စင်ကာပူတွင် လျှပ်စစ်ကား ဝယ်ယူစီးရေ ၅ လအတွင်း ၂၀၂၁ တစ်နှစ်စာထက် ၂ ဆ တိုး


စင်ကာပူတွင် လျှပ်စစ်ကား ဝယ်ယူစီးရေ ၅ လအတွင်း ၂၀၂၁ တစ်နှစ်စာထက် ၂ ဆ တိုး


 ယခုနှစ်ပထမ ၅လ (ဇန်နဝါရီလမှ မေလအထိ) အတွင်း ကားသစ်မှတ်ပုံတင်မှု စီးရေစုစု‌ေပါင်း၏ ၈.၄ ရာခိုင်နှုန်းသည် လျှပ်စစ်ကားများ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မှတ်ပုံတင်ခဲ့သည့် လျှပ်စစ်ကား စီးရေ စုစုပေါင်းထက် နှစ်ဆပိုများကြောင်း ပို့ဆောင်ရေးဝန်ကြီး Mr Iswaran က ဗုဒ္ဓဟူးနေ့ (ဇွန် ၈) တွင် ပြောကြားသည်။

လွန်ခဲ့သည့် ၂ နှစ် ၂၀၂၀ ခုနှစ်နှင့် နှိုင်းစာပါက ယခုနှစ် ၅ လတွင် စီးရေ အဆ ၂၀ ပိုများသည်။


၂၀၄၀ ခုနှစ်တွင် သန့်စင်သောစွမ်းအင်ဖြင့် မော်တော်ယာဥ်များအားလုံးကို မောင်းနှင်နိုင်ရန် စင်ကာပူ၏ ကြိုးပမ်းအားထုတ်မှုများ တိုးတက်မှု ရရှိနေကြောင်း အဆိုပါ ကိန်းဂဏန်းများက သက်သေထူနေသည်ဟု ပို့ဆောင်ရေးဝန်ကြီး Mr Iswaran က ပြောကြားသည်။

လျှပ်စစ်ကားများအတွက် အားသွင်းကွန်ရက်ကို ထူထောင်လျက်ရှိရာ ၂၀၂၅ တွင် ပြည်သူ့အိမ်ရာ ယာဉ်ရပ်နားစခန်းများတွင် အီးဗီ အားသွင်းပွိုင့် ၂,၀၀၀ ခု ရှိမည် ဖြစ်သည်။ ၂၀၃၀ တွင် ၆၀,၀၀၀ ခု ရှိမည် ဖြစ်သည်။

လုပ်ငန်းရှင်များကလည်း တတတ်တအား ပါဝင်လုပ်ကိုင်လျက်ရှိရာ Surbana Jurong တွင် SP Group က အီးဗီအားသွင်းရုံ တစ်ခု တည်ဆောက်မည် ဖြစ်သည်။ ကားစီးရေ ၂၅၀ တစ်ပြိင်တည်း အားသွင်းနိုင်ကြမည် ဖြစ်သည်။
"အရှေ့တောင်အာရှမှာ အကြီးမားဆုံး အားသွင်းရုံ ဖြစ်ပါတယ်" ဟု ပို့ဆောင်ရေးဝန်ကြီး Mr Iswaran က ပြောကြားသည်။


"DHL၊ Bollore နှင့် Kuehne+Nagel အစရှိတဲ့ မော်တော်ယာဉ်များ အုပ်စုလိုက် သုံးစွဲပြီး ပစ္စည်း တွေ လိုက်လံပေးပို့နေတဲ့ လုပ်ငန်းတွေကလည်း စင်ကာပူမှာ အီးဗီတွေ စမ်းသပ်သုံးစွဲနေကြတဲ့ အဆင့်တွေမှာ ရောက်နေကြပါပြီ" ဟု ပို့ဆောင်ရေးဝန်ကြီး  Mr Iswaran က ပြောကြားပါသည်။

#MyanmarAutomobileGuide 

Read 3543 times