ထိုင်းရဲ့ ပထမဆုံး လျှပ်စစ် မီနီထရပ်များ ဘတ် ၇ သိန်းကျော်ဖြင့် စတင်ရောင်းချ


 

ထိုင်းရဲ့ ပထမဆုံး လျှပ်စစ် မီနီထရပ်များ ဘတ် ၇ သိန်းကျော်ဖြင့် စတင်ရောင်းချ

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

ထိုင်းနိုင်ငံမှ Energy Absolute (EA)က စီးပွားရေးလုပ်ငန်းများ သယ်ယူပို့ဆောင်ရေးစရိတ်စကများကို လျှော့ချ‌ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော လျှပ်စစ်မီနီထရပ်ကားကို စတင်ရောင်းချပါတယ်။
အနိမ့်ဆုံးဈေးနှုန်း ဘတ် 748,500 ဖြစ်ပါတယ်။

 

MT30 ထရပ်ကားမော်ဒယ်တွင် 30Kw/h လလီသီယမ်အိုင်ယွန်းဘက်ထရီ တပ်ဆင်ပေးထားပြီး EA လက်အောက်ခံ ထိုင်းလုပ်ငန်း Amita Technology က ထုတ်လုပ်ပေးပါတယ်။ အားအပြည့်သွင်းပြီးရင် ခရီးတာ ၂၀၂ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ 
EA Anywhere DC အားသွင်းရုံများမှာ အားသွင်းနိုင်ပါတယ်။ အား ၃၀% ခန့်မှ ၈၀% သို့ အားဖြည့်ဖို့ အချိန် ၁၅ မိနစ်သာ ကြာပါတယ်။
မီနီထရပ် အလျား 4,585mm ၊ အကျယ် 1,750mm ၊ အမြင့် 1,940mm ရှိပါတယ်။ ကုန်တင်ဖို့ ကြမ်းခင်းက 2.5x1.58 metres ဖြစ်ပါတယ်။

 


MT30 ဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ထုတ်လုပ်သော လျှပ်စစ်မီနီထရပ်ကား ဖြစ်ပါတယ်။ 
MT30 ကို EA ရဲ့ လက်အောက်ခံလုပ်ငန်း Mine Mobility Corporation မှ ဒီဇိုင်းထုတ်ပေးပါတယ်။ Chachoengsao မှာ တည်ရှိတဲ့ ၎င်းရဲ့ ကားစက်ရုံမှာ ထုတ်လုပ်ပါတယ်။ 


MT30 ဟာ ရာနှုန်းပြည့် လျှပ်စစ်ကား ဖြစ်တာကြောင့် သုံးစွဲသူတွေကို ကုန်စည်ပို့ဆောင် စရိတ်သက်သာစေတဲ့အပြင် လေထုညစ်ညမ်းမှုလည်း လျော့နည်းစေပါတယ်။
ကိုယ်ထည်အရောင် ရိုးရိုးပုံမှန်ဆိုရင် ရောင်းဈေး ဘတ် 748,500 ဖြစ်ပါတယ်။
pastel အရောင်ဆိုရင် ရောင်းဈေး ဘတ် 766,500 ဖြစ်ပါတယ်။ pastel အရောင်  ၆ မျိုး ရွေးချယ်နိုင်ပါတယ်။ 
solid white, 
pastel yellow/white, 
pastel pink/white, 
pastel sky blue/black, 
pastel green/black,
pastel gray/black
တို့ ဖြစ်ပါတယ်။
 

အဆိုပါ စျေးနှုန်းများဟာ အီးဗီ ဝယ်သူတုိင်းအတွက် အစိုးရမှပေးသော ဘတ် 150,000 လျှော့စျေးတွင် ပါဝင်ပြီးသားဖြစ်ပါတယ်။
Source THE NATION

 

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

Read 9953 times