ဒေါ်လာ ၉၄၀ သန်း အကုန်ခံပြီးမှ ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ လျှပ်စစ်ကား


ဗြိတိန်နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သော James Dyson က အင်တာဗျူးတစ်ခုတွင် N526 အမည်ရှိ လျှပ်စစ်ကားကို ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသူများ ခေါ်ယူခြင်း မပြုဘဲ သူ၏ကိုယ်ပိုင်ငွေဖြင့်သာ လုပ်ကိုင်ခဲ့ပြီး အမေရိကန်နိုင်ငံမှ ထိပ်တန်းလျှပ်စစ်ကား Tesla ကို ယှဉ်နိုင်မည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ကားကို N526 ဟု ကုဒ်အမည် ပေးထားသည်။

James Dyson ဟာ ယူကေမှာ အချမ်းသားဆုံး ပုဂ္ဂိုလ်လို့ အသိအမှတ်ပြုခံရသူဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော် ချမ်းသာတယ်လို့ ခန့်မှန်းထားပါတယ်။

သူလုပ်ကိုင်တဲ့ လျှပ်စစ်ကား N526 ဟာ Tesla ကို ယှဉ်ပြိုင်မယ့်ကားဖြစ်ပြီး သူ့ကိုယ်ပိုင်ငွေ ဒေါ်လာ သန်း ၁၀၀၀ နီးပါး စိုက်ထုတ်ပြီး အကုန်အကျခံ လုပ်ကိုင်နေတယ်လို့ အင်တာဗျူးတွေမှာ ပြောပြပါတယ်။ 

N526  electric SUV  ဟာ ခုနစ်ယောက်စီး လျှပ်စစ်ကား EV (Electric Vehicle) ဖြစ်ပြီး အားအပြည့် တစ်ခါသွင်းပြီးရင် မိုင် ၆၀၀ အထိ မောင်းလို့ရတယ်။ ဒီတော့ Tesla ရဲ့ ကားတွေထက် သာတယ်။

Tesla Model S က အားအပြည့် တစ်ခါသွင်းပြီးရင် ခရီးတာ မိုင် ၃၈၀ အထိ မောင်းလို့ရပြီး Model X က အားအပြည့် တစ်ခါသွင်းပြီးရင် ၃၁၄ မိုင်အထိသာ မောင်းလို့ ရပါတယ်။

N526  electric SUV  ရဲ့ အလေးချိန်က ၂ တန်ကျော် ရှိပြီး ကားအလျားက ၅ မီတာ ရှည်ပါတယ်။ အကျယ် ၂ မီတာ ရှိပြီး အမြင့် ၁ . ၇ မီတာ ရှိတယ်။

လမ်းသားနဲ့ ကားဗိုက်အမြင့်ကြား အကွာအဝေးကို နှစ်ပေ ဖြစ်အောင် ဒီဇိုင်းထုတ်ထားတယ်။ ဗိုက်မလွတ်လို့ မောင်းမရတဲ့လမ်းတွေကို ရှောင်မောင်းနေဖို့ မလိုဘူး။

150kWh lithium-ion ဘက်ထရီ သုံးထားတယ်။ အမြန်သွင်း quick charging လုပ်လို့ရတဲ့ ဆဲလ်တွေကို သုံးထားတယ်။

 

N526  electric SUV  ရဲ့ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီ ၁၂၅ မိုင် ( တစ်နာရီ ၂၁၀ ကီလိုမီတာ) ဖြစ်ပြီး သုညကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းကို ၄ . ၈ စက္ကန့်ဖြင့် ရောက်အောင် အရှိန်တင်ပေးတယ်။  200kW ရှိတဲ့ လျှပ်စစ် မော်တာ ၂ လုံး တပ်ပေးထားပြီး ပါဝါ မြင်းကောင်ရေ ၅၃၆ bhp ထုတ်ပေးတယ်။ 

Dyson က ဒေါ်လာ သန်း ၁၀၀၀ နီးပါး အကုန်ခံထားပြီးကာမှ ဘာလို့ ဆက်မလုပ်ဖြစ်တော့တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ အဓိကအချက်က ထုတ်လုပ်မှု ကုန်ကျစရိတ် ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချပြီး အမြတ်ရဖို့ဆိုရင် ကားဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သိန်းရှစ်သောင်း အထက်မှာ ဈေးဖွင့်ပြီး ရောင်းဖို့ လိုတယ်။

ရည်မှန်းထားတဲ့ ဈေးကွက်က တရုတ်ပြည်တွင်းဈေးကွက် ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ အခွန်မဆောင်ရသေး စက်ရုံထုတ်ဈေး EV တစ်စီးကို အမေရိကန်ဒေါ်လာ တစ်သိန်းရှစ်သောင်း အထက်မှ ပေးဝယ်မယ့်သူက လက်ချိုးရေလို့ ရမယ်။ 

Read 13323 times