Engine Analyser အကြောင်း


Engine Analyser အကြောင်းပြောမည်ဆိုရင် ပထမဦး Engine တစ်လုံးရဲ့ လုပ်ဆောင်ပုံ နှင့် မည်သို့မည်မျှအရေးပါပုံတို့ကို အကြမ်းဖြင်းအားဖြင့် သိဖို့လိုပေလိမ့်မည် ၊ Engine ဆိုတာ ကားတစ်စီးမှား အလွန်အရေးကြီးလှတဲ့ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်

၎င်းကနေမှ ကားရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းအားလုံးဆီကို စွမ်းအားတွေပို့လွှတ်ပေးမှာပဲဖြစ်ပါသည် ဒါကြောင့် Engine ကို ကားတစ်စီးလုံးရဲ့ key point ဟုပင်တင်စားခေါ်ဝေါ်ကြပေသည် နောက်ပြီး ကားမှာ ဖြစ်လေ့ရှိတဲ့ ပြစ်ချက်တော်တော်များများကိုလဲ ဒီ အင်ဂျင်ကို စစ်ဆေးကြည့်ရုံနဲ့ အကြမ်းဖြင်းသိနိုင်ပေသည် ၊ Engine ကို နေရာတော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပေမဲ့ ဒီနေရာမှာတော့ ကားမှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှု့မြင်နိုင်ပေသည် ဒါကြောင့် Engine ကို စစ်ဆေးအပြစ်ရှာခြင်းနဲ့ နွယ်သော အစိတ်အပိုင်းအားလုံးကို ခြုံငုံမိစေရန် Engine Analyser အစသဖြင့် ခေါ်ဝေါ်ကြပေသည်။

Engine Analyser ကိုတိုက်ရိုက်ဘာသာပြန်ရင် ကားတစ်စီးလုံးကို စစ်ဆေးဖို့ ကိရိယာများကို အကြမ်းဖြင်းခြုံ၍ ခေါ်ဆိုခြင်းဖြစ်ပါသည်။ Engine Analyser မှာ အဓိကအရေးပါဆုံး ကိရိယာ (၃)မျိုးရှိပါသည် ၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်။

၁။ Multimeter

၂။ Gas Analyser 

၃။ Oscilloscope

Multimeter ခေါ် Multitester ကတော့ ကားမဂ္ဂင်းနစ်တွေအတွက် အလွန်အသုံးဝင်တဲ့ကိရိယာလေးဖြစ်တယ် အမြဲတမ်းလည်းဆောင်ထားသင့်တဲ့ ကိရိယာ လို့ပြောရင်မှားမယ်မထင်ပါဘူး ၊ Electrical နဲ့ဆိုင်တဲ့ ပစ္စည်းတွေအတွက် Ohm တိုင်းမလား ၊ Voltage တိုင်းမလား အစသဖြင့် တော်တော်လေးအသုံးဝင်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါသည် အများအားဖြင့် Electrical equipment ၊ Motor Control ၊ Domestic appliances ၊ Power supples တွေနဲ့ Wiring system တွေကို Fault ရှာတဲ့အခါမှာ အများအားဖြင့် အသုံးပြုကြပါသည် ကားတွေမှာဆိုရင် wiring system တွေကို Troubleshoot လုပ်တဲ့အခါမှာ အသုံးပြုလေ့ရှိပါသည်။ Multimeter မှာ ယေဘုအားဖြင့် Analog နဲ့ Digital နှစ်မျိုးရှိပေမဲ့ ကားဆရာများအကြိုက်တော့ Digital ပါ အဆိုပါ Digital ကတော့ အသုံးပြုရ ပိုမိုလွယ်ကူသလို ပြစ်ချက်ရှာတဲ့အခါမှာ ပိုမိုရိုးရှင်းကြပါသည်။

နောက်တစ်မျိုးဖြစ်တဲ့ Gas Analyser ကိုတော့ တန်ဖိုးကြီးတဲ့ ကားဝပ်ရှော့တိုင်းမှာ မြင်တွေ့ရဖို့ခက်ခဲတဲ့ ပစ္စည်းတစ်မျိုးပါ သူ့ရဲ့ လုပ်ဆောင်ပုံကတော့ CO လို့ခေါ်တဲ့ Carbon monoxide စတဲ့ အန္တရယ် Gas တွေကို စစ်ဆေးတာတွေ အပြင် အင်ဂျင်ထဲမှာ ပေါက်ကွဲမှု မှန် မမှန် စတာတွေကိုတပါထဲ စစ်ဆေးတာပဲ ဖြစ်သည် ၊ Gas Analyser နဲ့ မစစ်ဆေးပဲ အင်ဂျင်သံ မှန်မမှန်ကို သိနိုင်တဲ့ ကိရိယာတွေ ယခုနောက်ပိုင်းပေါ်နေပါပြီ ဒါကြောင့် Gas Analyser ရဲ့အလုပ်က Emission ကို Test လုပ်တဲ့နေရာတွေမှာ အဓိက သုံးပါသည် ယခုနောက်ပိုင်းကားတွေမှာပါတဲ့ Emission System တွေ မကောင်းရင်လဲ အဆိုပါ Analyser နဲ့ စစ်ဆေးတဲ့အခါ အဖြစ်မှန်ကိုအတိကျသိနိုင်ပါတယ် ဒီလိုစက်တွေကို ကားစစ်ဆေးတဲ့ ဌာနတွေမှာပဲ အသုံးပြုလေ့ရှိပါသည်။

Oscilloscope ကိုတော့ Electrical သီးသန့် Fault တွေကို အသုံးပြုရန်အတွက် တီထွင်ခဲ့တာဖြစ်ပါသည် ယခုနောက်ပိုင်းမှာတော့ ကားတွေမှာလဲ oscilloscope ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပါသည် ၊ ကားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Fault တွေက Engine ပိုင်း ၊ Gearbox ပိုင်း Chassis ပိုင်း ဆိုတာထက် Electrical ပိုင်းတွေ အဖြစ်များတဲ့ အတွက် Wiring ပိုင်းတွေကို Details Troubleshoot လုပ်တဲ့နေရာမှာ Scopemeter ဆိုပြီး ခေါ်ဝေါ်ကာသီးသန့် အသုံးပြုလာခဲ့ပါသည် နောက်ပြီး ကားတွေမှာဆိုရင်တော့ Sensors တွေနဲ့ Actuators ကို Test လုပ်တဲ့ နေရာတွေမှာပဲ အဓိက သုံးလေ့ရှိပါသည်။

ဒီနေရာမှာ Multimeter နဲ့ Oscilloscope တို့ရဲ့ အသုံးပြုပုံနှင့်ကွာခြားပုံလေးကို အနည်းငယ်ပြောပြရရင် Multimeter ဟာ Ohm တွေ Current တွေနဲ့ Voltage နဲ့ Temperature နှင့် Continuity စတာတွေကို အဓိက တိုင်းတာဖြစ်ပြီး Oscilloscope ကတော့ အမြဲတမ်းပြောင်းလဲနေတဲ့ wavefrom တွေကို တိုင်းတာခြင်းပဲ ဖြစ်ပါသည် ဒါ့အပြင် ဈေးနှုန်းအရ နှိုင်းယှဉ်ပြန်လျှင်လည်း Multimeter နဲ့ Scopemeter ရဲ့ ဈေးနှုန်းက ထက်ဝက်ကွာပါသည် သို့ပေမဲ့ လုပ်ဆောင်ချက်ကတော့ သူ့အခန်းဏ္ဍနှင့်သူရှိနေတာပဲဖြစ်ပါသည်။

Source:Y.M.T

Read 517 times