EFI ဆိုတာ


EFI ဆိုတာ Electronic Fuel Injection ကို ခေါ်တာပါ။

လျှပ်စစ်အထောက်အကူပြု ဆီပေးစနစ်လို့ ခေါ်ပါတယ်။ ရည်ရွယ်ချက်က တစ်ခုထဲပါ။သဘာဝပတ်ဝန်းကျင်ညစ်ညမ်းဂတ်စ်တွေ ထုတ်လွှတ်မှုကို လျှော့ချဖို့ပါ။

ဆီကြွေးများနေတဲ့ ယိုယွင်းသွားရင်အချိန်အတိုင်းတာတစ်ခုအထိ ကိုယ့်ဘာသာ မပြုပြင်နိုင်တဲ့ကာဘရိုက်တာနေရာမှာ အနည်းငယ်ယိုယွင်းသည့်တိုင် ကိုယ့်ဘာသာ ထိမ်းကြောင်း ပြုပြင်နိုင်မယ့် EFI ကို အစားထိုးတပ်ဆင်လာကြတာပါ။ 12:1 လေဆယ့်နှစ်ဆမှာဆီတစ်ဆ အကောင်းဆုံးရောစပ်ပေးနိုင်တဲ့ ကာဘရိုက်တာဟာ ဆီအနည်းငယ်ပိုမိုများပြားနေပါတယ်။


တကယ် Complete combustion ဖြစ်ဖို့လိုအပ်တဲ့ ဆီလေအချိုးဟာ 14.7:1 ပါ။ ဒါကို အတိအကျ ရောစပ်နိုင်တာ efi စနစ်ပဲဖြစ်ပါတယ်။ ကာဘရိုက်တာတစ်လုံးဟာ စက်ရုံထွက်ကတည်းက 12:1 ဆိုတဲ့အရောဟာ အကောင်းဆုံးအရောဖြစ်ပးီတော့ ဆီမသန့်တာနဲ့ လေမသန့်တာတွေကြောင့် fuel inlet အပေါက်လေးတွေ ကျယ်သွားတဲ့အခါ ဆီလေအရောမှာ ဆီပမာဏ ပိုမိုများလာပါတယ်။အဲ့အခါ ပိုင်ရှင်က စနစ်တကျ service ယူပီး kit ထုပ်လေးတွေ လဲလှယ်ခြင်း ဘာညာမလုပ်ခဲ့ရင် co ဓါတ်ငွေ့ ထုတ်လွှတ်မူဟာ များပြားလာပီးတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာစေပါတယ်။

efi ကကျတော့ တိကျတဲ့ဆင်ဆာတွေရဲ့ထောကိလှမ်းမူနဲ့ အဆိုးဆုံး အင်ဂျင်တာအပေါက်တွေ မကျယ်ခင်အထိ အကောင်းဆုံးရောစပ်မူကို ထုတ်လုပ်ပေးနိုင်သေးလို့ efi ဟာ လက်ရှိခေတ်ပေါ် ဆီပေးစနစ်ထဲမှာ အကောင်းဆုံး ဖြစ်နေတာပေါ့ဗျာ။ ဝါယာလိုင်းတွေအနည်းငယ် ပိုမိုရှုပ်ထွေးသွားတာကလွဲလို့ efi ဟာ ရိုးစင်းတဲ့ စနစ်တစ်ခုပါ။ ဆင်ဆာတစ်ခုခြင်းဆီရဲ့ အချက်လက်တွေယူပြီးတော့ micro computer လို့ခေါ်တဲ့ ကွန်ပြူတာအသေးစားလေးကနေ အတိအကျ လိုအပ်တဲ့ဆီလေအရောက်ု တွက်ချက် စစ်ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော စနစ်ပါ။

