ဖောင်းကြွနံပါတ်ပြား ဧပြီလကို ပညာပေးကာလဟု သတ်မှတ်


ဖောင်းကြွနံပါတ်ပြား ဧပြီလကို ပညာပေးကာလဟု သတ်မှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖောင်းကြွနံပါတ်ပြား မတပ်ဆင်ရသေးသည့် မော်တော်ယာဉ်များအတွက် ဧပြီလကို ပညာပေးကာလဟု သတ်မှတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပါပါသည်။



မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အချိန်မီပြောင်းလဲတပ်ဆင်ကြရန် အများပြည်သူသို့ ထပ်မံအသိပေးနှိုးဆော်ချက်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး (၃၁-၃-၂၀၂၃) ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ကြရန် အသိပေး နှိုးဆော်ချက်များ ထုတ်ပြန်ပြီး လာရောက်လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအခါ သတ်မှတ်ကာလစေ့ရောက်ပြီဖြစ်သော်လည်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ရန် ယာဉ်အချို့ကျန်ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလအား ပညာပေးကာလ အဖြစ်သတ်မှတ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပညာပေးကာလကျော်လွန်ပါက လိုအပ်သည့်စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ပါ၍ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများသို့ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင် ကြပါရန် ထပ်မံအသိပေးနှိုးဆော်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန


 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 359 times