EFI ဓါတ်ဆီကားများတွင်ဆီပန့် (Fuel Pump) အလုပ်လုပ်ပုံမီးလိုင်း(Wiring Diagram)အကြောင်း


ယခု အသုံးပြုနေသော မော်ဒယ်မြင့်ကားတွင် ဓါတ်ဆီဆီပေးသောစနစ်မှာ နော်ဇယ်(Injector) ဖြင့်ပေးသော စနစ်ဖြစ်ရာ နော်ဇယ်ဆီပန်းနိုင်ရန်လိုအပ်သော ဆီဖိအား (Fuel Pressure) ရရှိနိုင်ရန်တွန်းပို့ပေးနိုင်သော ဆီပန့် (Pump Motor)လိုအပ်သဖြင့် ဆီပန့်မော်တာ ထည့်သွင်းထားပေရာ ထိုဆီပန့်မော်တာ မီးလိုင်းအကြောင်းကို မော်တော်ယာဉ် အသုံးပြုသူများ သိရှိနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။

ထိုဆီပန့်ကို အများအားဖြင့်ဆီတိုင်ကီအတွင်း၌ ထည့်သွင်းထားကာ အချို့ကားများကတော့ ဆီတိုင်ကီအရှေ့ဘက် ကားဘော်ဒီအောက်တွင်ထည့်သွင်းထားပါတယ်။ ထိုဆီပန့်ကို မီးပေးရန် ဘက္ထရီအနုတ်တစ်စ (Ground) ဖြင့် မီးတစ်စပေးကာ ကျန်ဘက္ထရီအပေါင်း (B+ Power) တစ်စကိုတော့ မော်ဒယ်မြင့်ကားများတွင်တော့ ကားအမျိုးအစားလိုက် Crankshaft Position Sensor (CKP) (NE) ၊ Camshaft Position Sensor (CMP) (G-) ၊ တို့မှ NE (in) , G- (in) မီးကြိုးတို့မှ Signal ကို ECU သို့ စင်ကနယ်ပို့ပေးကာ ECU ကွန်ထရိုးဘောက်မှ FPC (out) အနုတ်မီးကြိုးဖြင့် Fuel Pump Relay သို့မီးပေးကာ ဆီပန့်ရီလေးအလုပ်စေပါတယ်။

ဆီပန့်ရီလေးသို့ Fuse 10/15/20A ကြားခံထားသော ဘက္ထရီအပေါင်း (Power) မီးကြိုးသည် ဖြူးဘောက်မှ ရီလေး၏မီးအဝင် (30) Connector သို့ ကားသော့ဖွင့်(on) လျှင်မီးပေးပါတယ်။


ထိုသို့ မီးပေးရန် M-REL(out) မီးကြိုးသည် ECU ဘောက်မှ EFI Main Relay ကို အလုပ်လုပ်စေခြင်းဖြင့် Fuel Pump Relay သို့ မီးပေးခြင်းဖြစ်ပါတယ်။ ကားသော့ဖွင့်သည်နှင့် အခြားအပေါင်းမီးကြိုး တစ်ချောင်းမှ ပန့်ရီလေး (85) Connector သို့ မီးဝင်ပေးပါတယ်။

ထို့ကြောင့် ကားအင်္ဂျင် စတတ်လှည့်သည်နှင့် ကားအမျိုးအစားအလိုက်ပေးထားသော ကရိုင်းဆင်ဆာ NE(in) နှင့် ကမ့်ရှပ်ဆင်ဆာ G- (in)တို့ မှ စင်ကနယ်ရသည်နှင့် ECU ကွန်ထရိုးဘောက်မှ FPC (out) အနုတ်မီးကြိုးဖြင့် Fuel Pump Relay (86) Connector သို့မီးပေးကာ ဆီပန့်ရီလေးအလုပ်စေရာ ဆီပန့်တွင်တိုက်ရိုက်ပေးထားသော အနုတ်ကြိုးတစ်ချောင်းနှင့် ပန့်ရီလေးမှ ပေးသော အပေါင်းကြိုးမီး ပန့်မော်တာသို့ရောက်ချိန်တွင် ဆီပန့်သည် ဆက်တိုက်အလုပ်ပေးကာ နော်ဇယ်သို့ ဆီပို့ပေးချိန်တွင် ကျန် သက်ဆိုင်ရာအစိတ်အပိုင်းများမှ ဆိုင်ရာအလုပ်များလုပ်ကြပြီး ကားအင်္ဂျင်ကို နိုးစေပါတယ်။

အင်္ဂျင်လည်၍ ကရိုင်းရှပ်နှင့် ကမ့်ရှပ်မှ စင်ကနယ်မရောက်ခင် ကားသော့စဖွင့်သည်နှင့် ECU မှ စက်စနိုးချိန် နော်ဇယ်ဆီရောက်နေစေရန်နှင့် နိုးရလွယ်ကူရန် ဆီပန့်မော်တာအား ၃ စက္ကန့်ခန့်အလုပ်လုပ်ပေးစေပါသည်။ စက်စနိုးချိန်တွင် အင်္ဂျင်အနိုးရလွယ်ကူစေရန် ECU သို့ STA (in) မီးကြိုးမီးဝင်သည်နှင့် နော်ဇယ်ကို ပုံမှန်အချိန်ထက် ဆီပိုဖွင့်ပေးစေကာ စက်နိုးရလွယ်အောင် ပြုလုပ်ပေးပါတယ်။

ထို့ကြောင့် ကားတစ်စီး ဆီပန့်မော်တာ မီးမလာ၍အလုပ်မလုပ်ပါက ဖြူးဘောက်ရှိ ဆီပန့်ဖြူး ကောင်း မကောင်းနှင့် Fuel Pump Relay သို့ မီးရောက် မရောက် ရီလေးအလုပ် လုပ်မလုပ်နှင့် ကရိုင်းဆင်ဆာဖြင့် ပန့်အလုပ်လုပ်သောကားဖြစ်ပါက ကရိုင်းဆင်ဆာ ကောင်း မကောင်း ၊ ကမ့်ရှပ်ဆင်ဆာဖြင့် ပန့်အလုပ်လုပ်သောကားဖြစ်ပါက ကမ့်ရှပ်ဆင်ဆာ ကောင်းမကောင်း ၊ စသည်တို့ကို စစ်ဆေးပြုပြင်သင့်ပါတယ်။

Source:Y.M.T(Facebook)

 
Read 2904 times