လွယ်မယောင်နှင့် ခက်နေသည့် အီးဗီ အာမခံ


လွယ်မယောင်နှင့် ခက်နေသည့် အီးဗီ အာမခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဆန်းစစ်သူများအနေဖြင့် ဘက်ထရီ ပြုပြင်စရိတ်ကို ရာဖြတ်ပေးဖို့ အခက်အခဲများ ရှိနေသဖြင့် အီးဗီ ထိခိုက်ဆုံးရှုံးမှုများအတွက် အာမခံ ဝန်ဆောင်မှုကို ထိထိရောက်ရောက် ပေးအပ်ဖို့ မဖြစ်နိုင်သည့် အခြေဆိုက်နေသည်ဟု ယူကေ မော်တော်ယာဉ် အာမခံ လုပ်ငန်းကဏ္ဍမှ ပြောကြားသည်။ 

မော်တော်ယာဉ် အာမခံလုပ်ငန်းများ ဆိုင်ရာ သုတေသနစင်တာ Thatcham Research မှ အမှုဆောင်အရာရှိချုပ် Jonathan Hewett က ထိခိုက်ပျက်စီးသွားသော လျှပ်စစ်ကားဘက်ထရီများကို ပြုပြင်စရိတ်နှင့်ပတ်သက်၍ ဂဃနဏ မသိနိုင်ခြင်းကြောင့် ပရီမီယံကြေးများကို ပိုပိုသာသာ ရယူကြရသည်၊ အချို့အာမခံ လုပ်ငန်းများက ဘက်ထရီအတွက် အာမခံဝန်ဆောင်မှုကို ငြင်းပယ်ထားကြသည်ဟု ပြောကြားသည်။ 

လျှပ်စစ်ကားများသည် ပြုပြင်စရိတ် အထူးစျေးကြီးနိုင်ပြီး ပျမ်းမျှအားဖြင့် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ကားများထက် ပြုပြင်စရိတ် လေးပုံတစ်ပုံခန့် ပိုကုန်ကျနိုင်သည်။

လျှပ်စစ်ကားများသည် အသေးစား ယာဉ်တိုက်မှု ဖြစ်ပွားပြီးသည့်အခါ စိတ်မချရသည့် အခြေအနေသို့ ရောက်သွားသည်။ ဘက်ထရီထုပ်ကို  ပြုပြင်ရန် ကုန်ကျစရိတ်အပြင် ဘက်ထရီထုပ်နှင့်တကွ စနစ်တခုလုံးကိုပါ စစ်ဆေးပြုပြင်ရာ၌ လက်ဝင်သောကြောင့် အာမခံ လုပ်ငန်းများက အာမခံ ဆက်ထားရန် ခွင့်မပြုတော့ဘဲ  စာရင်းပယ်ဖျက်လိုက်ကြလေ့ရှိသည်ဟု Mr Hewett က ပြောကြားသည်။ 
“အခက်အခဲက ဘာလဲဆိုတော့ ဘက်ထရီ ပျက်စီးသွားခြင်း ရှိ၊ မရှိ မသိနိုင်တဲ့ အခြေအနေမျိုးတွေ ရှိနေတယ်" ဟု သူက ပြောသည်။ 
"ယာဉ်တိုက်မှုမှာ ဘက်ထရီထုပ်မှ ဆဲလ်များကို ထိခိုက်ခဲ့ပြီး အပူတွေ လွတ်ထွက်နေတယ်ဆိုရင် မီးလောင်မှု ဖြစ်ပွားနိုင်တယ်" ဟု သူက ဆိုသည်။
"လောလောဆယ်မှာ ဆန်းစစ်တဲ့ နည်းနိဿယ မရှိသေးဘူး။ ဆရာဝန်က ဓာတ်မှန် မရိုက်ဘဲ အရိုး ဘာဖြစ်သွားလဲ ရောဂါဆန်စစ်နေရသလိုမျိုး ဖြစ်နေတယ်" ဟု သူက ပြောသည်။

ယူကေမှ John Lewis Financial Services သည် လျှပ်စစ်ကားအတွက် အာမခံအမျိုးမျိုးကို လက်ရှိ အာမခံ ထားရှိသူများ၊ အသစ်ထားမည်သူများ အကုန်လုံးကို ယာယီရပ်ဆိုင်းထားသည်။ ထိခိုက်ဆုံးရှုံးနေသည့်အရေး၊ ပြုပြင်ရန် ကုန်ကျစရိတ်များကို ပြန်လည် ဆန်းစစ်နေသည်။

