အီလွန်မတ်စ်က ယာဉ်ကြောကျပ်ခြင်းကို ဥမင်လိုဏ်ခေါင်းလမ်းများဖြင့် ဖြေရှင်းရန် ပြောကြား


အီလွန်မတ်စ်က ယာဉ်ကြောကျပ်ခြင်းကို ဥမင်လိုဏ်ခေါင်းလမ်းများဖြင့် ဖြေရှင်းရန် ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လျှပ်စစ်ကား ထုတ်လုပ်တဲ့ Tesla Inc. ရဲ့ စီအီးအို အီလွန်မတ်စ် G20 ထိပ်သီးအစည်းအ‌ဝေး ဗီဒီယို ပြောဆိုစဉ် မီးပျက်နေခဲ့ပါတယ်။

လူမှုကွန်ရက် ပလက်ဖောင်း Twitter ပိုင်ရှင်သစ် Elon Musk က အင်ဒိုနီးရှား ရိုးရာ ပါတိတ် အင်္ကျီဝတ်ဆင်ထားပြီး မှောင်ထဲထိုင်ရင်း အလင်းရောင်ရဖို့ ပတ်ပတ်လည်မှာ  ဖယောင်းတိုင်များ ထွန်းထားရင်း ဗီဒီယိုဖြင့် G20 ထိပ်သီးအစည်းအ‌ဝေးနှင့်အတူယှဉ်တွဲ ကျင်းပတဲ့ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များ အစည်းအ‌ဝေးကို တက်ရောက်ခဲ့ပါတယ်။ 
သူ့ရဲ့ အနာဂတ်အမြင်ကို ပြောကြားခဲ့ရာမှာ ဂြိုဟ်သားများ၊ မြေအောက်အနက်မှ ဥမင်လိုဏ်ခေါင်းများ၊ ဒုံးပျံခရီးသွားလုပ်ငန်းတို့ကို ပြောကြားခဲ့ပါတယ်။ 
.
စခရင်တစ်ခုလုံး မည်းမှောင်နေပြီး သူ့မျက်နှာနှင့် လက်တွေကိုသာ တွေ့မြင်ကြရပါတယ်။ သူနေထိုင်တဲ့နေရာမှာ ဗီဒီယိုမစခင် ၃ မိနစ်အလိုမှာ မီးပြတ်သွားခဲ့တယ်လို့ သူက ပြောကြားပါတယ်။ 
"ဒီဗီဒီယို မခေါ်ခင် သုံးမိနစ်အလိုမှာ ကျွန်တော်တို့ဆီမှာ ဓာတ်အားပြတ်တောက်သွားခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် လုံးဝအမှောင်ထဲမှာ ရောက်နေတယ်" လို့ သူနဲ့ အမေးအဖြေလုပ်ပေးတဲ့ အင်ဒိုနီးရှားမှ တိုင်ကွန်းသူဌေးကြီး Anindya Bakrie ကို သူက ပြောကြားပါတယ်။ 
.
အပူပိုင်းဒေသ အင်ဒိုနီးရှားမှ  G20 ထိပ်သီးအစည်းအ‌ဝေး ကျင်းပနေတဲ့ ဘာလီကျွန်းကို ဘာလို့ မလာရတာလဲလို့ Anindya Bakrie က မေးမြန်းတဲ့အခါ သူက ဆိုရှယ်မီဒီယာ တွစ်တာကို ရယူလိုက်ပြီးတဲ့နောက်မှာ အလုပ် ဝန်ထုပ်ဝန်ပိုများ မကြာသေးခင်ကစလို့ တိုးလာတာ အတော်များတာကြောင့် လူကိုယ်တိုင် လာဖို့ မဖြစ်နိုင်ကြောင်း အီလွန်မတ်စ်က ရှင်းပြခဲ့ပါတယ်။ 
သူက မြို့ပြတွေမှာ ယာဉ်ကြောကျပ်တဲ့ ပြဿနာကို မြေအောက်လိုဏ်ခေါင်း လမ်းများ ဖောက်ပြီး ဖြေရှင်းပေးနိုင်ကြောင်း၊  မြေအောက်တွင် လိုဏ်ခေါင်းလမ်းများ အထပ်ထပ် အကန့်မရှိ လိုသလောက် ဖောက်နိုင်ကြောင်း၊ ကားတွေ များလျှင် များသည့်အလျောက် မြေအောက်ဥမင်လိုဏ်ခေါင်း လမ်းများ  အရေအတွက် တိုးပြီး ဖောက်လုပ်ခြင်းဖြင့် နောက်ဆုံးမှာ ယာဉ်ကြောကျပ်သည့် ပြဿနာ ပြေပျောက်သွားနိုင်ကြောင်း သူက ပြောကြားပါတယ်။ 
