မော်တော်ယာဉ်လျှပ်စစ်ပြသနာများ စစ်ဆေးရှာဖွေခြင်း


မော်တော်ယာဉ်တစ်စီး လည် ပတ်အလုပ်လုပ်ရန်အတွက် စက်မှု ပိုင်းဆိုင်ရာ အစိတ်အပိုင်းနှင့် Function များအပြင်၊ လျှပ်စစ်ပိုင်း ဆိုင်ရာ ဆားကတ်များ၊ ဝါယာရိန်း များ၊ လျှပ်စစ်ထိန်းချုပ်မှုစနစ်များ ပါဝင်ဖွဲ့စည်းထားသည်။

ကားတစ်စီး တွင်ရှိသော Electrical Devices များ အလုပ်လုပ်နိုင်ရန်အတွက် လျှပ်စစ် ပါဝါ ထောက်ပံ့ပေးရသည်။ အနိမ့်ဆုံး လိုအပ်သော ဗို့အားရရှိမှသာ Function များ ပုံမှန်အလုပ်လုပ်နိုင် ပါမည်။ လျှပ်စစ်ပစ္စည်းတစ်ခု အတွက် ပါဝါထောက်ပံ့သော ဓာတ်စီးပတ်လမ်းတစ်ခုကို ဆားကတ် ဟုခေါ်သည်။ ဆားကတ်များအားလုံး သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေ သည်။

အများဆုံး ဖြစ်လေ့ဖြစ်ထရှိ သော Electrical Problems များမှာ ဗို့အားကျဆင်းခြင်း၊ ဗို့အားအလွန် နည်းပါးခြင်း၊ ဓာတ်စီးပတ်လမ်းတွင် ခုခံမှု (Resistance)များနေခြင်း၊ ဝါယာတစ်ခုနှင့်တစ်ခု အဆက် အသွယ်လွတ်နေ၍ ဆားကတ်များ အလုပ်မလုပ်နိုင်ခြင်း စသည်တို့ဖြစ် သည်။ ကားတစ်စီးတွင် လျှပ်စစ်ပါဝါ ဖြင့် အလုပ်စေခိုင်းနိုင်သော အစိတ် အပိုင်း များစွာပါဝင်သည်။ ကားမီး များ၊ ဝိုင်ဘာ၊ ကားဟွန်း၊ အချက်ပြမီး၊ ပါဝါဝင်းဒိုး၊ Central Lock ပါဝါ ထိုင်ခုံစနစ်၊ ကား Infortainment System, ကား Audio System Cooling Fan, Car Aircon စသည် ဖြင့် များပြားလှသည်။ ယနေ့ခေတ် ပေါ်ကားများတွင် Electical Deivce ပစ္စည်းအမျိုးအစားစုံလင်၍ လျှပ်စစ် ပါဝါကို အသုံးပြုကြသည်။


မော်တော်ယာဉ်လျှပ်စစ် စနစ် များနှင့် သက်ဆိုင်သော ပြုပြင်စစ် ဆေးမှုများ ပြုလုပ်တော့မည်ဆိုလျှင် safety ကိုအစဉ်အမြဲဦးစားပေးစဉ်း စားသင့်သည်။ High Voltage အသုံး ပြုသော Ignition System နှင့် Hybrid ကားများတွင် ှSafety သည် အရေးကြီးသည်။ High Voltage များ သည် လူ့အသက်ခန္ဓာအတွက် အန္တရာယ်ရှိ၍ ၎င်းပစ္စည်းများကို ကိုင်တွယ်ရာတွင် သတ်မှတ်ထား သော စည်းကမ်းများကို လိုက်နာသင့် သည်။ ခေတ်ပေါ်ကားများတွင် ဘက် ထရီအဆက်များမဖြုတ်မီ ကွန်ပျူတာ စနစ်မှ Memory များ ထိန်းသိမ်းထား နိုင်ရန်အတွက် PCM သို့ Power Supply ပေးထားရသည်။ ဆေးလိပ် မီးညှိသော (Cigarette Lighter) ပလပ်ပေါက်တွင် 9 Volt အယ်လ်ကာ လိုင်း (Alkaline) ဘက်ထရီနှင့် ဆက် သွယ်ပေးရန် အရေးကြီးသည်။ သို့ မဟုတ်ပါက PCM (Power Control Module) ကို Relearn Setting ပြန် လုပ်ပေးနေမည်ဖြစ်၍ အလုပ်ရှုပ် သည်။


