အရေးပေါ်လူနာတင်ယာဉ် ပေါ်ပေါက်လာခြင်း တစ်စေ့တစ်စောင်း


လူနာတင်ယာဉ် ( Ambulance ) ဆိုသည်မှာ နေထိုင်မကောင်းသူ (သို့) ထိခိုက်ဒဏ်ရာရသူအား ဖြစ်သည့် နေရာမှ ဆေးကုသမှု ခံယူနိုင်ရန်အတွက် ဆေးရုံ(သို့) ကုသပေးနိုင်သည့် နေရာသို့ ပို့ဆောင်ပေးရသော ယာဉ်ဖြစ်ပါသည်။

ယာဉ်ပေါ်တွင် လူနာအား ဆေးရုံတွင် ဆေးကုသမှုပေးသကဲ့သို့ ပြုစုကုသပေးနိုင်သော ယာဉ်ဖြစ်ပါသည်။

လူနာတင်ယာဉ်ဟူသော ဝေါဟာရကို လက်တင်ဘာသာစကားမှ “အင်ဗျူလာ” Ambulare မှဆင်းသက်လာပြီး “to walk or move about” ဟု အဓိပ္ပာယ်ရပါသည်။

သမိုင်းမှတ်တမ်းများအရ ပထမဆုံးလူနာတင်ယာဉ်ကို ၁၄၈၇ ခုနစ်က စပိန်တွင် စတင်အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် စက်တပ်လူနာတင်ယာဉ်များ တီထွင်လာခဲ့ပါသည်။

အခြားယာဉ်များနှင့်မတူပဲ အချက်ပြမီးနှင့် ဥဩသံကို အသုံးပြုခွင့်ပေးထားပါသည်။

လူနာတင်ယာဉ်ပေါ်မှ လူနာ၏ အခြေအနေပေါ်မူတည်ပြီး မီးအချက်ပြမှုနှင့် အသံပေးမှုပြုထားပါသည်။

အချက်ပြမီးနှင့် ပတ်သတ်ပြီး နိုင်ငံအလိုက်သတ်မှတ်ချက်များ ရှိကြပြီး အများအားဖြင့် ရဲကားများတွင် အနီနှင့် အပြာရောင်၊ မီးသတ်ကားတွင် အနီရောင်၊ ဆေးဘက်ဆိုင်ရာ လူနာတင်ယာဉ်များတွင် အနီရောင်နှင့် အဖြူရောင်၊ နာရေးသယ်ပို့ကားများတွင် ခရမ်းရောင်၊ လုံခြုံရေးအေဂျင်စီများတွင် အစိမ်းရောင်စသည့်ဖြင့် အသုံးပြုကြပါသည်။

မီးရောင်နှင့် အတူအချက်ပေးကိရိယာကိုလည်းအသုံးပြုနိုင်ပြီး အများပြည်သူအထိတ်တလန့်မဖြစ်စေရန်နှင့် စာသင်ကျောင်းများ၊ ဆေးရုံများတွင် အချက်ပေးဥဩသံများကို မသုံးရန်တားမြစ်ထားပါသည်။

လူနာတင်ယာဉ်ပေါ်တွင် ယာဉ်မောင်းအပြင် လူနာတင်ယာဉ်၏ အဆင့်အတန်းအလိုက် ဆရာဝန်၊ အကူသူနာပြု နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အနိမ့်ဆုံးရှေးဦးသူနာပြုစုသူများ၊ အသက်ကယ်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းကိရိယာများကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်သူများ ပါရပါသည်။

လူနာတင်ယာဉ်နှင့် လူနာပို့ဆောင်ရာတွင် အခြေအနေ(၂) မျိုးရှိသည်။

အရေးပေါ်လူနာပို့ဆောင်ခြင်းနှင့် အရေးပေါ်မဟုတ်သောလူနာပို့ဆောင်ခြင်းတို့ဖြစ်ပါသည်။

သွေးဆုတ်၊ သွေးလန့်နေသူ၊ သတိမေ့မြောနေသူ၊ သွေးထွက်လွန်နေသူ၊ နှလုံးရပ်သွားသူ၊ လေဖြတ်သူတို့ကို အရေးပေါ်လူနာအဖြစ်သတ်မှတ်ပါသည်။

ဆေးရုံအချိန်မီရောက်ရှိရန်အတွက် အချက်ပြမီးနှင့် အချက်ပေးသံကို လိုအပ်သလို အသုံးပြုရပါသည်။

