TBN (Total Base Number)
အင်ဂျင်ဝိုင်အကြောင်းပြောရာတွင် TBN (Total Base Number) အကြောင်းမပါလျှင်မပြည့်စုံပေ။ လောင်စာဆီတွင် Sulfur ပါဝင်မှုပေါ်မူတည်၍ TBN ကိုရွေးချယ်သင့်သည်။
အင်ဂျင်ဝိုင်တွင် ပါဝင်သော alkaline compounds များဖြင့် sulfurous နှင့် sulfuric acids များကို ဓါတ်ပြယ်စေခြင်းဖြင့် အင်ဂျင်၏ အစိတ်အပိုင်းများကို corrosion damage ဖြစ်စေခြင်းကို လျော့ကျစေသည်။
အင်ဂျင်ဝိုင်တွင် alkalinity ပါဝင်မှုကို TBN ဖြင့်တိုင်းတာသတ်မှတ်သည်။ Alkaline compounds ပါဝင်မှုများလေလေ (TBN မြင့်လေလေ) အက်ဆစ်ကို ဓါတ်ပြယ်စေနိုင်မှုများလေလေဖြစ်သည်။အသုံးပြုသော ဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်ကိုရွေးချယ် သုံးစွဲရန် လမ်းညွှန်လေ့ရှိသည်။
အင်ဂျင်ဝိုင်၏ viscosity တူသော်လည်း ထည့်သွင်းအသုံးပြုထားသော base oil အမျိုးအစား၊ additive အမျိုးအစားများ၊ အရေအတွက်နှင့် ပါဝင်မှုအချိုးအစား တို့ပေါ်တွင်မူတည်၍ စျေးနှုန်းကွာခြားလေ့ရှိသည်။ ဥပမာအားဖြင့် viscosity တူသော်လည်း TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်သည် အက်စစ်ကို ပို၍ ချေဖျက်နိုင်စေသဖြင့် TBN ပါဝင်မှုနည်းသောအင်ဂျင်ဝိုင်ထက် ပို၍စျေးကြီးသည်။
အချုပ်အားဖြင့်ဆိုရသော် သင်၏ကားအင်ဂျင်အတွက် သင့်တော်မှန်ကန်သော အင်ဂျင်ဝိုင် အမျိုးအစားကို သိရှိစေရန်၊ အသုံးပြုမည့် အင်ဂျင်ဝိုင်မှ အကျိုးအပြည့်အဝရရှိစေရန် နှင့် အင်ဂျင်၏ စွမ်းဆောင်ရည် အပြည့်အဝ ရရှိစေရန် အောက်ပါတို ့ကိုလိုက်နာ လုပ်ဆောင် သင့်သည်။
အင်ဂျင်ထုတ်လုပ်သူ သို ့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ ၂၀၀၅ နောက်ပိုင်းထုတ်သော modal မြင့်ကားတချို ့တွင် အင်ဂျင်ဝိုင် အမျိုးအစားကို ဖေါ်ပြခြင်းမရှိတော့ပါ။
အင်ဂျင်ထုတ်လုပ်သူ သို ့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင် လဲလှယ်ရမည့် အချိန်အတိုင်း အင်ဂျင်ဝိုင်လဲလှယ်ပါ။ ယေဘူယျအားဖြင့် ကီလိုမီတာ ၅၀၀၀ မှ ၁၀၀၀၀ ကြား သို ့မဟုတ် အချိန် ၆လ မှ ၁နှစ် ကြားတွင် အင်ဂျင်ဝိုင် နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။
Commercial purpose အတွက်သုံးသော ရဲကားများ၊ ဆွဲကားများ၊ Taxi များ၊ တောင်ပေါ်ဒေသတွင်သုံးသောကားများ၊ ဖုံထူပြီး လမ်းကြမ်းသော ဒေသတွင်သုံးသောကားများ၊ မြို ့တွင်းတွင်သုံးသော်လည်း ယာဉ်ကြောပိတ် ဆို ့မှုများသော အခြေအနေတွင် သုံးသောကားများဖြစ်ပါက ကီလိုမီတာ ၅၀၀၀ သို ့မဟုတ် အချိန် ၆လ (ကီလိုမီတာ ၅၀၀၀ ပြည့်လျင်သော်လည်းကောင်း၊ အချိန် ၆လပြည့်လျင်သော်လည်းကောင်း) တွင် အင်ဂျင်ဝိုင် နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။
