ယာဉ်များအားလုံး ဘဏ္ဍာရေးနှစ် မကုန်ခင် ဖောင်းကြွနံပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်ရမည်


ယာဉ်များအားလုံး ဘဏ္ဍာရေးနှစ် မကုန်ခင် ဖောင်းကြွနံပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်ရမည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယာဉ်များအားလုံး ဘဏ္ဍာရေးနှစ် ကုန်ဆုံးမည့် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက် မတိုင်ခင် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်ရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

 


မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်ရန်အများပြည်သူသို့ အသိပေးနှိုးဆော်ချက်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်ဖောင်းကြွ နံပါတ်ပြားတွင် မြို့နယ်ကိုယ်စားပြုဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ကို ထပ်တိုးထည့်သွင်းရိုက်နှိပ်လျက် မော်တော်ယာဉ် ဖောင်းကြွနံပါတ်ပြားပုံစံအသစ်အား (၁-၇-၂၀၂၁) ရက်နေ့မှစတင်၍ မှတ်ပုံတင် မော်တော်ယာဉ်များတွင် ပြောင်းလဲတပ်ဆင်ဆောင်ရွက်ပေးလျက် ရှိပါသည်။

လက်ရှိတွင် ကနဦးမှတ်ပုံတင်ယာဉ်များ၊ နယ်ဝင်/ အမည်ပြောင်း/ လိပ်စာပြောင်း/ အင်ဂျင်ပြောင်း/ ဆေးရောင်ပြောင်း/ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်ပျောက်/ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်ပျောက်ယာဉ်များနှင့် နှစ်လဲ သက်တမ်းတိုးမော်တော်ယာဉ်များအားလုံးကို ဖောင်းကြွနံပါတ်ပြားအသစ်များ မပျက်မကွက် ပြောင်းလဲတပ်ဆင်ပေးလျက်ရှိပါသည်။

မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင် ခြင်းအား အချိန်တိုအတွင်း မြန်ဆန်စွာရာနှုန်းပြည့်ပြီးစီးစေရေးအတွက် နိုင်ငံပိုင် ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၊ တက္ကစီယာဉ်များ၊ ကုန်တင်ယာဉ်များအားလုံးသည် (၃၁.၃.၂၀၂၃) ရက်နေ့အပြီး သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများနှင့် ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြားအသစ်များပြောင်းလဲတပ်ဆင်ကြရန်ဖြစ်ပါသည်။ ထို့ပြင် ပုဂ္ဂလိကမော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် နှစ်လဲသက်တမ်းတိုးချိန်တွင် ဖြစ်စေသက်တမ်းတိုးချိန်မတိုင်မီဖြစ်စေ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများနှင့်ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန် ပြောင်းလဲတပ်ဆင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1160 times