ဂျာမနီတွင် ဓာတ်ဆီဆိုင်အားလုံးကို လျှပ်စစ်ကား အားသွင်းရန် စီစဉ်ထားရန် ပြဌာန်း


ယူအက်စ်အေဘီလီယံ ၁၃၀ (ဒေါ်လာ ၁၄၆ ဘီလီယံ) စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် မော်တော်ယာဉ်များအတွက် ဝယ်လိုအားကို ဖြည့်ဆည်းရာတွင် ကားများ လျှပ်စစ်ဓာတ်အားသွင်းရန်အတွက် စီစဈ်ထားရန် ဓာတ်ဆီဆိုင်အားလုံးမှာတာဝန်ရှိသည်ဟု ဂျာမနီအာဏာပိုင်တို့က ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ယာဉ်ဝယ်လိုအား သိသိသာသာမြှင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်ရာ
လေထုညစ်ညမ်းမှု ပိုများသော အင်ဂျင် အကြီးစားများ တပ်ဆင်ထားသည့် SUV မော်တော်ယာဉ် ပိုင်ဆိုင်သူများကို အခွန် တိုးမြှင့် စည်းကြပ်သွားမည်ဖြစ်ပြီး လျှပ်စစ်ကားအသစ် ဝယ်ယူသူတို့ကို အစိုးရမှ ထောက်ပံ့ငွေ ယူရို ၆၀၀၀ ချီးမြှင့်သွားမည် ဖြစ်သည်။

ဂျာမနီတွင် ပြီးခဲ့သည့် နှစ်က အိမ်စီးကားအသစ် ယာဉ်မှတ်ပုံတင်ခြင်းတွင် လျှပ်စစ်ကားသည် ၁ .၈ % သာ ရှိသည်။ ဒီဇယ်ကား ၃၂ % ရှိပြီး ဓာတ်ဆီကား ၅၉ . ၂ % ရှိသည်။
ပြီးခဲ့သည့် မေလတွင် ယာဉ်အသစ် စီးရေ ၅၅ ၇၈ ရှိရာတွင် လျှပ်စစ်ကားမှာ ၃ .၃ % သာ ပါဝင်ခဲ့သည်။
လျှပ်စစ်ကား ဝယ်မစီးကြသည့် အဓိက အကြောင်းတစ်ချက်မှာ ဘက်ထရီ အားသွင်းရန် နေရာများ နည်းပါးနေသဖြင့် ခရီးတာဝေးဝေး မောင်းနှင်ရန် အခက်အခဲ ရှိနေသည်။ အားသွင်းရန် နေရာတစ်ဝိုက်သာ သွားလာကြရသည့် ကန့်သတ်ချက် ရှိနေသဖြင့် ဆီဆိုင်တိုင်းမှာ အားသွင်းဖို့ စီစဉ်ထားရန် ပြဌာန်းရခြင်း ဖြစ်သည်။

 

ဂ်ာမနီတြင္ ဓာတ္ဆီဆိုင္အားလုံးကို လွ်ပ္စစ္ကား အားသြင္းရန္ စီစဥ္ထားရမည္

ယူအက္စ္ေအဘီလီယံ ၁၃၀ (ေဒၚလာ ၁၄၆ ဘီလီယံ) စီးပြားေရးျပန္လည္ထူေထာင္ေရးအစီအစဥ္၏တစ္စိတ္တစ္ပိုင္းအေနႏွင့္ ေမာ္ေတာ္ယာဥ္မ်ားအတြက္ ဝယ္လိုအားကို ျဖည့္ဆည္းရာတြင္ ကားမ်ား လွ်ပ္စစ္ဓာတ္အားသြင္းရန္အတြက္ စီစဈ္ထားရန္ ဓာတ္ဆီဆိုင္အားလုံးမွာတာဝန္ရွိသည္ဟု ဂ်ာမနီအာဏာပိုင္တို႔က ေျပာၾကားခဲ့သည္။

လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ဝယ္လိုအား သိသိသာသာျမႇင့္တင္ရန္ ေဆာင္႐ြက္သြားမည္ ျဖစ္ရာ
ေလထုညစ္ညမ္းမႈ ပိုမ်ားေသာ အင္ဂ်င္ အႀကီးစားမ်ား တပ္ဆင္ထားသည့္ SUV ေမာ္ေတာ္ယာဥ္ ပိုင္ဆိုင္သူမ်ားကို အခြန္ တိုးျမႇင့္ စည္းၾကပ္သြားမည္ျဖစ္ၿပီး လွ်ပ္စစ္ကားအသစ္ ဝယ္ယူသူတို႔ကို အစိုးရမွ ေထာက္ပံ့ေငြ ယူ႐ို ၆၀၀၀ ခ်ီးျမႇင့္သြားမည္ ျဖစ္သည္။

ဂ်ာမနီတြင္ ၿပီးခဲ့သည့္ ႏွစ္က အိမ္စီးကားအသစ္ ယာဥ္မွတ္ပုံတင္ျခင္းတြင္ လွ်ပ္စစ္ကားသည္ ၁ .၈ % သာ ရွိသည္။ ဒီဇယ္ကား ၃၂ % ရွိၿပီး ဓာတ္ဆီကား ၅၉ . ၂ % ရွိသည္။
ၿပီးခဲ့သည့္ ေမလတြင္ ယာဥ္အသစ္ စီးေရ ၅၅ ၇၈ ရွိရာတြင္ လွ်ပ္စစ္ကားမွာ ၃ .၃ % သာ ပါဝင္ခဲ့သည္။
လွ်ပ္စစ္ကား ဝယ္မစီးၾကသည့္ အဓိက အေၾကာင္းတစ္ခ်က္မွာ ဘက္ထရီ အားသြင္းရန္ ေနရာမ်ား နည္းပါးေနသျဖင့္ ခရီးတာေဝးေဝး ေမာင္းႏွင္ရန္ အခက္အခဲ ရွိေနသည္။ အားသြင္းရန္ ေနရာတစ္ဝိုက္သာ သြားလာၾကရသည့္ ကန႔္သတ္ခ်က္ ရွိေနသျဖင့္ ဆီဆိုင္တိုင္းမွာ အားသြင္းဖို႔ စီစဥ္ထားရန္ ျပဌာန္းရျခင္း ျဖစ္သည္။

Read 1587 times