ကိုယ့်သေတွင်း ကိုယ်တူးမိသည့် ဆိုင်ဘာထရပ်ဟု အီလွန်မတ်စ် ပြောကြား


ကိုယ့်သေတွင်း ကိုယ်တူးမိသည့် ဆိုင်ဘာထရပ်ဟု အီလွန်မတ်စ် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

  • တက်စလာ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ် က ဆိုက်ဘာထရပ်၏ ထူးခြားသောဒီဇိုင်းသည် ထုတ်လုပ်မှုကို တိုးချဲ့ရာတွင် စိန်ခေါ်မှုတစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။
  • ဆိုင်ဘာထရပ် ထုတ်လုပ်မှု အရင်းကြေပြီး အမြတ်စရဖို့ အချိန်အတိုင်းအတာတခု ကြာဦးမည်ဟု သူက ပြောကြားသည်။
  • ဆိုင်ဘာထရပ်ပစ်ကပ်သည် ၂၀၁၉ ခုနှစ်တွင် ကြေညာခဲ့ပြီးကတည်းက နှောင့်နှေးမှုများနှင့် ထုတ်လုပ်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။
  • Tesla သည် Cybertruck ဖြင့် "ကိုယ့်သေတွင်း ကိုယ်တူးမိပြီ"ဟု သူက မှတ်ချက်ပြုသည်။

 ကုမ္ပဏီအနေဖြင့် ဆိုင်ဘာထရပ် လျှပ်စစ်ပစ်ကပ်ကားများ ထုတ်လုပ်မှုကို အရှိန်မြှင့်ရန် နှစ်အတန်ကြာ အချိန်ယူရဦးမည်ဟု မတ်စ်က သတိပေးသည်။

တက်စလာက ၂၀၂၅ ခုနှစ်တွင် ဆိုင်ဘာထရပ် တစ်နှစ်လျှင် အစီးရေ ၁၂၅,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း တကယ့်လက်တွေ့တွင် Cybertruck ၏ ထူးခြားသောဒီဇိုင်းသည် အစီးရေ တိုးမြှင့်ထုတ်လုပ်ရေးအတွက် မဟာစိန်ခေါ်မှုကြီး ဖြစ်နေသည်။

Elon Musk သည် Cybertruck ကို အတုံးကလေးများ ဆက်သည့် Lego အတုံးကဲ့သို့ အတိအကျ ဒီဇိုင်းထုတ်သင့်သည်ဟု Tesla ဝန်ထမ်းများထံ ဩဂုတ်လတွင် အီးမေးလ်တစ်စောင် ပေးပို့ခဲ့သည်။ အတိုင်းအတာ အလွန်တိကျရမည်။ ၁၀ မိုက်ခရွန်ထက် ပိုမိုကွဲလွဲခြင်း မရှိစေရဟု ဆိုသည်။ 
တစ် မိုက်ခရွန် micron သည် တစ်မီလီမီတာ၏ အပုံ တစ်ထောင်ပုံ တပုံနှင့် ညီမျှပါသည်။
 
"ကျွန်တော်တို့ Cybertruck နဲ့ ကိုယ့်သေတွင်း ကိုယ်တူးမိပြီ"ဟု မတ်စ်က ပြောကြားသည်။

"ဆိုက်ဘာထရပ်ဟာ အချိန်ကာလ အတော်ကြာမှ တကြိမ်တခါသာ ထွက်လာတတ်တဲ့ အထူးတလည် ထုတ်ကုန်တွေထဲက တစ်ခုပါ။ အဲဒီလို အချိန်ကာလ အတော်ကြာမှ တကြိမ်တခါသာ ထွက်လာတတ်တဲ့ အထူးတလည် ထုတ်ကုန်မျိုးက ဈေးကွက်ထဲ အမြောက်အမြား ရောက်ဖို့၊ အောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲပါတယ်"ဟု မတ်စ်က ပြောကြားသည်။

တက်စလာက ဆိုက်ဘာထရပ်ကို နိုဝင်ဘာလ ၃၀ ရက်တွင် စတင်ရောင်းချမည်ဟု ကြေညာထားသည့်အပေါ် မျှော်လင့်တကြီး ဖြစ်နေကြခြင်းကို စိတ်လျှော့ထားစေလိုကြောင်း မတ်စ်က ပြောကြားသည်။

အစီးရေ တိုးမြှင့်ထုတ်လုပ်ရန် အခက်အခဲများ ရှိနေသည့်အတွက် ဆိုက်ဘာထရပ် ထုတ်လုပ်မှု လုပ်ငန်းလည်ပတ်ရာတွင် ငွေလည်သည့်အဆင့်ရောက်ဖို့ ၁၈ လခန့် ကြာမည်ဟု မတ်စ်က ပြောသည်။ 
Source businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 9055 times