Emission Control System - Diesel Perticulate Filter (DPF system)


Diesel Engine တွေမှာ Emission Control System အတွက် Exhuast Gas Filter တွေကို Euro 4 engine တွေက စတင်ပြီး အသုံးပြုလာခဲ့ပါတယ် ၊ Diesel Engine တွေဟာ Gasoline Engine ထက် Emission ပိုထွက်ပါတယ်။

Diesel Engine တွေရဲ့ Exhaust Gas ထဲမှာ အောက်ပါ အန္တရာယ် ရှိတဲ့ ဓာတ်ငွေ့တွေပါဝင်ပါတယ်။

(1) NOx (Nitrogen Oxide)

(2) CO (Carbon monoxide)

(3) HC (Hydrocarbon)

(4) PM (Particulate Matter or Soot) စတဲ့ ဓာတ်ငွေ့တွေ ထွက်ပါတယ်။

ဒီနေရာမှာ Diesel Particulate Filter ရဲ့ အလုပ်က PM (Soot) တွေကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ Diesel Engine မှာ Filter အမျိုးမျိုးရှိတယ်။ အဲ့ဒါတွေကတော့ Air Filter , Fuel Filter , Engine Oil Filter , Fan Oil Filter , Gear Oil Filter အစသဖြင့် Filter တွေ အများရှိပါတယ် ၊ Filter တွေကိုလဲ အသုံးပြု တဲ့ ပစ္စည်းပေါ် မူတည်ပြီး ပြုလုပ်တဲ့ ပစ္စည်းလဲ ကွဲပါတယ်။ Oli Filter တွေ စက္ကူ အထူသားနဲ့ ပြု လုပ်ကြပါတယ် Oil Filter ချင်းတောင် အတူတူ သုံးလို့ မရပါဘူး။ Gear Oil ရဲ့ Filter က ပုံစံ တမျိုး ၊ Engine Oil ရဲ့ Filter က ပုံစံ တမျိုး သူ့ မော်ဒယ်နဲ့ သူ ကွဲပြား ခြားနားပါတယ်။

Diesel Engine မှာလဲ သူ့မှာ ထွက်တဲ့ Exhaust Emission မှာ ပါတဲ့ မီးခိုးငွေ့ တွေ အမှုန့် အမွှားတွေကို Filter နဲ့ စစ်ထုတ်ပါမယ်။ အဲ့ဒီ Fliter ကတော့ အများသိကြတဲ့ Diesel Particulate Filter ပါပဲ ၊ DPF နဲ့ ဘယ်လို စစ်ထုတ်မှာလဲ ? Exhaust Gas တွေဟာ Exhaust pipe ကနေ တဆင့် DPF tube ရဲ့ inlet ထဲကို ဝင်လာမယ် ၊ Tube ထဲမှာ Filter ( ၂ ) ထပ်ရှိပါတယ်။ ဝင်လာတဲ့ Exhaust Gas တွေထဲမှာပါတဲ့ PM ( Soot ) တွေဟာ DPF ထဲမှာ ကျန်ခဲ့မယ်။ သို့ပေမဲ့ ကျန်တဲ့ ဓာတ်ငွေ့ များဖြစ်တဲ့ < NOx , CO , HC > ဓာတ်ငွေ့ တွေကတော့ Tube ရဲ့ Outlet ထဲကနေ တဆင့် DOC system ( Diesel Oxidation Catalytic ) ထဲကို ဆက်လက် ထွက်သွားမယ်။

DPF System ထဲမှာ ဘာတွေပါလဲဆိုရင်....

(1) Inlet Section

(2) Pre-filter section

(3) DPF section

(4) V-Band Clamps

(5) Outlet Section

(6) Backpressure Sensor

(7) Exhaust Gas Temperature Sensor ( EGTS )

(8) Small Electronic Control Module ( SECM )

 

DPF system ကို MAN TGX truck တွေမှာ 2005 လောက်ကတည်းက စတင် အသုံးပြု နေတာ တွေ့ရပါတယ်။ Euro 4 series ပေါ့ MAN truck တွေရဲ့ Emission Control System ကတော့ မြင့်ပါတယ်။ သူမှာပါတာက SCRT system >>>

SCRT = CRT + SCR နှစ်ခုပေါင်းထားတာပါ အဲ့ဒါ အားလုံးပေါင်းကို Emission Control System တစ်ခုပါပဲ အဲ့ထဲမှာ DOC , DPF , Adblue System , SCR system ဆိုပြီး Exhaust Silencer ထဲမှာ သူအကန့်သူ ထည့်ထားပါတယ်။ ကဲထားပါ DPF system ဆက်သွားရအောင်ပါ။

DPF Tube ထဲမှာ ရှိတဲ့ Diesel Particulate Filter ကို Silicon Carbide နဲ့ Cordierite နှစ်ခုကို ပေါင်းစပ်ထားတဲ့ Metal Fibers Filter ကို သုံးထားပါတယ်။ အဲ့ဒီ Filter ကနေ Soot တွေကို ဖယ်ထုတ်ပေးပါတယ်။ အရေးကြီးဆုံး အချက်က Filter တိုင်းဟာ Maintenance အထူးပဲ လိုအပ်ပါတယ်။ သူလဲ Filter တစ်မျိုးဖြစ်တဲ့အတွက် Maintenance လိုအပ်ပါတယ်။ အကယ်၍ မကောင်းရင်လဲ လဲပေးရပါမယ်။

Credit ; Ko Saw Naing Tun

Read 864 times