ယာဉ်ကြောကျပ်တည်းမှုကို ဖြေးရှင်းပေးနိုင်မည့် Electric City Car


အီလက်ထရစ်စီးတီးကား (electric city car) ဆိုသည်မှာ မီးခိုးထုတ်လွှတ်မှုမရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ရုံသာမက မြို့ကြီးများတွင် လက်ရှိကြုံတွေ့နေရသော

ယာဉ်ကြောတည်းမှုပြဿနာများကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။

စီးတီးကားသည် Urban all electric concept car အမျိုးအစားဖြစ်ပြီး မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါသည်။

ထိုကားထုတ်လုပ်သော ပရောဂျက်ကို William J.Mitchell ၏ Smart Cities Research Group မှ စတင်ခဲ့ပါသည်။

လက်ရှိတွင် Changing Places Research Group ၏ ဒါရိုက်တာ Kent Larson မှ ဆက်လက်ဦးဆောင်နေခြင်း ဖြစ်ပါသည်။

၂၀၀၃ ခုနှစ်က စတင်ပြီး ဂျင်နရယ်မော်တာ (General Motors) ကားကုမ္ပဏီက ထောက်ပံ့ပေးထားပြီး တိုင်းမ်မဂ္ဂဇင်း၏ ၂၀၀၇ ခုနှစ်အကောင်းဆုံး တီထွင်မှုဆုကို ရရှိထားပါသည်။

စီးတီးကားကို ဟီရီကို (Hiriko) ဟု ခေါ်တွင်ပြီး မော်ဒယ်လ်သုံးမျိုး ထုတ်လုပ်ရန် စီစဉ်ပါသည်။

လူနှစ်ဦးလိုက်ပါစီးနင်းနိုင်ပြီး မောင်းနှင်ရာတွင် မောင်းတံတစ်ခု သို့မဟုတ် အီလက်ထရစ်စတီယာရင် လက်ကိုင်ကို အသုံးပြုပါသည်။

ခေတ်ရှေ့ပြေးဒီဇိုင်းပုံစံဖြစ်ပြီး ယာဉ်၏ အလျား ရှစ်ပေ နှစ်လက်မနှင့် အနံ လေးပေ ၁၁ လက်မ ရှိပါသည်။

အလေးချိန်ပေါင် ၁၀၀၀ ရှိပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၃၁ မိုင်နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

ရပ်တည်နေရာမှ သုံးစက္ကန့်အတွင်း တစ်နာရီ ၃၁ မိုင်နှုန်းအထိ မြှင့်တင်နိုင်ပါသည်။

ရာနှုန်းပြည့် လျှပ်စစ်ကားဖြစ်သည့်အတွက် အင်ဂျင်မပါရှိဘဲ လျှပ်စစ်မော်တာများနှင့် လည်ပတ်စေပါသည်။

ထို့အတွက် လျှပ်စစ်စွမ်းအင်ကို လီသီယမ်အိုင်ယွန်းဘက်ထရီ (lithium-ion battery) မှ ထုတ်လွှတ်ပေးပါသည်။

ထိုဘက်ထရီကို ၁၂ မိနစ်အတွင်းတွင် အားပြန်ဖြည့်သွင်းပေးနိုင်ပါသည်။

ကား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၆၄၀၀ ရှိပြီး ဘာစီလိုနား၊ ဘာလင်နှင့် ဆန်ဖရန်စစ္စကိုမြို့များတွင် စတင်ရောင်းချရန် စီစဉ်ပြီး ထိုမှတစ်ဆင့် ဥရောပစျေးကွက်ကို ဖြန့်ချိမည်ဖြစ်ပါသည်။

ဂျန်နရယ်မော်တာ၏ ရှယ်ယာဝင်များ ဖိတ်ခေါ်ပြီး ပရိုဂရမ်ကို တိုးချဲ့ရန်လည်း စီစဉ်ထားပါသည်။

 

Read 712 times