လက်/ညွှန်နှင့်အောက် ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း


လက်/ညွှန်နှင့်အောက် ဝန်ထမ်းများ ကားဝယ်ယူခွင့်အတွက် အဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်/ညွှန်နှင့် အောက်ဝန်ထမ်းများကို ပါမစ်လျှောက်ထားခွင့်ပြုရာတွင် ပထမအဆင့်အနေဖြင့်  မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ အမြဲတမ်း အတွင်းဝန် လက်မှတ်ထိုးသောစာ ပါရှိလျှင် အရောင်းပြခန်းမှ ဝယ်ယူခွင့်စလစ်ထုတ်ပေးမည် ဖြစ်သည်။ ထိုစလစ်ကို သက်တမ်းခြောက်လ ပေးထားမည်ဖြစ် ပြီး ထိုကာလအတွင်း ကြိုက်နှစ်သက်ရာ ကားအရောင်းပြခန်းနှင့် ချိတ်ဆက်၍ ၁၃၅၀ စီစီနှင့်အောက် CIF တန်ဖိုး ကျပ်သိန်းသုံးရာနှင့် ညီမျှသော ကြိုက်နှစ်သက်ရာ ကားအမျိုးအစားကို တင်သွင်းရမည်ဖြစ်သည်။ 
ဒုတိယအဆင့်အနေဖြင့် ကားရောက် ရှိလာပါက သက်ဆိုင်ရာ Showroom များမှ Chassis နံပါတ်၊ လိုင်စင်မိတ္တူဖြင့် စီးပွား/ ကူးသန်းတွင် ဝယ်ယူခွင့်ပါမစ်လျှောက်ရမည် ဖြစ်သည်။

Showroom များသည် ၎င်းတို့၏ဝန်ထမ်းများကို ထုတ်ပေးနိုင်သော ID၊ လိုင်စင်တို့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကားမှာယူလျှင် လေးလနီးပါးကြာမြင့် မည်ဖြစ်ပြီး ဝန်ထမ်းများကို အရောင်းပြခန်း ဝယ်ယူခွင့်ပုံစံ သတ်မှတ်ချက်တွေအတိုင်း ဆောင် ရွက်လျှင် ဝန်ထမ်းများ အ ခက်အခဲဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့် အထောက်အထားမှ မတောင်းတော့ဘဲ မှတ်ပုံတင်မိတ္တူ၊ သန်း ခေါင်စာရင်းမိတ္တူ၊ အမြဲတမ်းအတွင်းဝန် လက်မှတ်ထိုးတဲ့စာများကါလျှင် စီးပွား/ကူးသန်းတွင် လျှောက်ထားနိုင်ပြီဖြစ်သည်။ စီးပွား/ကူးသန်းအနေနဲ့ အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်ပေးမည်ပြီး ပထမ အဆင့်အနေနဲ့ ဝန်ထမ်းများကို အရောင်းပြခန်းမှ  ကားဝယ်ခွင့် စလစ် ထုတ်ပေးပြီး၊ ထိုစလစ်တွင်  Showroom၊ ကားအမျိုးအစားနဲ့  မော်ဒယ် သတ်မှတ်ချက်များ မပါဝင်ပေ။

သို့သော် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ မိုဒယ် ၁၃၅၀ စီစီအောက် CIF တန်ဖိုး ကျပ်သိန်းသုံးရာထက် မများတဲ့ ကားကို ကြိုက်နှစ်သက်ရာ အရောင်းပြခန်းနဲ့ချိတ်ပြီး ခြောက်လအတွင်း ဝယ်ယူရမည်ဖြစ်သည်။ ကားရောက်လျှင် Chassis နံပါတ် လိုင်စင်တွေ၊ ID တွေနဲ့ ပြန်လည်လျှောက်ရမည်ဖြစ်သည်။ ဤကဲ့သို့ လျှောက်ထားလာသောအခါ ဝယ်ယူခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ပြီး ကညနတွင် ဆက်လက် မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းပါမစ်များ ထုတ်ပေးရာတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် အောက်အဆင့်အတွက် ပါမစ်လျှောက်ထားရာ၌ ယခင် ကြေညာချက်တွင် ပါဝင်သည့် ID နှင့် ပါမစ်တင်ပြရမည်ဆိုသည့် အချက်ကို ဖြေလျှော့ပေးထားသည်။

Ref : automobile

Read 416 times