၂၀၂၃ အဝယ်အများဆုံး အီးဗီမော်ဒယ် ထိပ်တန်း (၁၀)


၂၀၂၃ အဝယ်အများဆုံး အီးဗီမော်ဒယ် ထိပ်တန်း (၁၀)

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘာလုံးဆိုင်ရာ ဘက်ထရီသုံး လျှပ်စစ်ကားများ battery electric vehicle (BEV) နှင့် plug-in hybrid (PHEV) တို့၏ ရောင်းအားသည် လွန်ခဲ့သော တစ်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀% မြင့်တက်ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ရောင်းအားတွင် - - -
ဥရောပမှာ ရောင်းအား လျော့ကျခဲ့သော်လည်း အမေရိကန်နှင့် တရုတ်တို့တွင် ရောင်းအား မြင့်တက်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
တရုတ်တွင် ယမန်နှစ်ထက် ၂၅% ၊ အမေရိကန်နှင့် ကနေဒါတွင် ယမန်နှစ်ထက် ၄၃% ရောင်းအား ပိုများခဲ့သည်။ ဥရောပတွင် ယမန်နှစ်ထက် ၃% လျော့ကျခဲ့သည်။
၂၀၂၂ နိုဝင်ဘာလ BEV နှင့်  PHEV ၂ မျိုးပေါင်း ရောင်းအား အစီးရေ ၁.၁ သန်း ရှိခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် အစီးရေ ၁.၄ သန်း ရောင်းချခဲ့သည်။ 

နိုင်ငံ တနိုင်ငံ၏ အီးဗီ ရောင်းအားသည် ယေဘုယျအားဖြင့် အစိုးရ၏ မူဝါဒအပေါ် တည်မှီနေသည်။ ဂျာမနီနှင့် ပြင်သစ်တို့တွင် အီးဗီ ဝယ်စီးသူများအတွက် ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက်သောအခါ ရောင်းအား ကျဆင်းသွားသည်။ 
၂၀၂၃ ခုနှစ်တွင် အဝယ်အများဆုံး အီးဗီ (PHEV+BEV) ထိပ်တန်း(၁၀) တွင် Tesla Model Y သည် နံပါတ်(၁) နေရာတွင် ဆက်ရှိနေသည်။ 
ထိပ်တန်း(၁၀) တွင် မော်ဒယ် အများစုသည် တရုတ်ကားလုပ်ငန်းများ၏ မော်ဒယ်များ ဖြစ်ပါသည်။ 
BYD သည် မော်ဒယ် ၄ ခု စာရင်းဝင်ပါသည်။
BYD သည်  PHEV ကမ္ဘာ့အများဆုံး ထုတ်လုပ်သူ ဖြစ်ပါသည်။ BEV ကမ္ဘာ့အများဆုံး ထုတ်လုပ်သူမှာ Tesla ဖြစ်ပြီး ကမ္ဘာ့ ဒုတိယ အများဆုံး ထုတ်လုပ်သူမှာ BYD ဖြစ်ပါသည်။

Volkswagen ၏ ID.4 မော်ဒယ်သည် ဥရောပနှင့် တရုတ်တို့တွင် အဓိကအားဖြင့် ရောင်းအား ကောင်းခဲ့ပါသည်။

The Most Popular Electric Cars of 2023

1. Tesla Model Y USA
2. Tesla Model 3 USA
3. BYD Song Pro/Plus China
4. BYD Atto 3 / Yuan Plus China
5. BYD Dolphin     China
6. GAC Aion S China
7. Wuling HongGuang Mini EV China
8. GAC Aion Y China
9. VW ID.4 Germany
10. BYD Seagull China
Source ypcharge
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 171 times