လျှပ်စစ်မော်တာ ကားများ ဓာတ်ဆီအင်ဂျင် ကားများထက် လူကြိုက်ပိုများလာ


လျှပ်စစ်မော်တာ ကားများ ဓာတ်ဆီအင်ဂျင် ကားများထက် လူကြိုက်ပိုများလာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဟိုက်ဘရစ်များနှင့် အပြည့်အဝလျှပ်စစ်ကား စစ်စစ်များသည်  ဓာတ်ဆီအင်ဂျင်ကား အမျိုးအစားများထက် ပိုမိုနှစ်လိုဖွယ်ဖြစ်လာကြောင်း ဩဇာကြီးမားသော အမေရိကန် မဂ္ဂဇင်း Consumer Reports က ပြောကြားသည်။

၎င်းမဂ္ဂဇင်း၏ ၂၀၂၄ ခုနှစ်အတွက် ကားအသစ်ဝယ်စီးသူများ၏ ထိပ်တန်းရွေးချယ်မှု မော်ဒယ် ၁၀ ခုတွင် ၇ ခုသည် လျှပ်စစ်မော်တာဖြင့် ကားဘီး လှည့်ပေးသော ကားမော်ဒယ်များဖြစ်သည်။ အင်ဂျင်ဖြင့် ကားဘီး လှည့်ပေးသော ကားမော်ဒယ် ၃ မျိုးသာ ပါဝင်သည်။

 

 

 

 ၎င်းစာရင်းတွင် လူကြိုက်များသည့် Camry ဆီဒင် ဟိုက်ဘရစ် ဗားရှင်းနှင့် Prius အပါအဝင် တိုယိုတာ၏ လျှပ်စစ်မော်တာသုံး မော်ဒယ် ၄ မျိုး ပါဝင်သည်။ 

 

• Tesla Model Y

• Ford  Maverick Hybrid ပစ်ကပ်ထရပ်

• BMW  X5 PHEV 

တို့လည်း ထိပ်တန်း(၁၀) စာရင်းထဲမှာ ပါသည်။

 

အမေရိကန်ဈေးကွက် အိမ်စီးကားများ ရောင်းအားတွင် လျှပ်စစ်မော်တာ သုံးစွဲသည့်ကားများ ရေပန်းစားလျက်ရှိပြီး ယမန်နှစ်က ဈေးကွက်ဝေစု ၁၆.၃% ရရှိသည်ဟု Consumer Reports မဂ္ဂဇင်းက ပြောကြားသည်။

 

ပုံမှန်ဟိုက်ဘရစ်နှင့် ဘက်ထရီသုံး အီးဗီတို့အကြား ကွာခြားချက်တွင် ကြားဝင် နေရာယူသော ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် အီးဗီ plug-in hybrids EV (PHEV) ကို လူကြိုက် ပိုများသည်။ ယမန်နှစ်က PHEV ရောင်းအား ၆၀% ကြီးထွားခဲ့သည်။ 

ထိုသို့ နှစ်သက်ရသည့် အကြောင်းရင်းမှာ ရေရှည်တွင် ဓာတ်ဆီအင်ဂျင်၊ ပုံမှန်ဟိုက်ဘရစ်၊ အီးဗီတို့ထက် စရိတ်စက သက်သာသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 344 times