အီလွန်မတ်စ် တရုတ်ပြည် ခရီးစဉ် စတင်


အီလွန်မတ်စ် တရုတ်ပြည် ခရီးစဉ် စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် တရုတ်နိုင်ငံ ခရီးစဉ် စတင်ခဲ့ပြီး အင်္ဂါနေ့တွင် ပေကျင်းမြို့၌ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။

မတ်စ်သည် ပေကျင်းမြို့သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း Qin Gang နှင့် တွေ့ဆုံခဲ့သည်။

Tesla အပါအဝင် ရင်းနှီးမြုပ်နှံသူများအတွက် စီးပွားရေးပတ်ဝန်းကျင် မြှင့်တင်ရန် တရုတ်နိုင်ငံက သံန္နိဋ္ဌာန်ချထားကြောင်း ချင်ဂန်းက မတ်စ်ကို ပြောကြားခဲ့‌ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Twitter ကိုလည်း ပိုင်ဆိုင်သူ Musk သည် Twitter တွင် ပို့စ်များ အမြဲမပြတ် တင်လေ့ရှိသော်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိပြီးနောက် Twitter ပလက်ဖောင်းပေါ်တွင် တိတ်ဆိတ်နေခဲ့သည်။
တရုတ်နိုင်ငံမှ လူမှုကွန်ရက် ပလက်ဖောင်း Weibo မှ တရားဝင်အကောင့်တွင်လည်း ပို့စ်မတင်ချေ။
မတ်စ်သည် တရုတ် အကြီးတန်း အရာရှိများနှင့် တွေ့ဆုံရန်အတွက်လည်း အစီအစဉ် ရှိပါသည်။
 ရှန်ဟိုင်းမြို့မှ Tesla ၏ အကြီးမားဆုံး ကားစက်ရုံသို့လည်း သွားရောက်မည် ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး အီးဗီဘက်ထရီလုပ်ငန်းကြီး Contemporary Amperex Technology Co., Limited (CATL)၏ ဥက္ကဋ္ဌ Zeng Yuqun နှင့်လည်း ပေကျင်းမြို့တွင် တွေ့ဆုံမည်။ CATL သည် Tesla ကားများအတွက် ဘက်ထရီထုပ်များ  ပေးသွင်းနေသည့် ကုမ္ပဏီ ဖြစ်ပါသည်။

 

 

မတ်စ်သည် ၂၀၁၉ ခုနှစ်တွင် ရှန်ဟိုင်းမှ Tesla စက်ရုံဖွင့်သို့ တက်ရောက်ခဲ့ပြီးသည့်နောက် ၃ နှစ်အကြာတွင် စက်ရုံသို့ ပြန်လည်လာရောက်ခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် လာရောက်ခဲ့စဉ်က ထိုစဉ်က ဝန်ကြီးချုပ် Li Keqiang နှင့် တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်တွင် လက်ရှိဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံမည်ဟု သတင်းဖြစ်ပေါ်ပါသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 346 times