ယာဉ်မောင်းလိုင်စင်(လက်တွေ့)ဖြေဆိုသူများကိုဇွန်လတတိယပတ်မှစတင်၍ တစ်ရက်လျှင် သုံးရာဦး စစ်ဆေးပေးမည်


ယာဉ်မောင်းလိုင်စင်(လက်တွေ့)ဖြေဆိုသူများကိုဇွန်လတတိယပတ်မှစ၍ တစ်ရက်လျှင် လူဦးရေသုံးရာနှုန်းဖြင့်သာ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဇွန်လတတိယပတ်မှစ၍ ယာဉ်မောင်းလိုင်စင်(လက်တွေ့)ဖြေဆိုသူများ၏ အချက်အလက်များနှင့်ကျွမ်းကျင်မှု များကိုအသေးစိတ်စစ်ဆေးနိုင်ရန်ဖြေဆိုမည့်သူများကိုတစ်ရက်လျှင်လူဦးရေသုံးရာနှုန်းသာစစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းယာဉ်မောင်းလိုင်စင်စစ်ဆေးရေးဌာန(ရွာသာကြီး)မှသိရသည်။

ယခင်ကလာဖြေသူများသည်တစ်နေ့လျှင်ရှစ်ရာမှတစ်ထောင်ကြားရှိသောကြောင့်မနက်ရှစ်နာရီမှ ညခုနှစ်နာရီအထိလုပ်ကြသည်။

အများပြည်သူသွားလာသည့်လမ်းတွင်မောင်းနှင်မည့်ယာဉ်မောင်းတစ်ယောက်၏ ကျွမ်းကျင်မှုမှာလည်း အရေးကြီးသည့်အတွက်ယာဉ်မောင်းလာဖြေသူများ၏အချက်အလက်များကိုအသေးစိတ်စစ်ဆေးရန်နှင့် ယာဉ်မောင်းတစ်ယောက်၏ကျွမ်းကျင်မှုကိုသတ်မှတ်စံချိန်စံနှုန်းနှင့်အညီကြပ်မတ်စစ်ဆေးနိုင်ရန်အချိန်တွက်ချက်ပြီး တစ်ရက်လျှင်ဖြေဆိုမည့်သူသုံးရာကိုသာစစ်ဆေးပေးမည်ဟုသတ်မှတ်လိုက်ကြောင်းသိရသည်။

ယာဉ်မောင်းလိုင်စင်စစ်ဆေးရေးဌာန(ရွာသာကြီး)တွင်ယာဉ်မောင်းလိုင်စင်လက်တွေ့လာရောက်ဖြေဆိုသူ တစ်ရက်လျှင်ရှစ်ရာမှတစ်ထောင်ဝန်းကျင်အထိရှိနေပြီး အောင်/ရှုံးအဖြေရလဒ်ကိုချက်ချင်းအကြောင်းပြန်ပေး သည့်စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

Read 996 times