အသုံးပြုသော ဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက အင်ဂျင်ဝိုင် နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူး ကို အချိ်န်စော၍ လဲလှယ်ရန် လမ်းညွှန်လေ့ရှိသည်။၂၀၀၅ နောက်ပိုင်းထုတ်သော modal မြင့်ကားတချို ့တွင် အင်ဂျင်ဝိုင်၏ ကျန်ရှိသောသက်တမ်းကို ဒရိုင်ဘာရှေ ့ရှိ ဒိုင်ခွက်ထဲရှိ Information Display တွင် ဖေါ်ယူကြည့်ရှု ့ခြင်းဖြင့် သိရှိနိုင်သည်။ကျန်ရှိသော အင်ဂျင်ဝိုင်သက်တမ်း ၁၅ ရာခိုင်နှုန်းအောက် ရောက်ရှိလာပါက ကားသော့ဖွင့်ချိန်တိုင်းတွင် ဒိုင်ခွက်ထဲရှိ Information Display တွင် ကျန်ရှိသောသက်တမ်းကို ဖေါ်ပြပေးနေမည်ဖြစ်သည်။
အမှန်တကယ်အားဖြင့် အင်ဂျင်ဝိုင် သို ့မဟုတ် lubricating oil များ၏ သက်တမ်းသည် အင်ဂျင်၏မီးလောင်ပေါက်ကွဲရာမှ ထွက်လာသောအပူချိန်၊ အအေးခံစနစ်၏ စွမ်းဆောင်ရည်၊ အသုံးပြုသော ဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်း၊ အင်ဂျင်၏ load factor အစရှိသောအချက်များစွာပေါ် တွင်မှီခိုသောကြောင့် အင်ဂျင်ဝိုင်၏သက်တမ်းကို ခရီးအကွာအဝေး သို ့မဟုတ် အချိန်ကာလပေါ်တွင် မူတည်၍ လဲလှယ်ခြင်းထက် အင်ဂျင်၏ running conditions နှင့် အင်ဂျင်၏ running hour တို ့အပေါ်တွင်မူတည်၍ လဲလှယ်ခြင်းက ပို၍သဘာဝကျသည်။
စက်ရုံသုံး မီးစက်အင်ဂျင်ကြီးများ၊ တာဘိုင်ကြီးများ၏ lubricating oil များ၏ သက်တမ်းကို ဆုံးဖြတ်ရန်အတွက် အင်ဂျင်အတွင်းမှ ချောဆီနမူနာထုတ်ယူ၍ ဓါတ်ခွဲခန်းသို ့ပို ့ဆောင်စစ်ဆေးပြီး အင်ဂျင်ဝိုင် လဲရန်အချိန်ကို ဆုံးဖြတ်လေ့ ရှိသည်။
အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော API service category နှင့် SAE viscosity grade ကိုရွေးချယ်ဝယ်ယူပါ။အင်ဂျင်ဝိုင်၏ viscosity grade ကို အသုံးပြုမည့်နေရာဒေသ၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန် အပေါ်မူတည်၍ ရွေးချယ်နိုင်ရန် ဖေါ်ပြပေးထားလေ့ရှိသည်။၂၀၀၅ နောက်ပိုင်းထုတ်သော modal မြင့်ကားတချို ့တွင် အရမ်းအေးနေချိန်တွင် စက်နှိုးရလွယ်စေရန် နှင့် ဆီစားသက်သာစေရန် 5W-20 အင်ဂျင်ဝိုင်ကို ပထမဦးစားပေးအနေဖြင့် recommend လုပ်လေ့ရှိသည်။
အသုံးပြုလိုက်သော အင်ဂျင်ဝိုင်သည် ကားအင်ဂျင်အတွက် လိုအပ်သောအရည်အသွေးထက်နိမ့်ကျနေပါက အင်ဂျင်၏ စွမ်းဆောင်ရည် အပြည့်အဝမရရှိနိုင်သည့်အပြင် အင်ဂျင်အစိတ်အပိုင်းများပွန်းစားမှုနှုန်းလည်း များမည်ဖြစ်သည်။
တခြားတဖက်၌ ကားအင်ဂျင်အတွက် လိုအပ်သော အရည်အသွေးထက် အရမ်းမြင့်သောအင်ဂျင်ဝိုင်ကို အသုံးပြုပါက အမှန်တကယ် မလိုအပ်ဘဲ အင်ဂျင်ဝိုင်အတွက် ကုန်ကျစရိတ်များစေမည်ဖြစ်သည်။