် ဆီစုပ်ပိုက်
အင်ဂျင်ဘလောက်တုံး အောက် ဘက်တွင် ဆီခံခွက် (Oil Pan)နှင့် ဆီစုပ်ပိုက်ကို တပ်ဆင်ထားသည်။ ဆီစုပ်ပိုက်ထိပ်တွင် ဇကာတပ်ဆင် ထားသည်။ အင်ဂျင်ဘလောက်နှင့် ဆီခံခွက်ကြားမှ ဆီယိုစိမ့်ခြင်းမရှိစေ ရန် ဂတ်စကတ်ပါကင်ခံထားသည်။

(၃) Pressure Relief Valve
အင်ဂျင်လည်ပတ်နှုန်းမြင့် တက်၍ အင်ဂျင်ဝိုင်ဖိအားများလာ ပါက ဆီစစ်ဘူး ပေါက်ထွက်တတ် သည်။ ဝိုင်းဆီးများမှ ဆီယိုနိုင်သည်။ ထိုသို့ဖြစ်တတ်ခြင်းမှ ကင်းဝေးစေ ရန် Pressure Relief Valve တပ် ဆင်ထားသည်။ ဖိအားများလာပါက ဆီဗား အလိုအလျောက်ပွင့်ပေးခြင်း ဖြင့် Overpressure ဖြစ်ခြင်းကို ထိန်းချုပ်နိုင်သည်။

(၄) ဆီစစ်ဘူး
Oil Pump မှ တွန်းပို့လိုက် သော အင်ဂျင်ဝိုင်များကို ဆီစစ်ဘူးမှ ဖြတ်သန်းစေပြီးမှသာ သက်ဆိုင်ရာ ချောဆီလိုင်းများသို့ ဝင်ခွင့်ရရန်စီမံ ထားသည်။ ဆီစစ်ဘူးသည် အင်ဂျင် ဝိုင်ထဲတွင်ပါဝင်သော သတ္ထုပွန်းစား မှုအမှုန်အမွှားများ၊ ကာဗွန်ချိုးများ၊ ဖုန်မှုန့်အညစ်အကြေးများကို စက္ကူ ဘာဂျာ Element များကစစ်ပေးသည်။ ဆီစစ်ဘူးအသစ် လဲလှယ်လျှင် အသစ်အလေးချိန်နှင့် အဟောင်း အလေးချိန် သိသာစွာကွာခြားနေသည် ကို ကြည့်ခြင်းအားဖြင့် အင်ဂျင်ဝိုင်ထဲ တွင် အညစ်အကြေးမည်မျှများပြား နေကြောင်းသိနိုင်သည်။ ဆီစစ်ဘူး မှန်မှန်လဲလှယ်ပေးခြင်းသည် ချောဆီ ပို့စနစ်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ အရည်အသွေးညံ့ ဈေးပေါသော ဆီစစ်ဘူးကို ဝယ်ယူသုံးစွဲခြင်းသည် သင့်ကားအင်ဂျင်သက်တမ်းကို တိုစေ သည်။ ဆီစစ်ဘူးထဲတွင် ဆီပိတ်နေ ပါက လမ်းကြောင်းလွဲ၍ထွက်နိုင်ရန် By Pass Vavle ပါရှိသည်။

 

(၅) အင်ဂျင်ဝိုင်မီး (Warning Lamp)
လည်ပတ်နေသော အင်ဂျင်ဝိုင် ဖိအားကျဆင်းလာပါက၊ ချို့ယွင်းချက် အပြစ်တစ်စုံတစ်ရာရှိပါက ကား ဒတ်ချ်ဘုတ် မီတာဒိုင်ခွက်တွင် အင်ဂျင်ဝိုင်မီးနီ လင်းလာမည်။ သတိ ပေးမီးလင်းခြင်းသည် စက်ရပ်ပြီးချက် ချင်းစစ်ဆေးရန် အချက်ပြခြင်းဖြစ် သည်။
ကားစက်နှိုးရန် ကားသော့ဖွင့် လိုက်ပါက ဒတ်ချ်ဘုတ်တွင် ဘတ်ထ ရီမီး၊ အင်ဂျင်ဝိုင်မီးများလင်းနေမည်။ စက်နိုးပြီးခဏအကြာတွင် ထိုမီးနီများ ငြှိမ်းသွားမည်။ အကယ်၍ အင်ဂျင်ဝိုင် မီးနီလင်းနေခြင်း မပျောက်ပါကအင်ဂျင် ဝိုင်မတက်သော ပြဿနာတစ်ခုခုရှိနေ ခြင်းဖြစ်သည်။ ကားမောင်းနေစဉ် အင်ဂျင်ဝိုင်မီးနီလင်းလာပါက အထူး ဂရုစိုက်ပါ။ ၎င်းင်းကို သတိမပြုမိဘဲ ကားဆက်မောင်းနေလျှင် သင့်ကား အင်ဂျင်ကြီးမားစွာ ပျက်စီးသွားမည်။

 

(၆) ချောဆီအအေးခံကိရိယာ (Oil Cooler)
အချို့သောကားများတွင် အင် ဂျင်ဝိုင်အအေးခံရန် Oil Cooler တပ် ဆင်ထားသည်။ ရေလိုင်း၊ လေလိုင်း တစ်နည်းနည်းဖြင့် အအေးခံသည်။ Oil Cooler သုံးသောကားများ ကြာ လာလျှင် အင်ဂျင်ဝိုင်ဆီချိုးများ ကပ် ငြိပြီး ပိတ်ဆို့သွားတတ်သည်။ Oil Cooler ဆီလိုင်းပိတ်ပါက အင်ဂျင်ဆီ ငတ်တတ်သည်။

