EFI စနစ်သုံး ကားတွေမှာပါတဲ့ sensor တွေနဲ့ ပတ်သတ်ပြီး လူသိများသော်လည်း နည်းနည်းရော ထွေး နေတဲ့ sensor ၂ ခု အကြောင်းရေးချင်ပါတယ်။
အဲဒါကတော့ MAF နဲ့ MAP sensor ပါ။ sensor ၂ ခု လုံးရဲ့ ရည်မှန်းချက်တွေက တူညီနေတဲ့အတွက် ဘယ် sensor ပိုကောင်းလဲ ဆိုပြီးလည်း ငြင်းကြပါတယ်။
၂ ခုလုံးရဲ့လုပ်ဆောင်ပုံနဲ့ အကျိုးအပြစ်တွေကို ထုံးစံအတိုင်း general ဲလေးပဲရေးမှာပါ။ ပထမဆုံး Mass Air Flow sensor (MAF) ကိုပြောပါမယ်။ MAF ကို MAP ထက် မြန်မာပြည်က ကားတော်တော်များများမှာ တွေ့ရပါတယ်။ တပ်ဆင်တဲ့နေရာကတော့ အင်ဂျင် လေအဝင်လိုင်း လေစစ် (air filter) နဲ့ throttle body ကြား (လေတံခါး ကနေ ၈ ~ ၁၀ လက်မ အကွာ-theory) မှာဖြစ်ပါတယ်။
MAF sensor အမျိုးအစားတွေ ကတော့ Vane type, cold wire type, hot wire type နဲ့ heated film type စသည်ဖြင့် စနစ် အမျိုးမျိုးနဲ့ အဝင်လေထု ပမာဏကိုတိုင်းပါတယ်။ မြန်မာပြည်မှာ အသိများတဲ့ Vitz, Demio, Swift စတဲ့ကားတွေမှာ တော့ Hot wire type MAF အသုံးများပါတယ်။ platinum လို material ဝါယာကြိုးကို လျှပ်စစ်နဲ့ အပူပေးထားပြီး ဝင်လာတဲ့ လေ က အဲ့ ပူနေတဲ့ ဝါယာကြိုးကို အေးစေမယ်။
အေးသွားတာကို အရင်လိုပြန်ပူအောင် လျှပ်စစ်ထပ် ်ပေးရမယ်။ လေ များများဝင်ရင် များများအေးမယ်။ လျှပ်စစ်များများပေးရမယ်။ အဲ့ လျှပ်စစ် အပြောင်းအလဲ ကနေ ECU က ဝင်လာတဲ့ လေပမာဏ အနည်း အများကို သိရှိမှာပါ။ MAF ဟာအဝင်လေရဲ့ ပမာဏကို တိုက်ရိုက်တိုင်းတာခြင်းဖြစ်သောကြောင့် လေဖိအားအပြောင်းအလဲနှင့်မဆိုင်ပေ။ MAF sensor များတွင် Intake Air Temperature sensor (IAT) ပါတွဲပါတတ်သည်။ Hot wire MAF တွေက response မြန်ပြီး တခြား MAF အမျိုးအစားတွေထက် အကြမ်းခံပါတယ်။
ကြိုက်တဲ့ ပတ်လည်နေရာမရွေး (any orientation) တပ်ဆင်နိုင်ပြီး လေဝင်လမ်း ကြောင်းကိုလည်း မပိတ်ဆို့တဲ့အပြင် super charger, turbo charger တို့နဲ့လည်းတွဲသုံးနိုင်ပါတယ်။ ဒါပေမယ့် sensor ကညစ်ပတ်လွယ်ပါတယ်။ ဂျီးတက်သွားရင် မမှန်တော့ပါဘူး။ လေအဝင် ဖိအားကို မမှုပေမယ့် တစ်ခါတရံ sensor ကို လေ ဝင်တိုက်တဲ့ အခါ ရှေ့လေနဲ့ နောက်လေကို ထပ်ခါထပ်ခါတော့ မှတ်တတ်ပါတယ်။ Horse power အမြင့်ကားတွေမှာ တော့အဆင်မပြေဘူးလို့ သိရပါတယ်။ ECU က တွက်ချက်မှု ရလာဒ်ကတော့ voltage ဘယ်လောက်မှာ လေ ဘယ်လောက် kg/h ရှိတယ် ဆိုတာပါပဲ။ အဲ့ result နဲ့ IAT result နဲ့ ပေါင်းပြီး လိုအပ်တဲ့ ဆီပမာဏကို ထည့်ပေးတာပါ။ ဒါကြောင့် MAF မမှန်ရင် ဆီစားတယ်ပြောကြတာပေါ့။
MAP (Manifold Absolute Pressure Sensor) ကတော့ flexible resistance material (silicon alloyအသုံးများပါတယ်) ကို sensing ပစ္စည်းအဖြစ် သုံးပြီး အဝင်လေလိုင်း Intake manifold ထဲက ဖိအားကိုတိုင်းပါတယ်။ Mitsubishi ကားတွေမှာ MAP သုံးတာများပါတယ်။ သူ့ရဲ့ result ကတော့ တိုင်းတာရရှိတဲ့ voltage ဘယ်လောက်မှာ ဖိအား PSI (တစ်လက်မပတ်လည်ဧရိယာမှာ ပေါင်ဘယ်လောက်) ဆိုတာကို လေအပူချိန်နဲ့တွဲပြီး အဝင်လေရဲ့ သိပ်သည်းမှု density ကိုECU ကတွက်ချက်ပြီး ကားရဲ့ဝန်ကိုသိရှိပြီး လိုအပ်တဲ့ ဆီ ထည့်ပေးတာပါ။
MAF sensor ထက် လေပမာဏ များများကို တိုင်းနှိုင်လို့ Hp အမြင့်ကားတွေမှာ အဆင်ပြေပါတယ်။ MAF ထက် အညစ်ပတ်လည်းခံပါတယ်။ engine tuning လုပ်ဖို့တော့ MAF ထက်ခက်တယ်လို့သိရပြီး engine modification လုပ်လို့လည်းအဆင် ်မပြေပါဘူး။ နေရာ အနိမ့်အမြင့်(တောင်ပေါ် မြေပြန့်) အလိုက် ဖိအားကွာခြားမှုကိုတော့ သိပ်မခံနိုင်ပါ။ ကားအမျိုးမျိုးမှာတော့ MAF ရော MAPရော တပ်ဆင်ကြပြီး တချို့ကားတွေမှာ ၂ မျိုးလုံး တစ်လုံး လွတ် တစ်လုံးမိ ဆိုပြီး တပ်တာလည်းရှိပါတယ်။
Major Minor ကွာတာတော့ရှိပါတယ်။ တချို့ MAF ကားတွေမှာ တော့ EGR valve ကို testing လုပ်ဖို့ MAP ကို minor သဘောမျိုးတပ်တာလည်းရှိပါတယ်။ ဒီလောက်ဆိုရင် ကိုယ့်ကားကိုယ် ဖွင့်ကြည့်ပြီး MAF MAP ခွဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်....
Source:Lin Htet (Engineering Explained)