ဂျမ်းစ်ဘွန်းလို့ပြောလိုက် လူတိုင်းနားဝမှာ ရင်းနှီးတဲ့ နာမည်တစ်ခုဖြစ်လိမ့်မယ်ထင်ပါတယ်။
ငယ်စဉ်က ကမ္ဘာကျော်ခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားတစ်တွေ လူကြီး လူငယ် ကလေးကအစ စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အခုထိလည်း ဂျိမ်းစ်ဘွန်းဇာတ်ကားတွေက ကြည့်ရှုမှုရာခိုင်နှုန်း မြှင့်မားစွာရှိနေတုန်းပါပဲ။
အရင်ဇာတ်ကားတွေနဲ့မတူဘဲ နောက်ထွက်ရှိလာမယ့် ဂျမ်းစ်ဘွန်း ဇာတ်ကားသစ်မှာ ထူးထူးခြားခြားပါဝင်လာမှာကတော့ Aston Martin က ထုတ်လုပ်တဲ့ လျှပ်စစ်ကားတစ်မျိုးပါ။ ဘယ်ဇာတ်ကားမှာမှ ပါဝင်မှုမရှိသေးတဲ့ ဗြိတိန်ကုမ္ပဏီထုတ် Rapide E လျှပ်စစ်ကားဟာ ပေါင် ၂၅၀၀၀၀ တန်ကြေးရှိပြီး အရည်အတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Rapide E ကားဟာ ဗြိတိန်ကုမ္ပဏီထုတ် ပထမဆုံး လျှပ်စစ်ကားဖြစ်ပြီး ကားပေါင်း ၁၅၅ စီးသာ အကန့်အသတ်နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဂျမ်းစ်ဘွန်းမင်းသားဟောင်း Sean Connery ပထမဆုံးစီးခဲ့တဲ့ Aston Martin ကား မှ အခုချိန်မှာတော့ ပုံစံသစ်နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှုအနည်းဆုံး လျှပ်စစ်ကားအဖြစ်နဲ့ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီကားကိုအသုံးပြုဖို့အတွက် ဒါရိုက်တာသစ် မှာ ဦးဆောင် ဆုံးဖြတ်တာဖြစ်ပြီး သူဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်လည်းဖြစ်ပါတယ်။
ယခုရိုက်ကူးမယ့်ကားကို Shatterhand အမည်နဲ့ ထွက်ရှိလာမှာမယ်လို့ ခန်းမှန်းရပြီး ၂၀၂၀ လောက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။
Automobile Directory