ပတ်ဝန်းကျင်အပူချိန် /ဝင်လာတဲ့လေရဲ့ပမာဏ /အင်ဂျင်ရဲ့ပကတိအပူချိန်/ ပင်လယ်ရေမျက်နှာပြင်အထက်ပေအမြင့် စသည်ဖြင့် တိကျစွာ အာရုံခံထောက်လှမ်းပီးမှ လိုအပ်တဲ့ဆီလေအရောကို တွက်ချက်ပေးနိုင်လို့ အင်ဂျင်ပါဝါလဲ ပိုမိုထွက်လာစေနိုင်သလို ငြိမ့်ညောင်းတဲ့အင်ဂျင်က်ုလဲ ခံစားစေပါတယ်။ electronic ပစ္စည်းတွေ ပါဝင်လို့အနည်းနဲ့အများတော့ အထိခိုက်မခံနိုင်ပါဘူး။


input sensors တွေရဲ့ အချက်ပေးမူတွေနဲ့ control ပိုင်း ကို ECM ( electronic control module ) က ထိမ်းချုပ်ပီး out put အဖြစ် စီမံခန့်ခွဲမူတွေကို လုပ်ဆောင်စေပါတယ်။သူ့ရဲ့ဆင်ဆာတွေနဲ့ EFI စနစ်ကြီးတစ်ခုလုံးကို ဘယ်လိုဖွဲ့စည်းထားသလဲဆိုတာကိုတော့ ဆောင်းပါးအဆုံးမှာ နားလည်လိမ့်မယ် ထင်ပါတယ်။ မခက်ပေမယ့်ရှုပ်တဲ့အပိုင်းမို့ သေချာတော့ လေ့လာစေ့ချင်ပါတယ်။

ကမ္ဘာပေါ်မှာ emission လို့ပြောကြတဲ့ ညစ်ညမ်းဂတ်ထိမ်းချုပ်စနစ်ကြောင့် ဆိုင်ကယ်လောကရဲ့ အကြီးမားဆုံး အပြောင်းလဲကြီးနှစ်ခုကို ရင်ဆိုင်ခဲ့ရတယ်။ ပထမတစ်ခုက 2 stoke တွေနဲ့ 4 stoke အပြောင်းအလဲဖြစ်ပီးတော့ ဒုတိယတစ်ခုက ကာဘရိုက်တာနဲ့ efi အပြောင်းအလဲပါ။ ဒီအပြောင်းအလဲ နှစ်ခုဟာ သိသာတဲ့ ရိုက်ချက်တွေနဲ့ ဖြစ်လာတဲ့အပြောင်းအလဲတွေပါပဲ။


ခုပြောပြနေတာက EFI ရဲ့ သမိုင်းကြောင်းပါ။ EFI ရဲ့ Extra service တွေလဲရှိပါသေးတယ် ဘာတွေလဲဆိုတော့ ABS ဘရိတ်လို စနစ်မျိုးတွေနဲ့ Service interval control လို စနစ်တွေပါ။ BMW တွေဟာ ဆားဗစ်ဝင်ပီးတိုင်း ECU ထဲကို ဒါတွေလုပ်ပီးပီဆိုတဲ့အကြောင်း အချက်လက်တွေထည့်ပေးရပါတယ်။ မထည့်ပေးခဲ့ရင် ECU က ပုံမှန်ဆားဗစ်မဝင်ဘူးလို့သတ်မှတ်ပီး စီးမရတော့အောင် အင်ဂျင်ကို စက်ပေးမနိူးတော့ပါဘူး။ သူတို့အရည်အသွေးအတွက် ထိန်းချုပ်စနစ်ကို ECU ထဲမှာ ထည့်သွင်းလာတာပါ။

နောက်တစ်ခုက Ristric လို့ခေါ်တဲ့ အကန့်သတ်တွေကိုလဲ ECU တွေထဲမှာ ထည့်သွင်းလာကြပါတယ်။ သတ်မှတ်ကီလို ဘယ်လောက်ထိပဲ စီးလို့ ရရမယ်။ တကယ်လို့ အဲ့ထက် မြင်းကောင်ရေပိုတက်ချင်ရင် Remap ပြန်လုပ် root ဖေါက်သလိုပဲ နဂိုချုုပ်တည်းမူတွေချိုးဖေါက်ပီးတော့ ကိုယ်လိုချင်တဲ့အရှိန်နဲ့ မြင်းကောင်ရေ အပြည့်ထွက်အောင် midification လုပ်ကြတာပါ။ တသီးတသန့်အခကြေးငွေနဲ့ လုပ်ပေးနေတဲ့ အဖွဲ့စည်းတွေ နိုင်ငံရပ်ခြားမှာ ရှိပါတယ်။