Electrical Circuits တိုင်းတွင် အစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ် နိုင်ရန်အတွက် သတ်မှတ်ဗို့အားလို သည်။ ဗို့အားကျဆင်းလွန်းခြင်း (သို့ မဟုတ်) ဗို့အား လုံးဝမရောက်ခြင်း ဖြစ်ပါက မည်သည့်အလုပ်မျှမဖြစ်ပါ။ ထို့ကြောင့် ကားလျှပ်စစ်ပြဿနာ ရှာ ဖွေခြင်း၏ ပထမအဆင့်မှာ ဆားကတ်ဗို့အားကို စစ်ဆေးခြင်းဖြစ် ပါသည်။ Electrical Device များ၏ ဆားကတ်ဗို့အားကို တိုင်းတာစစ်ဆေး ရန်အတွက် Multi meter (သို့မဟုတ်) ဒီဂျစ်တယ်ဗို့မီတာ တစ်လုံး လိုအပ်ပါ သည်။ အခြား အလွယ်တကူသုံးနိုင် သော စမ်းသပ်ကိရိယာမှာ 12 Volt Test Light မီးဖြစ်ပါသည်။ Test Light ထိပ်ဖျားနှင့် ဆားကတ်ပါဝါ အစကို ထောက်စမ်းကြည့်ပါက မီးလင်းလျှင် ဗို့အားရောက်သည်။ မီး မလင်းပါက ပါဝါလုံးဝမရောက်။ ဆားကတ် Opened ဖြစ်နေကြောင်း သိနိုင်သည်။ ဖျူးစ်ပြတ်နေသလား၊ ဝါယာလွတ်နေသလား၊ Relay ဘူး မကောင်း၍လား အပြစ်ရှိနေသော နေရာကို ဆက်လက်ရှာဖွေနိုင်သည်။

အားနည်းချက်အပြစ်ကို စမ်း သပ်ရှာဖွေရာတွင် Voltmeter သည် အကောင်းဆုံးဖြစ်သော်လည်း Test Light မီးစမ်းကိရိယာပို၍ မြန်မြန် ဆန်ဆန်ရှာဖွေနိုင်သည်။ Electrical Circuit များတွင်သုံးထားသော ဖျူးစ် ( Fuse) များ၊ ဆားကတ်ဘရိတ်ကာ များ (Circuit Brakers) သည် အမှားတစ်စုံတစ်ရာ ဖြစ်လာခဲ့ပါက ဆားကတ်ကို ကာကွယ်ပေးရန် အတွက် တပ်ဆင်ထားခြင်းဖြစ်သည်။ ဖျူးစ်မပြတ်ပါက ဆားကတ်ဝါယာ များလောင်နိုင်သည်။

ဆားကတ်တစ်ခုတွင် ဖျူးစ် လောင်၍ ပြတ်နေသည်ကိုစစ်ဆေး တွေ့ရှိပြီး ယာယီဖျူးစ်တစ်ခုကိုပြန် လည်အစားထိုးကြည့်ရာတွင် အဆင် ပြေသွားပါက ထိုဆားကတ်တွင် နဂိုတည်းက တစ်ခုခုကြောင့် ဖျူးစ်ပြတ် ရခြင်းဖြစ်သည်။ အကယ်၍ ဖျူးစ် အသစ်တစ်ခု အစားထိုးလဲပေးသော် လည်း ထပ်မံ၍ ဖျူးစ်ပြတ်နေပါက ထိုဆားကတ်တွင် အပြစ်တစ်ခုရှိနိုင် သည်။ ဝါယာပေါက်၍ ဘော်ဒီ အပ် ကျနေသလား။ ဝါယာပူးနေသလား။ အပြစ်ရှာကြည့်ပါ။

