တရုတ်ကားဈေးကွက် စွမ်းအင်သစ် အကူးအပြောင်း ပြည်တွင်း brand ရောင်းအားကောင်း


တရုတ်ကားဈေးကွက် စွမ်းအင်သစ် အကူးအပြောင်း ပြည်တွင်း brand ရောင်းအားကောင်း

 

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ တွင်  အနောက်တိုင်းကားထုတ်လုပ်သူများရဲ့ နိုင်ငံခြား brand များ တရုတ်ပြည်တွင်း ကားဈေူကွက်မှာ ရောင်းပန်းလှခဲ့ပါတယ်။ တရုတ်ကားဝယ်သူများက အရည်အသွေးကို  အထင်တကြီး လေးစားခဲ့ကြပါတယ်။ ဥရောပနှင့် အမေရိကန်မှ ကားထုတ်လုပ်ရေးလုပ်ငန်းများ ဝင်ငွေတိုးခဲ့ကြတယ်။ လုပ်ငန်းကြီးထွားခဲ့ကြပါတယ်။


 တရုတ်ကားဝယ်သူများက သမားရိုးကျ ဓာတ်ဆီကား ဒီဇယ်ကားတွေကို ရုတ်တရက် ကျောခိုင်းလိုက်ကြပြီး ဘက်ထရီကားတွေ ဝယ်စီးကုန်ကြတဲ့အခါ ပြည်တွင်း brand တွေ တရုတ်ပြည်တွင်းဈေးကွကို ကြ‌ီးစိုးထားလိုက်ကြတယ်။ စွမ်းအင်သစ်မော်တော်ယာဉ် new-energy vehicle (NEV) ရောင်းအားမှာ အစဉ်အလာကြီးမားတဲ့ ကမ္ဘာ့ကားထုတ်လုပ်ရေး လုပ်ငန်းကြီးများ နောက်မှာ ကျန်ရစ်ပါတယ်။ 

 တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA) ရဲ့ အချက်အလက်များအရ ၂၀၂၂ ပထမ ၇ လ အီးဗီရောင်းအားမှာ ၈၀% က ပြည်တွင်း brand တွေ ဖြစ်ပါတယ်။  သဘာရင့် BYD Co. က ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။ အသစ်ဝင်လာတဲ့ Xpeng Inc. ၊ တရုတ်ပြည် ပြင်ပမှာ လူသိနည်းတဲ့ Hozon New Energy Automobile Co. တို့ရဲ့ ရောင်းအားက VW ရဲ့ တရုတ်ပြည်မှ ဖက်စပ်လုပ်ငန်း ၂ ခုထက် ရောင်းအားပိုကောင်းပါတယ်။

 

 

တရုတ်ပြည်တွင်း ဈေးကွက်မှာ အ‌ရွေ့အပြောင်းတစ်ခုက စွမ်းအင်သစ်ကားတွေ ဝယ်ယူမှု ပိုများလာတာ ဖြစ်ပါတယ်။ စွမ်းအင်သစ်ကားလို့ ဆိုတာမှာ လျှပ်စစ်ကား စစ်စစ်အပြင် ပလပ်ထိုး ဟိုင်းဘရစ္‌ေတွလည်း အကျုံးဝင်ပါတယ်။  ယမန်နှစ်က ပျမ်းမျှအားဖြင့် ကားအသစ် ၆ စီးဝယ်ရင် တစ်စီးက စွမ်းအင်သစ် ကား ဖြစ်ပါတယ်။ ယခုနှစ်မှာ ကားအသစ် ၄ စီး ဝယ်ရင် တစ်စီးက စွမ်းအင်သစ် ကား ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံ အိမ်စီးကား အသင်းက ၂၀၂၂ မှာ စွမ်းအင်သစ်ကား စီးရေ ယမန်နှစ်ထက် နှစ်ဆ ရောင်းရလိမ့်မယ်။ စီးရေ ၆ သန်း ရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်နှစ်တာ စွမ်းအင်သစ်ကား ရောင်းအား ၂၀၄၀ မှာ စီးရေ ၂၂.၃ သန်း ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

 

Source Bloomberg

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1956 times