ကမ္ဘာ့တစ်နေရာမှ တစ်နေရာသို့ လေယာဉ်ပျံများဖြင့် သွားလာခြင်းအစား အတက်အဆင်း လုပ်လို့ရနဲ့ ဒုံးပျံယာဉ်များဖြင့် ခရီးသွားလာပါက တစ်နာရီမကြာခင်မှာ ကမ္ဘာ့တစ်ဘက်မှ အခြားတစ်ဘက်သို့ ရောက်နိုင်ကြောင်း သူက ပြောကြားပါတယ်။ အသံရဲ့ အလျင်ထက် အဆ ၂၀ မြန်တဲ့ အမြန်နှုန်းဖြင့် ခရီးသွားနိုင်ကြမယ်လို့ သူက ရှင်းပြပါတယ်။
ဂြိုဟ်သား  alien တို့အကြောင်းကိုလည်း သူက ပြောကြားခဲ့ပါတယ်။ 
"ဂြိုလ်သားတွေရဲ့ လောကတွေကို တွေ့နိုင်သလို လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက တည်ရှိခဲ့ဖူးတဲ့ ဂြိုဟ်သားလောကတွေကိုလည်း ရှာဖွေတွေ့ရှိတာ ဖြစ်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။ 
အီလွန်မတ်စ်က လျှပ်စစ်ကား ထုတ်လုပ်တဲ့ Tesla Inc. ရဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ သူက ယာဉ်ကြောကျပ်တာ ဖြေရှင်းဖို့ ကားပျံတွေဖြင့် သွားလာကြတာထက် ဥမင်လိုဏ်ခေါင်းလမ်းများဖြင့် သွားလာတာက ပိုမိုဘေးကင်းမှာဖြစ်ကြောင်း ပြောကြားပါတယ်။ "ကားပျံဆိုတာက ခင်ဗျားခေါင်းပေါ် ပျက်ကျနိုင်တယ်" လို့ သူက ပြောကြားပါတယ်။ အပေါ်စီးမှ အကုန်မြင်နေရတာကြောင့် ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ရေ လွတ်လပ်မှု ထိခိုက်လိမ့်မည်ဖြစ်ကြောင်း သူက သတိပေးပါတယ်။ 
"ဘယ်မြို့မှာပဲဖြစ်ဖြစ် အဆိုးဆုံးဖြစ်နိုင်ချေရှိသော ယာဉ်ကြောပိတ်ဆို့မှုများအတွက်လျှပ်စစ်ကားများနှင့် ဥမင်လိုဏ်ခေါင်းလမ်းများဟာ အဖြေ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။
.
"ဘာကြောင့်လဲ ဆိုတော့ ယာဉ်ကြောကျပ်တာ မရှိတော့တဲ့အထိ ဖြစ်သွားအောင် ဥမင်လိုဏ်ခေါင်းလမ်းအလွှာတွေ မြေအောက်အနက်မှာ အထပ်ထပ် ဖောက်ပေးလို့ ရတယ်” လို့ သူက ပြောကြားပါတယ်။

 
 "ဒီဗီဒီယိုကို ကျွန်တော် ကြည့်လိုက်တာ ထူးခြားဆန်းကြယ်နေတယ်။ ကျွန်တော်က မှောင်ထဲမှာ  ဖယောင်းတိုင်တွေ ပတ်ပတ်လည်မှာ ထွန်းထားပြီး ထိုင်နေတယ်။ ရယ်စရာ အတော်ကောင်းတယ်" လို့ သူက ပြောကြားပါတယ်။ 
Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 235 times