ကိုဗစ်ကြောင့် အရည်ကြို ကားအပ်တာ ရပ်သွားပြီဆိုတာ….???


ကညန ရုံးများ Covid-19 ဒုတိယအကြိမ်ကူးစက်မှု့ ပြင်းထန်သောကြောင့် ၁၁၊၉၊၂၀၂၀ နေ့ရက်မှ ပိတ်ထားခဲ့တာ အခုအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။

၂၉၊၉၊၂၀၂၀ နေ့ရက်တွင် နိုင်ငံဝန်ထမ်းများအတွက် ကားဝယ်ယူခွင့်ပြုကြောင်း သတင်းထုတ်ပြန်ပြီး ကညန ကနဦးမှတ်ပုံတင်လုပ်ငန်းများ သက်တမ်းတိုး လုပ်ငန်းများ မလုပ်နိုင်သေးသဖြင့် ကားစျေးကွက် ငြိမ်နေသယောင်ရှိနေခဲ့ပါတယ်။ အောက်တိုဘာ လအလယ်ပိုင်းလောက်မှာ ဇန်နဝါရီ၂၀၂၁ မှ စပြီး ၂၀၀၁မော်ဒယ်အထိ အပ်နှံယာဥ်ခွင့်ပြုကြောင်း သတင်းများထွက်ပေါ်လာခဲ့သောအခါ ကားလောကမှာ သို့လော သို့လော အသံများနဲ့ ၂၀၀၁ ယာဥ်ပိုင်ရှင်များ အနည်းငယ်လှုပ်လာခဲ့ပါတယ်။

အများစုက အရည်ကြိုစနစ်ပျောက်ကွယ်သွားပြီ ဖျက်သိမ်းသွားပြီလို့ ယူဆထားပုံရပါတယ်။ နှစ်၂၀ စလစ် စနစ်မရှိတော့ဘူးဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။

အများကြီးမကြည့်ပါနဲ့ နယ်လိုင်စင်ကားကို နှစ်၂၀အပ်မယ်ဆိုရင် နယ်လိုင်စင်မှာ Free Permit နဲ့ ကပ်လို့ ရနေလို့ နယ်ကားဟောင်းတစ်စင်းပိုင်ဆိုင်ထားသူဟာ ဘာလုပ်လို့ ဘာကိုင်ရမလဲဖြစ်နေပါလိမ့်မယ်။

စလစ်စနစ်ဖျက်လိုက်ရင် လက်ရှိကားဟောင်းတွေကို မသုံးချင်တော့ဘူးဆိုရင် ဒီတိုင်းထိုးထားလိုက်ရတော့မှာပဲဖြစ်ပြီး ဘာမှပြန်မရပဲ ဒီအတိုင်း ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။ သို့လောသို့လော ဖြစ်စေတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ယခုအခါ ၂၀၀၁ အထိ အပ်နှံခွင့်ပြုမှာ ဖြစ်ပါတယ်။

အဲဒီလို အပ်နှံတယ် ဆိုရာမှာ အပ်မဲ့ သူရဲ့ ဆန္ဒအတိုင်းသာ ဌာနက ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။ နှစ်၂၀သက်တမ်းပြည့်ပြီ မအပ်ပဲစီးနေရင်ရော ရသေးလား။

ရတာပေါ့၊ ခင်ဗျားကားဟာ ၂၀၀၀မော်ဒယ် Landcruiser ကားဆိုရင် အရည်ကြိုအပ်တော့မှာလား၊ ဆက်စီးမှာလား။ အဖြေက ဆက်စီးမှာပဲဖြစ်ပါတယ်။ မိမိဆန္ဒအလျှောက်အပ်ချင်တဲ့ ကားကို အပ်ခွင့်ရှိပြီး ၊ ဆက်လက်မှတ်ပုံတင်မယ်ဆိုရင် တင်ထားခွင့်ရှိပါသေးတယ်။

ထိုနည်းတူစွာပဲ တိုက်ကြေစလစ် ဖောက်စွပ်စလစ်တွေကိုပိတ်လိုက်မယ် ခွင့်မပြုတော့ဘူးဆိုရင် ပိုင်ရှင်တွေအနေနဲ့ နစ်နာဆုံးရှုံးမှု ပိုများဖို့ပဲရှိပါတယ်။ ဒါ့ကြောင့် အရည်ကြိုကားစလစ် စနစ်ဟာလတ်တလောမှာ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ဝယ်လိုအားပေါ်မှာ မူတည်ပြီး စျေးကွက်ပမာဏ ​တဖြည်းဖြည်းသေးငယ်လာမယ်လို့ သုံးသပ်ပါတယ်။

Credit: တိုက်ကြေ အရည်ကြို ဖောက်စွပ် ဖျက်ဆက်

ဖျက်သိမ်းယာဉ် ထောက်ခံချက် နမူနာ

အရည်ကြိုအပ် ပုံစံ(ဃ) အတုတွေ့ရှိခြင်း ပုံစံနမူနာ

မော်တော်ယာဉ် အရောင်းပြခန်းမှ ကားဝယ်ရန် လျှောက်လွှာပုံစံ နမူနာ

Read 7028 times