Aviva အာမခံ လုပ်ငန်းသည်လည်း Tesla Model Y အတွက် အာမခံအမျိုးမျိုးကို လအတန်ကြာ ယာယီရပ်ဆိုင်းထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့သည်။

အီးဗီ ပြုပြင်စရိတ် မြင့်တက်သည်နှင့်အမျှ အာမခံ နှစ်စဉ် ပရီမီယံကြေးများလည်း ဈေးကြီးလာသည်ဟု ဗြိတိသျှအာမခံသူများအသင်းက ပြောကြားသည်။

ယူကေတွင် အာမခံ ပျမ်းမျှကုန်ကျစရိတ်သည် ယခုနှစ် စက်တင်ဘာလအထိ လျှပ်စစ်ကား ၇၂% မြင့်တက်ခဲ့ပြီး ဓာတ်ဆီနှင့် ဒီဇယ် အင်ဂျင်ကားများအတွက် ၂၉% မြင့်တက်ခဲ့သည်ဟု Confused.com က အချက်အလက် ဖော်ပြသည်။


Mr Hewett က "လျှပ်စစ်ကားတစ်စီးမှာ ဘက်ထရီက အလွန်စျေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်။ ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်သောနည်းလမ်းများ ရှာမတွေ့မချင်း ပရီမီယံကြေးတွေက မြင့်နေမယ်"ဟု ပြောကြားသည်။

အစိုးရ လမ်းညွှန်ချက်များတွင်  ဘက်ထရီထုပ်ထဲမှာ ထိခိုက်ထားသည့် ဘက်ထရီများပါရှိသော လျှပ်စစ်ကားများကို သီးသန့် ကွာရင်တိုင်း “quarantine” ထားရမည်ဟု ပါရှိသည်။
 လျှပ်စစ်ကား မီးထလောင်ခဲ့သော် ဓာတ်ဆီကား၊ ဒီဇယ်ကားတို့ထက် ငြိမ်းရခက်သဖြင့် တသီးတသန့် ရပ်ခိုင်းထားခြင်းဖြစ်သည်။
၎င်းညွှန်ကြားချက်သည် ၂၀၃၅ ခုနှစ်မှစ၍ မဖြစ်မနေ လိုက်နာရမည် ဖြစ်သည်။
သို့ဖြစ်ရာ ယာဉ်တိုက်မှု ဖြစ်ပွားထားသည့် လျှပ်စစ်ကားကို ကွာရင်တိုင်း ထားရှိရန် ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းက ပေးလျော်ရမည် ဖြစ်သဖြင်ါ ပရီမီယံကြေး မြင့်တက်စေမည် ဖြစ်သည်။

လျှပ်စစ်ကား ပြုပြင်ပါက ဘေးပတ်ပတ်လည်  ပေ ၅၀ ခွာပြီး ရပ်ထားရမည်။ မတော်တဆ မီးလောင် ပေါက်ကွဲ နိုင်သောကြောင့် ဖြစ်သည်။ 


လန်ဒန်မီးသတ်တပ်ဖွဲ့က လီသီယမ်ဘက်ထရီများ ပါဝင်ပတ်သက်သော မီးလောင်မှုသည် လန်ဒန်တွင် အလျင်မြန်ဆုံး ပိုများလာနေသည့် မီးလောင်မှုအန္တရာယ်ဖြစ်ကြောင်း သတိပေးထားသည်။
၂၀၂၂ ခုနှစ်အတွက် စာရင်း ထုတ်ပြန်ရာတွင် အီး-ဘိုက် e-bike ၈၇ စီး မီးထလောင်ခဲ့သည်။ အီး-စကူတာ e-scooter ၂၉ စီး မီးထလောင်ခဲ့သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းတခုသည် လျှပ်စစ်ဘတ်စ် မီးထလောင်ခြင်း ၂ ကြိမ် ဖြစ်ပွားပြီးနောက်  လျှပ်စစ်ဘတ်စ်ကား ၁၄၉ စီးကို ယမန်နှစ်က ပြေးဆွဲခြင်းမှ ရုပ်သိမ်းခဲ့သည်။

Tesla-Fire.com တွင် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း Teslas လျှပ်စစ်ကားများ မီးလောင်မှု ၂၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း စာရင်းတင်ပြထားသည်။


Source telegraph 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 706 times