ကျေးလက်တောနယ်များသည်မြို့ပြများကဲ့သို့လမ်းများတွင်ယာဉ်များမကျပ်၊ လူများမကျပ်ပဲပတ်ဝန်းကျင်မြင် ကွင်းလှလှလေးများကြည့်ရင်းကားမောင်းနိုင်သောလည်းကြိုတင်အကာအကွယ်ယူစရာများရှိပါသည်။
မြို့ပြ၏ရှုပ်ထွေးသည့်လမ်းများတွင်မောင်းနေကျလူများအတွက်မြို့စွန်နယ်ဘက်လမ်းများတွင်မောင်းရသည်မှာ အန္တရာယ်မရှိနိုင်ဟုထင်ရသော်လည်း သတိထားစရာလေးများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။
အရှိန်နှုန်းကိုသတိပြုပါ
နယ်ဘက်များတွင်လမ်းရှင်သည်ဆို၍ မိုင်နှုန်းအများကြီးနှင့်မောင်းသည်ဟုယာဉ်မောင်းများယူဆလေ့ရှိပါသည်။
အရှိန်ထိန်းသတိပေးဆိုင်းဘုတ်များမရှိသည့်အပြင်မမြင်နိုင်သည့်အန္တရာယ်နှင့်မကြုံရစေရန်မိမိကားကိုအရှိန်နှင့်သတိထားမောင်းနှင်ရန်လိုအပ်ပါသည်။
ယာဉ်များကိုသတိနှင့်ကျော်တက်ပါ။
ရှည်လျားပြီးတစ်ဖြောင့်တစ်တန်းကြီးမောင်းရသည့်နယ်ဝေးလမ်းများတွင် မိမိရှေ့မှယာဉ်ကိုကျော်တက်ရာတွင် လည်းရှေ့ယာဉ်၏အချက်ပြမှု၊လမ်းအနေအထားကိုသေချာကြည့်ပြီးမှကျော်တက်သင့်ပါသည်။
ရုတ်တရက်ပေါ်လာနိုင်သည့်အရာများအတွက်အမြဲသတိရှိပါ။
နယ်ဘက်လမ်းများတွင်ကားများရှုပ်ယှက်ခတ်ခြင်းမျိုးမရှိသောလည်းဒေသခံများကနေရာအနှံ့အပြားတွင်ရှိနိုင် သည်ကိုသတိပြုရမည်။
လမ်းမှာတောင်တက်တောင်ဆင်းလမ်း၊ အကွေ့အကောက်များသည့်နေရာမျိုးတွင်ဆိုပိုသတိထားရမည် ဖြစ်သည်။
မိမိမကျွမ်းကျင်သည့်နယ်မြေများတွင်အန္တရာယ်မှာလမ်းတစ်ကမ်းတွင်ရှိနေနိုင်သည်မို့သတိထားသင့်ပါသည်။
ထွန်စက်၊ထော်လာဂျီ၊စက်ဘီး၊ ဆိုင်ကယ်များကိုသတိထားပါ။
လယ်ယာသုံးစက်တပ်ယာဉ်အတော်များများနှင့်နယ်ဘက်မှလမ်းများဆုံကြသည့်အခါရုတ်တရက်ပြုမူလာနိုင် သည့်အခြေအနေများကိုသတိလက်လွတ်မနေပဲမောင်းနှင်ရန်လိုအပ်ပါသည်။
ရှေ့ကသွားနေရင်းနှင့်အချက်မပြပဲရုတ်တရက်ရပ်လိုက်ခြင်း၊ ကွေ့ပစ်ခြင်းများလုပ်နိုင်သည့်အပြင်ပစ္စည်းများ မတန်တဆတင်လာသည့်ယာဉ်များရှေ့တွင်ရှိနေသည့်အခါကျော်တက်ခြင်း သို့မဟုတ် နောက်ကလိုက်ခြင်းကိုသတိထားပြီးမောင်းနှင်သင့်ပါသည်။
ကျွဲ၊နွားတိရစ္ဆာန်များကိုသတိထားရှောင်ရှားပါ
နယ်ဘက်လမ်းများတွင်လွှတ်ကျောင်းထားသည့်နွား၊ ကျွဲ၊ သိုး၊ဆိတ်များအုပ်လိုက်တက်လာနိုင်သောကြောင့် ယင်းတို့ကိုတွေ့သည်နှင့်အရှိန်လျှော့ခြင်း၊ ကားကိုလုံးဝရပ်ထားခြင်းဖြစ်ဖြစ်တိရစ္ဆာန်များအကုန်ရှင်းသွားမှ ဆက်မောင်းခြင်းမျိုးလုပ်သင့်ပါသည်။
ထို့ပြင်ကားအပြင်ကိုထွက်ပြီးတိရစ္ဆာန်အုပ်ကိုကြည့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းတို့မှာလည်းအခန့်မသင့်ပါကအန္တ ရာယ်ရှိနိုင်သည့်အတွက်ကားထဲတွင်သာလုံလုံခြုံခြုံနေခြင်းမှာအကောင်းဆုံးဖြစ်ပါသည်။
ညအချိန်မောင်းခဲ့ပါကကားမီးအကြီးဖွင့်မောင်းပါ
နယ်လမ်းများတွင်ဓာတ်မီးတိုင်မရှိတတ်သောကြောင့်မှောင်ရီဝိုးတဝါးချိန်များတွင်မြင်ကွင်းကောင်းပြီး အန္တရာယ်ကင်းစေရန်ကားမီးအကြီးသာဖွင့်ပြီးမောင်းသင့်ပါသည်။