လာမည့် ဖေဖော်ဝါရီလမှ စ၍ ပြည်တွင်းဈေးကွက်တွင် လျှပ်စစ်ဘတ်စ်များ ထုတ်လုပ်ရောင်းချမည်


လာမည့်နှစ် ဖေဖော်ဝါရီလမှစ၍ ပြည်တွင်းဈေးကွက်တွင် လျှပ်စစ် ဘတ်စ်ကားများ ထုတ်လုပ်ရောင်း ချမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသော လျှပ်စစ် ဘတ်စ်(Electric Bus)များကို ဟန် ဂေရီနည်းပညာဖြင့် ထုတ်လုပ်နိုင် ရေးအတွက် အသေးစိတ်ညှိနှိုင်းမှု များပြုလုပ်ထားကာ စမ်းသပ်အသုံး ပြုရန် ဟန်ဂေရီနည်းပညာဖြင့် ထုတ် လုပ်ထားသော Evo၉ အမှတ် တံဆိပ် ကင်းစီး တင်သွင်းရန် ဆောင်ရွက်နေကြောင်း သိရပသည်။

သာရ နယ်မြေမှာရှိတဲ့ ဒီဇယ်အင်ဂျင်တွေ ထုတ်လုပ်တဲ့ အမှတ်(၁၄) အကြီးစားစက်ရုံမှာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ လျှင် စစ်ဘတ်စ်ကားတွေကို ဥရောပ နည်းပညာနဲ့ ထုတ်လုပ်နိုင်ရေး 39036) Green Power Myanmar Co., Ltd. နဲ့ အသေးစိတ် ညှိနှိုင်းဆွေးနွေးထားပါတယ်။

ဒီမှာ စမ်းသပ်အသုံးပြုဖို့အတွက် ဟန် ဂေရီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ဘတ်စ် ငါးစီး တင်သွင်းဖို့ ဆောင်ရွက်နေပါတယ်။ လာမယ့် နှစ် ဖေဖော်ဝါရီလမှာ စတင်ထုတ် လုပ်ပြီး ပြည်တွင်းဈေးကွက်ကို ရောင်းချနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

သာဂရ စက်မှုနယ်မြေရှိ အ မှတ်(၁၄) အကြီးစားစက်ရုံမှ လျှပ်စစ် ဘတ်စ်ကားများကို ပြည်ပမှပညာရှင် များနှင့် ပူးပေါင်း၍ ဟန်ဂေရီနိုင်ငံ နည်းပညာဖြင့် ပြည်တွင်း၌ SKD စနစ်နှင့် တပ်ဆင်ထုတ်လုပ်ကာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများ သို့ပါ တင်ပို့ရောင်းချရန် ရည်ရွယ် ထားကြောင်း ၊ ထိုလျှပ်စစ်ဘတ်စ်ကို စက်ရုံထုတ်ဈေး ကျပ်သိန်း ၂,၅၀၀ ဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ပြီး တစ်လလျှင် အစီးငါးဆယ်ခန့် တပ်ဆင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read 477 times