အီးဗီနှင့် အားသွင်းစက် ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု တိုင်ကြားနိုင်


လျှပ်စစ်ကား(Electric Vehicle-EV)များနှင့် အားသွင်းစက်(Charger)များ ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရန်အသိပေးကြေညာခြင်း

၁။ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည်ရွယ်ချက် များနှင့်အညီ စားသုံးသူပြည်သူများအတွက် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့်အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကုစားပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။ စားသုံးသူပြည်သူများ အလွယ်တကူဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်နှင့် တိုင်ကြားနိုင်ရန်တို့အတွက် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center - CICC) ရုံးပေါင်း(၄၈)ရုံးကို ဖွင့်လှစ်ထားသည့်အပြင် Consumer Call Center ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်ခေါ်ဆိုကာ စုံစမ်းမေးမြန်း ခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းတို့ကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ပါသည်။

၃။ သို့ဖြစ်ပါ၍ လျှပ်စစ်ကားများ(Electric Vehicle - EV)နှင့် အားသွင်းစက်(Charger)များအား ဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center ဖုန်းနံပါတ်(၁၅၃၅)သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

(စားသုံးသူရေးရာဦးစီးဌာန)
 

Read 190 times