နောက်တစ်ချက်က trubo charger လိုဟာမျိုးတပ်မယ်ဆိုရင် ECU ကို Remap ပြန်လုပ်မှ မြင်းကောင်ရေ တက်ပါတယ်။ ဒါက ဟွန်ဒါ ယာမဟာ ဘီးလေးတွေမှာ မပါနိုင်တဲ့အကြောင်းတွေပါ။ အမှားတစ်စုံတရာပါခဲ့မယ်ဆိုရင်လဲ ကျွန်တော် ရဲရင့်သာဝေပိုင်ရဲ့ လိုအပ်ချက်ဖြစ်လို့ထောက်ပြပေးကြဖို့ ပြောချင်ပါသေးတယ်။ အိုကေ ဒါဆို ယေဘုယျ EFI စနစ်တစ်ခုရဲ့ ဖွဲ့စည်းပုံကို လေ့လာကြမယ်။ ပထမဆုံး ပြောပြချင်တာက EFI ရဲ့ သဘောသဘာဝပါ။ ပုံမှာကြည့်ပါ။ Input ဆိုတဲ့ ထည့်သွင်းခြင်းအပိုင်းမှာ ဆင်ဆာတစ်ခုခြင်းစီကိုတွေ့ရပါ့မယ်။

input sensor
-----------------

MAP (Manifold absolute pressure ) မန်နျူဖို့လေစုပ်အားအာရုံခံ

IAT ( intake air temperature ) အဝင်လေအပူချိန်အာရုံခံ

TP (Throttle position )လီဘာတံခါးအာရုံခံ

EOT ( engine oil temperature ) အင်ဂျင်ဝိုင်အပူချိန်အာရုံခံ

ECT ( Engine coolent temperature )အင်ဂျင်အအေးခံရေအပူချိန်အာရုံခံ

CKP ( crank shaft positon) ကရိုင်းတည်နေရာအာရုံခံ

O2 ( Oxygen ) အောက်ဆီဂျင် ဆင်ဆာ

VSS (vehicle speed sensor) ယဉ်အမြန်နှုံးအာရုံခံဆင်ဆာ

BAS ( bank angle sensor) ယဉ်အတိမ်းစောင်းအာရုံခံဆင်ဆာ

MAF ( mass air flow) အဝင်လေထုထည်

စသည့် အဝင်ဆင်ဆာပိုင်းတွေဖြစ်ပီးတော့ control အပိုင်းမှာတော့ ECU/PCM/ECM/EEC / Engine control unic /progemmable control module /electronic control module / Electronic engine control စသည်ဖြင့် ကုမ္ပဏီများအပေါ် မူတည်ပီးတော့ အမည်မှည့်ခေါ်မူတွေ ကွဲပြားခြားနားပါတယ်။ အဓိကကတော့ ကွန်ပြူတာဘောက်စ် ပါပဲ။ Micro computer လို့လဲ ခေါ်ကြပါသေးတယ်။


output

ဒီအပိုင်းမှာက အဓိအားဖြင့် ကွန်ထရိုးဘောက်စ်ကနေ ကျလာတဲ့ဆုံးဖြတ်ချက်အရ ဆီတိုင်ပင်နဲ့အခြားတိုင်ပင်တွေကို ထိန်းကြောင်းလွှတ်ပေးရတာပါ။ output အပိုင်းတွေအနေနဲ့က injector ( ဆီဖြန်းဂေါင်း) / plugcoil( မီးပေါက်ကွိုင်) / IACV (Idle air control velve)စလိုးလေလမ်းကြောင်းချိန်ညှိဘား / ABS (anti-lock brake system)ဘီးသေခြင်းထိမ်းချုပ်စနစ် / fuel pump(ဆီပန့်) / MIL(ချက်ခ်မီး)စတဲ့အရာတွေပါ။ ဟွန်ဒါ အမျိုးအစားEFI စနစ်တွေမှာ မှတ်ဉာဏ်ပါရှိပီးတော့ ယာယီ Error code တွေကို ထိမ်းသိမ်းထားနိုင်တယ် ပီးတော့ ဖျက်ပစ်လို့လဲရပါတယ်။ error ရှင်းတယ် ဆိုတာ ecu reset ချတာကို ခေါ်တာပါ။

Read 1506 times