Circuit Brakers စစ်ဆေးရန် အလွယ်ကူဆုံးနည်းမှာ မူလဆားကတ် ဝါယာလိုင်းကိုမသုံးဘဲ Jamper Wire ဖြင့် Bypass ဆက်သွယ်ကြည့် ခြင်းဖြစ်သည်။ Jumper Wire ဖြင့် အစားထိုးကြည့်သော်လည်း ဆားကတ် Breaker ထပ်မံပြတ်နေ လျှင် ဆားကတ် Breaker အသစ် တစ်ခု လဲလှယ်ပေးရန်သာရှိသည်။

Relay ဘူးသုံးသော ဆားကတ် များတွင် Relay ဘူး Contect Points များမကောင်းတော့ပါက ဆားကတ် လိုင်းတွင် မီးပျောက်ပြီး ပါဝါမရောက် ဖြစ်နေတတ်သည်။ Relay ဘူးကိုစစ် ဆေးပြီး Relay Point မှ မီးမရောက် ပါက Relay ဘူးအသစ်တစ်လုံး အစားထိုး လဲလှယ်ပေးရန်သာရှိသည်။ ပါဝါအသုံးများသော ကားမီးကြီးများ၊ ကားဟွန်းများ၊ ဝိုင်ဘာမော်တာ၊ ပါဝါဝင်းဒိုးမော်တာများတွင် Relay တစ်ဆင့်ခံ၍ ပါဝါပို့ပေးသည်။ Relay ဘူးသည် လျှပ်စစ်သံလိုက်အား သုံး Contect Point ဖြစ်သည်။ ပွိုင့်ထိပ်ဖျားတွင် မီးစားပြီး ပွိုင့် အဆက်ထိ တွေ့မှုအားနည်းလာတတ်သည်။

Relay ဘူးများသည် အသုံးပြုသော အမ်ပီယာအပေါ်မူတည် ၍ အရွယ်စုံ၊ ဆိုက်စုံရှိသည်။ ကားအမျိုးအစား အလိုက် Relay ဘူးဒီဇိုင်းများ ကွဲပြားသည်။ Relay ဘူးများ၏ တည်ရှိပုံကို ကားဝါယာ ရိန်း Diagram တွင် အသေးစိတ်ဖော်ပြ ထားသည်။ ကားတစ်စီးနှင့်တစ်စီး ဝါယာရိန်းဒီဇိုင်းပုံစံများ မတူညီ၍ ပုံသေမှတ်ယူ၍မရပါ။ Wiring Diagram နှင့် ကားတွင် မျက်မြင် တပ်ဆင်ထားသော ဆားကတ်ပုံစံကို လေ့လာပြီး လျှပ်စစ်ပြဿနာများကို ရှာဖွေစစ်ဆေးရသည်။

ကားဝါယာရိန်းတွင် သုံးစွဲ သော ဝါယာများသည် သုံးစွဲသော အမ်ပီယာကိုလိုက်၍ ခံနိုင်ရည်ရှိသော ဝါယာဆိုဒ်ကို ရွေးချယ်သုံးစွဲရသည်။ အမ်ပီယာများပြီး ဝါယာအလုံးသေး နေလျှင် ဗို့အားကျဆင်းသော ရောဂါ ဖြစ်ပြီး ဝါယာပူလာမည်။ ကြာလျှင် ဝါယာရှော့ပ်ဖြစ်ပြီး ကားမီးလောင် နိုင်သည်။ အချို့သောအရည်အသွေး ညံ့ဝါယာများသည် ပြင်ပ ပလပ်စတစ် ကာဘာသာအလုံးကြီးနေပြီး အတွင်း ၌ရှိသော ကြေးဝါယာဂိတ် ( Gauge) မှာ ဂိတ်မပြည့်သော ခိုးထားသော ဝါယာများသာ ဖြစ်နေတတ်သည်။

