ဟွန်ဒါ လျှပ်စစ်စကူတာ အင်ဒိုနီးရှားတွင် မိတ်ဆက်


ဟွန်ဒါ လျှပ်စစ်စကူတာ အင်ဒိုနီးရှားတွင် မိတ်ဆက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Honda Motor သည် အင်ဒိုနီးရှားတွင် ၎င်း၏ ပထမဆုံး လျှပ်စစ်မော်တော်ဆိုင်ကယ် မော်ဒယ်များကို မိတ်ဆက်သည်။

ဟွန်ဒါ၏  လျှပ်စစ် EM1 e: စကူတာသည် အင်ဒိုနီးရှားဈေးကွက်တွင် ပထမဆုံး ရောင်းချသည့် ဟွန်ဒါ လျှပ်စစ် ၂ ဘီးယာဉ်မော်ဒယ် ဖြစ်သည်။ EM1 e: စကူတာကို လာမည့် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှာလည်း စတင်ရောင်းချမည် ဖြစ်သည်။
ဂျပန်တွင် ရောင်းဈေးမှာ ယန်း ၃ သိန်း ($2,100) ဖြစ်သည်။ ခရီးတာ ၅၃ ကီလိုမီတာအထိ သွားနိုင်သည်။

ဟွန်ဒါသည် အင်ဒိုနီးရှားတွင် နောက်ထပ် မော်ဒယ် ၂ ခု ရောင်းချရန် စီစဉ်ထားသည်။ 
၂၀၃၀ တွင် e-motorbike မော်ဒယ် ၇ မျိုး ရောင်းချမည် ဖြစ်ပြီး  စီးရေ ၁ သန်း ရောင်းချရန် ရည်မှန်းထားသည်။ 
မော်ဒယ်များတွင် အားသွင်းရသည့် မော်ဒယ်များ၊ ဘက်ထရီထုပ် ဖြုတ်လဲသည့် မော်ဒယ်များ ပါဝင်မည်။

 ဟွန်ဒါသည် အင်ဒိုနီးရှားတွင် e-motorbike များ ထုတ်လုပ်ရန် စက်ရုံများ ထားရှိရန် စဉ်းစားချင့်ချိန်နေသည်။

ဟွန်ဒါသည် ၂၀၃၀ တွင် ကမ္ဘာတလွှား e-motorbike အစီးရေ ၃.၅ သန်း ရောင်းချရန် မျှော်မှန်းထားသည်။ ၃၀% ကို အင်ဒိုနီးရှားဈေးကွက်တွင် ရောင်းချမည်။
ထုတ်သမျှ နှစ်ဘီးတပ်ယာဉ်အားလုံး ၂၀၄၅ တွင် လျှပ်စစ်နှစ်ဘီးတပ်ယာဉ် ဖြစ်ရန် ရည်မှန်းချက် ချမှတ်ထားသည်။

အင်ဒိုနီးရှားမော်တော်ဆိုင်ကယ်စက်မှုလုပ်ငန်းအသင်းမှ အဆိုအရ ယမန်နှစ် ၂၀၂၂ တွင်  နှစ်ဘီးတပ်ယာဉ် အစီးရေ ၅.၂၂ သန်း ရောင်းချခဲ့သည်။
ဂျာမနီမှ Statista အဆိုအရ ၂၀၂၂ မှာ အရှေ့တောင်အာရှ နှစ်ဘီးတပ်ယာဉ် အစီးရေ ၁၀.၆ သန်း ရောင်းချခဲ့သည်။ သို့ဖြစ်ရာ အာဆီယံ ရောင်းအား၏ ထက်ဝက်ဝန်းကျင်ကို အင်ဒိုနီးရှားတွင် ရောင်းချခဲ့သည်။
တရုတ်နိုင်ငံတွင် အစီးရေ ၁၅.၅ သန်း၊ အိန္ဒိယနိုင်ငံတွင် အစီးရေ ၁၂.၆ သန်း ရောင်းချခဲ့သည်။

ဟွန်ဒါသည် အင်ဒိုနီးရှားဈေးကွက်တွင် ဈေးကွက်ဝေစု ၈၃% ရရှိထားသည်။ 
ယာမဟာသည် ဒုတိယနေရာတွင် ရပ်တည်နေသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 393 times