သာမန်ဖျားနာသူ၊ နာတာရှည်ရောဂါသည်များ ၊ ဆေးရုံဆင်းလူနာများ၊ သယ်ယူပို့ဆောင်ခြင်းမှာ အရေးပေါ်မဟုတ်သော ပို့ဆောင်ခြင်းမျိုးဖြစ်ပါသည်။

ရှေးဂရိဆေးပညာရှင်များက လူနာတင်ယာဉ်တွင် တပ်ဆင်ရန်အတွက် ရှေးဂရိတို့၏ ရောဂါပျောက်ကင်းခြင်း အမှတ်အသားဖြစ်သည့် “ ခြောက်ထောင့်ကြယ် အမှတ်အသား” “ six points on the star of life” ကို သတ်မှတ်ခဲ့ကြပါသည်။

ခြောက်ထောင့်ကြယ် အမှတ်အသား၏ အလယ်တွင် ဆေးတောင်ဝှေးကို မြွေက ရစ်ပတ်နေသည့်ပုံကို ထည့်ထားပါသည်။

အမှတ်အသား၏ အခြေခံ ရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုပေးခြင်းပင်ဖြစ်ပါပြီး လူနာ၏ အသက်နှင့် ကိုယ်ခန္ဓာတည်မြဲနေစေရန်၊ ထိခိုက်အနာတရ ထပ်မံဖြစ်ပွား မှုမှ ကာကွယ်ရန်နှင့် အမြန်ဆုံးပြန် လည်ကောင်းမွန်စေရန် ဖြစ်ပါသည်။

ခြောက်ထောင့်ကြယ်၏ ထောင့်တစ်ခုစီတွင် လုပ်ဆောင်ချက်တစ်ခုစီရှိပါသည်။

(၁) စောလျင်စွာ စူးစမ်းရှာဖွေဖော်ထုတ်ခြင်း (Early detection)၊

(၂) စောလျင်စွာ သတင်းပို့ပေးခြင်း (Early reporting)

(၃) စောလျင်စွာ တုံ့ပြန်မှုပေးခြင်း( Early response)

(၄) ဖြစ်စဉ်ပေါ်တွင် ပြုစုပေးခြင်း ( On scene care)

(၅) သယ်ဆောင်သွားစဉ် စောင့်ရှောက်မှုပေးခြင်း( care in transit)

(၆) ပြုစုကုသမှုခံနိုင်ရန် လွှဲပြောင်းပေးခြင်း ( Transfer to definitive care)တို့ဖြစ်ပါသည်။

ထိုကြောင့် လူနာတင်ယာဉ်ပေါ်ရှိ တံဆိပ်အမှတ်အသားသည် လေးနက်သည့်သဘောကို ဆောင်သည့် သင်္ကေတတစ်ခုဖြစ်ပါသည်။

လူနာတင်ယာဉ်များတွင် ကြက်ခြေနီအမှတ်အသားမတပ်ဆင်သင့်ပေ။ ကြက်ခြေနီအမှတ်အသားသည် နိုင်ငံအစိုးရများ သဘောတူလက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ အများသဘောတူစာချုပ်အရ စစ်မက်ဖြစ် ပွားနေချိန်၊ အေးချမ်းမှုမရှိသည့် ကိစ္စများဖြစ်ပွားနေချိန်တွင် လူနာနှင့်ေ ဆးဝန်ထမ်းများက ဆေးရုံနှင့် လူနာ တင်ယာဉ်များအား အကာအကွယ်ရစေရန် တပ်ဆင်သည့် အမှတ်အသားဖြစ်ပါသည်။

ကြက်ခြေနီအဖွဲ့နှင့် ပတ်သတ်သော အရာများတွင်သာ တပ်ဆင်ခွင့်ရှိပြီး ကြက်ခြေနီမဟုတ်သည့် မည်သည့် အရာများတွင် ရေးဆွဲတပ်ဆင်ထားပါက အလွဲသုံးစားမှု ( Misused ) အဖြစ် သတ်မှတ်ပါသည်။

လူနာတင်ယာဉ်၏ အခြေခံသဘောတရားများ၊ လူနာတင်ယာဉ်တံဆိပ်က အစ အဓိပ္ပာယ်ရှိပုံ၊ အရည်အချင်းပြည့်ဝစွာ ပြုစုစောင့်ရှောက်မှု၊ တို့ကို ဗဟုသုတရဖွယ် ဖတ်ရှုလိုက်ရမည်လို့ ယုံကြည်ပါသည်။

 

Read 1831 times