ကြေးနီပါဝင်မှုလည်း ရာခိုင် နှုန်းနိမ့်ကျပြီး အခြားသတ္ထုများနှင့် ရောစပ်သုံးထားသည်။ အထူးသဖြင့် တရုတ်နိုင်ငံလုပ် ဝါယာအများစုသည် ထိုကဲ့သို့ ဂိတ်မပြည့်မီသော ဝါယာ အညံ့များသာဖြစ်သည်။ ဈေးပေါ သည်။ သို့သော်အရည်အသွေးလုံး၀ စိတ်မချရပါ။ အိမ်သုံးလျှပ်စစ်ပစ္စည်း များတွင် ဂိတ်မပြည့်သောအရည် အသွေးမမီသော ဝါယာများကို အသုံး ပြုထား၍ တရုတ်နိုင်ငံလုပ် လျှပ်စစ် ပစ္စည်းများသည် ခြောက်လပင်အသုံး မခံဘဲ ပျက်စီးနိုင်သည်။ ကံမကောင်း ပါက ဝါယာရှော့ပ်ဖြစ်ပြီး မီးလောင် နိုင်သည်။ ကားဟောင်းများတွင် ဝါယာရိန်းပြန်လိုက်ပါက အရည် အသွေးညံ့ပြီး ဈေးပေါသော ဝါယာ များကို မသုံးမိပါစေနှင့်။

ဝါယာ Gauge Size နှင့် သုံးစွဲ နိုင်သော အမ်ပီယာဇယားမှာ အောက် ပါအတိုင်းဖြစ်သည်။

Wire Size – Ampere

18 – 6

16 – 8

14 – 15

12 – 20

10 – 30

8 – 40

6 – 50

ဝါယာဆိုဒ်နံပါတ် သေးလေ ဝါယာဂိတ် ကြီးလေဖြစ်ပါသည်။ ဝါယာတစ်ချောင်းတွင် ဖြတ်သန်းစီး ဆင်းနိုင်သော အမ်ပီယာပမာဏ သည် ဝါယာဂိတ်ပေါ်တွင်မူတည် သည်။ မိမိအသုံးပြုသော လျှပ်စစ် ပစ္စည်း၏ ပါဝါသုံးစွဲမှုများ၍ အမ်ပီယာများပါက ဂိတ်ကြီးသော ဝါယာအလုံးကြီးသောဝါယာကို သုံးရပါမည်။

လျှပ်စစ်ဆားကတ်တစ်ခု၏ ဗို့ အားကျဆင်းမှုကို တိုင်းတာရန် ဒစ် ဂျစ်တယ် ဗို့မီတာကိုသုံးရပါသည်။ ဗို့ အားကျဆင်းမှုသည် ခုခံမှုများသော ဝါယာရိန်း၊ ချွတ်ယွင်းချက်ရှိသော ဆားကတ်ကြောင့်ဖြစ်ပါသည်။ ဗို့ အားကျဆင်းမှုများသော ဆားကတ် များကို သေချာစွာစစ်ဆေး၍ အပြစ် ချွတ်ယွင်းချက်များကိုရှာဖွေကုစား နိုင်ပါမည်။

ကားလျှပ်စစ် ပြဿနာများ သည် တစ်ခါတစ်ရံ နားလည်ရ ခက်ခဲ သော ပုစ္ဆာတစ်ပုဒ်ဖြစ်နေတတ်သည်။ သင် အဖြေရှာမတွေ့ပါက ကျွမ်းကျင် သော ဝါယာရိန်းဆရာနှင့် ပြသပါ။ အပြစ်ကို ရှာဖွေပါ။ လေ့လာပါ။ ကားဝါယာရိန်း ပြဿနာများသည် မပေါ့ဆသင့်သော အရာဖြစ်ပါသည်။

အထူးသဖြင့် ဓာတ်ဆီကားများတွင် လုံး၀ အမှားမခံသော ပြဿနာဖြစ်ပါ သည်။ ဝါယာရှော့ပ်ဖြစ်၍ မီးလောင် လျှင် ကားတစ်စီးလုံး ဆုံးရှုံးသွားနိုင် ပါသည်။

Source:Y.M.T(facebook)

Read 1483 times