လျှပ်စစ်ကားများကို အင်ဂျင်ပြောင်းလဲတပ်ဆင်ပြီး အသုံးပြုပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။
လျှပ်စစ်ကားများ(Electric Vehicle) တင်သွင်းရာတွင် အခွန်သက်သာခွင့် များစွာပေးထားရာ စက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ပါက အပိုပစ္စည်းမှာရန် ခက်ခဲသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အင်ဂျင်ပြန်ပြောင်းပြီး အသုံးပြုမည်ဆိုပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်းသည် အထိ အရေးယူမှာပါတယ်။
“ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနကနေ လျှပ်စစ်ကားတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် ဒီကားတွေကိုတင်သွင်းပြီး အင်ဂျင်ပြောင်းတပ်မယ်ဆိုရင် လက်ခံပေးမှာမဟုတ်ပါဘူး၊ ကားမပြောနဲ့ လျှပ်စစ်သုံးဘီးဆိုင် ကယ်တွေတောင်မှ အင်ဂျင်ပြောင်း တပ်ခွင့်မပေးပါဘူး၊ မိမိဆန္ဒနဲ့ အင်ဂျင်ပြောင်းတပ်မယ်ဆိုရင်တော့ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းတဲ့အထိ အရေးယူမှာဖြစ်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။
တင်သွင်းထားသော လျှပ်စစ်ကားများထဲတွင် Nissan Leaf မှာ အစီးရေအများဆုံးဖြစ်ပြီး ထိုကား၏ဖွဲ့စည်းပုံအရ အင်ဂျင်ပြန်ပြောင်း တပ်ဆင်ရန်မှာ မလွယ်ကူပေ။ သို့ သော် Mitsubishi Minicab Van (အလုံး) နှင့် Delivery Van များ မှာမူ အင်ဂျင်ကားများအပြင် လျှပ်စစ်ကားအနေဖြစ်ပါ ထုတ်လုပ်ထားရာ ထိုကားများကို အင်ဂျင်ပြန်ပြောင်းတပ်ဆင် အသုံးပြုမည်ဆိုပါက ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူ လျှပ်စစ်သုံးဘီး ဆိုင်ကယ်များကိုလည်း အင်ဂျင်ပြန်ပြောင်း တပ်ဆင်ပြီး အသုံးပြုမည်ဆိုပါက ယာဉ်မှတ်ပုံတင်ဖျက်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။