ဖောင်းကြွနံပါတ်ပြား အချိန်ပို ဆင်း၍ လက်ခံဆောင်ရွက်ပေးသွားမည်


ဖောင်းကြွနံပါတ်ပြား အချိန်ပို ဆင်း၍ လက်ခံဆောင်ရွက်ပေးသွားမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဖောင်းကြွနံပါတ်ပြား ပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းနှင့်စပ်လျဉ်း၍ လာမည့်ရုံးပိတ်ရက်ရှည် ကာလအတွင်း အချိန်ပိုဆင်းရုံးဖွင့်လှစ်၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ကညန မှ အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


အသိပေးကြေညာခြင်း

ကညနတွင် မှတ်ပုံတင်ထားသည့် . မော်တော်ယာဉ်များအားလုံး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် များ ရာနှုန်းပြည့်ပြောင်းလဲတပ်ဆင်ပြီးစီးရေးအတွက် လုပ်ငန်းပမာဏများပြားသည့် ရုံးများတွင် ပုံမှန် ရုံးဖွင့်ရက်များ၌ ရုံးချိန်အပြင် အချိန်ပိုဆင်း၍လည်းကောင်း၊ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ရုံးဖွင့်လှစ် အချိန်ပိုဆင်း၍လည်းကောင်း အဆင်ပြေချောမွေ့အောင် လက်ခံဆောင်ရွက်ပေးလျက် ရှိပါသည်။

မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး (၃၁.၃.၂၀၂၃)ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားပုံစံ အသစ် ပြောင်းလဲတပ်ဆင်ရမည်ဖြစ်သော်လည်း ပြောင်းလဲတပ်ဆင်ရန် ယာဉ်အချို့ကျန်ရှိနေသည့် အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလအား ပညာပေးကာလအဖြစ်သတ်မှတ်၍ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့် မော်တော်ယာဉ်ပိုင်ရှင် များအနေဖြင့် ပညာပေးကာလဖြစ်သည့်ဧပြီလအတွင်း အချိန်မီအပြီးဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်း များ အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် လာမည့်ရုံးပိတ်ရက်ရှည်၏ အစောပိုင်းကာလဖြစ်သည့် ၈.၄.၂၀၂၃ ရက်(စနေနေ့)နှင့် ၉.၄.၂၀၂၃ ရက်(တနင်္ဂနွေနေ့)များတွင် (၉:၀၀) နာရီမှ (၁၆:၃၀)နာရီ အတွင်း လုပ်ငန်းပမာဏများပြားသည့် အောက်ပါရုံးများကို အချိန်ပို ဆင်း၍ လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်-

(က) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ 

  • တိုင်းဒေသကြီးရုံး(ရန်ကုန်)၊ 
  • တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၊ 
  • ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊ 
  • ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊ 
  • ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၊ 
  • ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) ။

(ခ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ 

  • တိုင်းဒေသကြီးရုံး(မန္တလေး)၊ 
  • ခရိုင်ရုံး(မန္တလေး တောင်ပိုင်း)၊ 
  • ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)။

သို့ပါ၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့် မော်တော်ယာဉ် ပိုင်ရှင်များအတွက် ၈.၄.၂၀၂၃ ရက် (စနေနေ့)နှင့် ၉.၄.၂၀၂၃ ရက်(တနင်္ဂနွေနေ့)များတွင် ဖော်ပြပါရုံး (၉)ရုံး၌ ဖောင်းကြွရောင်းချခြင်း၊ ထုတ်ယူခြင်းများကို သီးသန့်ကောင်တာများဖွင့်လှစ်၍ အချိန်ပိုဆင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် အချိန်မီ လာရောက်ဆောင်ရွက်နိုင်ပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန



 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 401 times