လျှပ်စစ်မော်တော်ဆိုင်ကယ် ဘက်ထရီ လဲလှယ်/အားသွင်းစခန်းများ စင်ကာပူတွင် စတင်ဖွင့်လှစ်


လျှပ်စစ်မော်တော်ဆိုင်ကယ် ဘက်ထရီ လဲလှယ်/အားသွင်းစခန်းများ စင်ကာပူတွင် စတင်ဖွင့်လှစ်

လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် ဘက်ထရီ "လဲလှယ်ခြင်းနှင့် အားသွင်းခြင်း" စခန်းများကို ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်  Land Transport Authority  (LTA) မှ သောကြာနေ့ (စက်တင်ဘာ ၂ ရက်) တွင် စင်ကာပမှာ စတင်ဖွင့်လှစ်လိုက်သည်။  စင်ကာပူတွင် သန့်စင်-စွမ်းအင်သုံး မော်တော်ယာဉ်အသုံးပြုမှုကို ပိုမိုကောင်းမွန်စွာ လက်ခံကျင့်သုံးရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 

 

အစမ်းသုံး စခန်းနှစ်မျိုးတွင် ထိုင်ဝမ်ကုမ္ပဏီ Gogoro က တစ်မျိုးနှင့် Singapore အခြေစိုက် MO Batteries က တစ်မျိုး လုပ်ကိုင်ပါသည်။ အားကုန်သွားသော လျှပ်စစ်မော်တော်ဆိုင်ကယ်ဘက်ထရီများကို စက္ကန့်ပိုင်းအတွင်း အားအပြည့်ဘက်ထရီဖြင့် အလွယ်တကူ လဲလှယ်နိုင်မည်ဖြစ်သည်။  အဆိုပါ လျှပ်စစ်မော်တော်ဆိုင်ကယ် ဘက်ထရီ လဲလှယ်/အားသွင်းစခန်း ၂ ခမျိုးစလုံးသည် အိမ်တိုင်ရာရောက် ပစ္စည်းပေးပို့သည့် လုပ်ငန်းများမှ လျှပ်စစ်မော်တော်ဆိုင်ကယ်များအတွက် ဖြစ်ပါသည်။ 

Gogoro  က ရင်းနှီးမြှုပ်နှံသည့် ဦးပိုင်ကုမ္ပဏီ Jardine Cycle & Carriage နှင့် အတူ လက်တွဲထားပါသည်။  ပစ္စည်းပေးပို့သည့် လုပ်ငန်းအတွက် Gogoro  က မော်တော်ဆိုင်ကယ်များနှင့် ဘက်ထရီ အလုံးလိုက်လဲလှယ်သည့် ဝန်ဆောင်မှု ပေးအပ်ပါသည်။ စမ်းသပ်ကာလတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီး ၂၀ သုံးစွဲထားပြီး လဲလှယ်ရန် ဘက်ထရီ အလုံး ၁၀၀ သုံးစွဲပါသည်။ Gogoro GoStations ၂ ခု ဖွင့်လှစ်ပေးထားပါသည်။ 

 

MO Batteries က  SingPost နှင့် Prosegur  တို့နှင့် လက်တွဲလုပ်ကိုင်ပါသည်။  ပစ္စည်းပေးပို့သည့် လုပ်ငန်းအတွက် လျှပ်စစ်မော်တော်ဆိုင်ကယ်များနှင့်တကွ ဗဟိုချက် အားသွင်းရုံနှင့် ဘက်ထရီလဲလှယ်စခန်းတို့ ကို ဝန်ဆောင်မှု ပေးအပ်ပါသည်။ စမ်းသပ်ကာလတွင် လျှပ်စစ်မော်တော်ဆိုင်ကယ် ၆ စီး၊ လဲလှယ်ရန် ဘက်ထရီ ၁၄ လုံး၊ အားသွင်းပွိုင့် ၁၄ ခုတို့ကို အသုံးပြုပါသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ် ဘက်ထရီ လဲလှယ်/အားသွင်းစခန်း ၂ ခု ဖွင့်လှစ်ထားပါသည်။ စမ်းသပ်မှုကာလ မှာ ၁၂ လ ဖြစ်ပါသည်။ 

Source CNA

#MyanmarAutomobileGuide

Telegram Channel https://t.me/Guid4U

Read 4935 times