ဆိုးလ်တွင် ယာဉ်ကြော စောင့်ကြည့်ရန် ဒရုန်းများကို အသုံးပြုမည်


ဆိုးလ်တွင် ယာဉ်ကြော စောင့်ကြည့်ရန် ဒရုန်းများကို အသုံးပြုမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အစိုးရသည် ၂၀၂၄ ခုနှစ်မှစတင်၍ ယာဉ်သွားယာဉ်လာ ယာဉ်ကြောအခြေအနေများကို ဒရုန်းများအသုံးပြု၍ အချိန်နှင့်တပြေးညီ စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာပါသည်။


မြေပြင်အထက်  အမြငမ့ မီတာ ၂၀၀ အကွာအဝေးမှ ရိုက်ယူထားသော ဒရုန်းဗီဒီယုိမှတ်တမ်းကို အသုံးပြု၍ ဥာဏ်ရည်တု Artificial Intelligence 
 AI  အယ်လ်ဂိုရီသမ်ဖြင့် ယာဉ်များ သွားလာနေသည့် ပုံစံများကို သုံးသပ်ကာ ဖြစ်ပေါ်လာနိုင်သည့် ယာဉ်ကြောပိတ်ဆို့မှု အခြေအနေများကို ကြိုတင်ခန့်မှန်းပေးမည် ဖြစ်သည်။

ဒရုန်းများနှင့် AI ကိုအသုံးပြုသည့် ယာဉ်လမ်းကြောင်းစီမံခန့်ခွဲမှုစနစ်ကို ဖန်တီးရန်အတွက် ဆိုးလ်မြို့တော်အစိုးရသည်၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ဆိုးလ်မြို့တော်အစိုးရသည် ဒရုန်းများနှင့် AI နည်းပညာကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်နိုင်သည့် ယာဉ်ကြောစီမံခန့်ခွဲမှုပြဿနာများကို လျင်မြန်စွာဖော်ထုတ်ပြီး တုံ့ပြန်နိုင်ရန် ‌ရည်မှန်းထားသည်။

Source koreaherald 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 159 times