 

ပြုပြင်ထိန်းသိမ်းခြင်း

=============

(၁) ဆီ Level တိုင်းပါ။
စက်မနှိုးမီ အင်ဂျင်ထဲတွင် Oil Level အပြည့်ရှိရမည်။ အင်ဂျင်ဂိတ် တံဖြင့် တိုင်းကြည့်ပါ။

 

(၂) ဆီယိုစိမ့်မှုရှိ မရှိစစ်ဆေး ပါ။
ဆီသည် ယိုစိမ့်တတ်သော သဘောရှိသည်။ "ဆီလိုအပေါက်ရှာ မနေနဲ့" ဆိုစကားသည် ဆီ၏ ယိုစိမ့် လွယ်သောသဘောကို ပြောခြင်းဖြစ် သည်။ ကားရပ်ထားသော ပါကင် နေရာ၊ ကားဂိုဒေါင်ကြမ်းခင်းတို့တွင် ဆီကွက်တွေ့ပါက ဆီယိုနေသော နေရာအတိအကျသိရှိရန် ရှာဖွေပါ။ ဝိုင်းဆီးကယိုသလား၊ Vaccum Pump ဆီပိုက်လိုင်းက ယိုသလား၊ မိန်းဂုတ်ဆီးကယိုသလား။ အင်ဂျင် ဝိုင်ယိုခြင်းသည် သင့်ခန္ဓာကိုယ်မှ သွေးယိုထွက်သကဲ့သို့ အရေးကြီးပါ သည်။

 

(၃) အချိန်မှန် အင်ဂျင်ဝိုင်လဲ ပေးပါ။
ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀) အတွင်း အသုံးပြုပြီးပါက အင်ဂျင် ဝိုင်အသစ်လဲပေးပါ။ ဆီဟောင်း ဖောက်ချပြီး Flushing Oil ဖြင့် အင် ဂျင်အတွင်းပိုင်းကို ဆေးကြောပါ။ ထုတ်လုပ်သူ ညွှန်ကြားသော အင်ဂျင် ဝိုင်အမျိုးအစားကိုသုံးပါ။ကားကောင်း များ အင်ဂျင်ဝိုင် အကောင်းစားသုံးပါ။

 

(၄) ဆီစစ်ဘူးအသစ်လဲပါ။
အင်ဂျင်ဝိုင်လဲတိုင်း ဆီစစ်ဘူး အသစ်လဲပါ။ အမျိုးအစား၊ အရည် အသွေးကောင်းသော ဆီစစ်ဘူးကိုသုံး ပါ။

 

(၅) အင်ဂျင်ဝိုင်မီးလင်းလျှင်
အင်ဂျင်ဝိုင် Level လျော့ လွန်းလျှင်၊ Oil Pump ဆီတွန်းအား ကျဆင်းလျှင် သတိပေးမီး လင်းတတ် သည်။ မီးလင်းလျှင် အပြစ်ရှာပါ။ Oil Pump ဂီယာသွားများ ပွန်းစားသွား ပါက ချောဆီဖိအားနှင့်တွန်းအား ကျ ဆင်းပြီး အင်ဂျင်ဆီငတ်တတ်သည်။

 

(၆) ဒီဇယ်အင်ဂျင်ဝိုင် ဓာတ်ဆီအင်ဂျင်ဝိုင်
ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီ အင်ဂျင်လောင်ကျွမ်းပေါက်ကွဲပုံမတူ ၍ အင်ဂျင်ဝိုင်လည်းမတူပါ။ ခွဲခြား၍ သုံးပါ။

 

(၇) ဆီယိုစိမ့်လျှင်ပြုပြင်ပါ။
အင်ဂျင်ဝိုင် ယိုစိမ့်ခြင်းသည် မ ကောင်းသောလက္ခဏာဖြစ်သည်။ ယို စိမ့်သောအကြောင်းရင်းနှင့်နေရာကို ရှာဖွေ၍ အားနည်းချက်ကို ပြုပြင်ပါ။

 

(၈) အင်ဂျင် Overheat ဖြစ် လျှင် အင်ဂျင်ဝိုင်အရည်အသွေးကျ တတ်သည်။
အကြောင်းအမျိုးမျိုးကြောင့် သင့်ကား Overheat ဖြစ်ပြီး ရေတိုင် ကီရေဆူပွတ်ပါက အပူလွန်ကဲမှု ကြောင့် အင်ဂျင်ဝိုင်ပျက်စီးတတ် သည်။ ဂတ်စ်ကတ်ပြတ်ပြီး အင်ဂျင် ဆီလိုင်းနှင့် ရေလိုင်းရောနှောတတ် သည်။ အင်ဂျင်ဝိုင်ထဲ ရေရောက်သွား ပါက အင်ဂျင်ဝိုင်များ အဖြူရောင် ပြောင်းသွားပြီး ပျက်စီးသည်။အင်ဂျင် ဝိုင် အသစ်လဲပေးရမည်။ ဂတ်စ်ကတ် ပြတ်ခြင်းပြဿနာကိုလည်း ပြုပြင်ရ မည်။

 

(၉) Oil Cooler သုံးသောကား များ Oil Cooler အတွင်းဆီလိုင်းများ တွင် ဆီချိုးများအနယ်အနှစ်များ ပိတ် မနေစေရန် ဆေးကြောပေးပါ။ အင် ဂျင်ဝိုင်သည် အင်ဂျင်တစ်လုံး၏ အသက်ဖြစ်သည်။
 car lover

Read 4712 times