ကုန်သွယ်မှုအတားအဆီးများ မရှိလျှင် ကားကုမ္ပဏီအများစုကို တရုတ်ကားထုတ်လုပ်သူများက "ဖြိုချပစ်မည်"ဟု အီလွ


ကုန်သွယ်မှုအတားအဆီးများ မရှိလျှင် ကားကုမ္ပဏီအများစုကို တရုတ်ကားထုတ်လုပ်သူများက "ဖြိုချပစ်မည်"ဟု အီလွန်မတ်စ် ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တက်စလာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က တရုတ်ကားထုတ်လုပ်သူများသည် ကုန်သွယ်မှုအတားအဆီးများ မရှိပါက ကမ္ဘာ့အခြားကားကုမ္ပဏီအများစုကို "ဖြိုချပစ်မည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

"ယေဘုယျအားဖြင့်တော့ တရုတ်ကားကုမ္ပဏီတွေဟာ ကမ္ဘာပေါ်မှာ အပြိုင်အဆိုင် အရှိဆုံး ကားကုမ္ပဏီတွေပဲ"ဟု သူက ဆိုသည်။

 

"အကောက်ခွန်နဲ့ ကုန်သွယ်မှု အတားအဆီးတွေ ချမှတ်ထားတဲ့အပေါ် မူတည်ပြီး သူတို့ဟာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"ဟု သူက ပြောသည်။ ကုန်သွယ်မှုအတားအဆီးများ မရှိပါက တရုတ်ကားကုမ္ပဏီများက ပြည်ပကားလုပ်ငန်း ပြိုင်ဘက်များကို ပြိုလဲစေသည်အထိ အောင်မြင်မှု ရရှိကြမည် ဖြစ်သည်ဟု မတ်စ်က ပြောကြားသည်။ 

 

"ဒါဆို သူတို့က အရမ်း‌တောာ်ကြတယ်" ဟု သူက မှတ်ချက်ပြုသည်။

တရုတ်ကားလုပ်ငန်းနှင့် စီးပွားဖက်ပြုပြီး လုပ်ကိုင်ရန် အစီအစဉ် ရှိမရှိ မတ်စ်ကို မေးမြန်းရာ၌ သူက Tesla ၏ စူပါအားသွင်းကွန်ရက်ကို အတူတကွ သုံးစွဲခြင်းမှလွဲ၍ Tesla အနေဖြင့် "လက်တွဲရန် ထင်ရှားသောအခွင့်အလမ်း" ကို မမြင်ပါဟု ဖြေကြားသည်။

 

“လျှပ်စစ်ကားကုမ္ပဏီတိုင်းကို ကျွန်‌ေတာ်တို့ရဲ့ စူပါအားသွင်းကွန်ရက် သုံးစွဲခွင့် ဝမ်းမြောက်ဝမ်းသာဖြင့် ပေးပါတယ်။ အပြည့်အဝ ပင်ကိုမောင်းနှင် စွမ်းရည် နည်းပညာကိုလည်း ဝမ်းမြောက်ဝမ်းသာဖြင့် လိုင်စင်ပေးပါတယ်။ အခြား နည်းပညာတွေကိုလည်း လိုင်စင်ပေးပါတယ်" ဟု မတ်စ်က ပြောကြားသည်။

 

BYD သည် တရုတ်ဈေးကွက်တွင် တက်စလာကို အနိုင်ရနေသည့် တက်စလာ၏ အဓိက ပြိုင်ဘက် ဖြစ်နေသော်လည်း

တက်စလာအဖို့ အရေးပါသည့် ဘက်ထရီထုပ် ပေးသွင်းသူ ဖြစ်နေသည်။

 

“ကျွန်တော်တို့ရဲ့ ပစ္စည်းပေးသွင်းသူတွေကို အရမ်းကျေးဇူးတင်တယ်။ Panasonic ဆိုရင် ကျွန်တော်တို့ရဲ့ သက်တမ်း အရှည်ကြာဆုံး ဘက်ထရီထုပ် ပေးသွင်းသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ CATL ထံမှ ယူတယ်။ LG ထံမှလည်း ယူတယ်" ဟု မတ်စ်က ပြောကြားလိုက်ပြီး အတန်ကြာ နှုတ်ဆိတ်နေပြီးမှ သူက "ပြီးတော့ BYD ထံမှလည်း ယူတယ်" ဟု ပြောကြားပါသည်။

Source Asia Nikkei  


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 217 times