"င"လိုင်စင်အနီကနေ"ခ"လိုင်စင်အနက်ပြန်ပြောင်းမယ်


ဆရာရယ်"င"လိုင်စင်ရဖို့လေးအတွက်ကို"ခ"လိုင်စင်ကနေ ၅ နှစ်ကြီးတောင်စောင့်နေခဲ့ရတာ ရပီးသား"င"လိုင်စင်ကိုတော့"ခ"ပြန်မပြောင်းပါရစေနဲ့လို့ ဟုတ်ပါတယ် အဲ့ဒီလိုပြောကြတဲ့သူများကြမှာပါ။

ဒါပေမဲ့ အခု ကျွန်တော်ကဒီလိုမျိုးလေးပြောပြချင်ပါသေးတယ်။ တချို့က လက်ထဲမှာ"င"လိုင်စင်ကိုင်ထားတယ်။ အသက်အရွယ်အရပဲဖြစ်ဖြစ် အလုပ်ကြောင့်ပဲဖြစ်ဖြစ် အကြောင်းကြောင်းတွေကြောင့် လက်ရှိ"င"လိုင်စင်ကိုအသုံးပြုမှုမရှိတော့ဘူး တချို့ကလဲ "င"လိုင်စင်ကိုင်ထားတယ်ဆိုပေမဲ့ ကိုယ်ပိုင်အိမ်စီးကားလေးပဲမောင်းနေတော့တယ် အဲ့ဒီလိုအခြေအနေမျိုးရှိနေတဲ့သူတွေအတွက် လိုင်စင်နှုန်းထားတွေမြှင့်တက်လာတဲ့ခုချိန်အခါမှာ"င"လိုင်စင်တစ်ခုရဲ့ ငွေကုန်မှုဟာ အတော်ကြီးကိုသိသိသာသာဖြစ်လာပါတော့တယ်။

၃ နှစ်ပြည့်တိုင်းသက်တမ်းတစ်ခါပြန်တိုးရမယ်

သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်ရယ်

အာမခံကြေး = ၆၅၀၀ ကျပ်ရယ်

၃ နှစ်တစ်ကြိမ် ၈၁၅၀၀ ကျပ်ကုန်နေမယ် သက်တမ်းလေးတစ်ရက်လွန်သွားရင်ဖြင့်

၈၁၅၀၀+၂၅၀၀၀=၁၀၆၅၀၀ ကျပ်ကြီးများတောင်ကုန်မှာဗျာ

"ခ"ဆိုရင်တော့

၅ နှစ်နေမှတစ်ကြိမ်သက်တမ်းတိုးရပါမယ်

သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်

အာမခံကြေး = ၅၅၀၀ ကျပ်နဲ့

၅ နှစ်မှ ၅၅၅၀၀ ကျပ်ပဲကုန်မှာပါ သက်တမ်းတစ်ရက်လွန်ရင်လည်း ၅၅၅၀၀+၁၀၀၀၀=၆၅၅၀၀ ကျပ်ပဲကုန်မှာပါ

Readmore;ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကားတင်သင်္ဘောနှစ်စင်း ဆိုက်ကပ်ခဲ့ပြီး ကားအစီး ၅၅၀ ကျော် ကမ်းချ

"င"လိုင်စင်ဟာ ၃ နှစ်တစ်ကြိမ်

"ခ"လိုင်စင်က ၅ နှစ်တစ်ကြိမ်ကွားခြားသလို

ငွေကြေးဟာလည်းအရမ်းကွာခြားပါတယ်

ဒီတော့ အထက်ကပြောခဲ့သလို လက်ရှိ"င"လိုင်စင်ကိုအသုံးပြုမှုမရှိတော့ဘူး "င"လိုင်စင်ကိုင်ထားတယ်ဆိုပေမဲ့ ကိုယ်ပိုင်အိမ်စီးကားလေးပဲမောင်းနေတော့တယ် ဆိုတဲ့အခြေအနေမျိုးရှိနေတဲ့သူတွေအတွက် အတော်ကိုအဆင်ပြေတဲ့ ပြောင်လဲမှုပါပဲ။

အဲ့ဒီလို"င"လိုင်စင်အနီကနေ"ခ"လိုင်စင်အနက် ပြန်ပြောင်းမယ်ဆိုရင် မှတ်ပုံတင်မိတ္ထူ/မူရင်း၊ ပက်စ်ပို့ပုံ ၄ ပုံနှင့်အတူ လူကိုယ်တိုင် လက်ရှိ"င"လိုင်စင်ယူဆောင်လို့ သက်ဆိုင်ရာကညနမှာပြန်ပြောင်းလို့ရပါတယ်။ ပြောင်းပီးရင်တော့ နောက်တစ်ကြိမ်"င"ပြန်ဖြစ်ချင်လို့တော့မရတော့ပါဘူး "င"ကနေ "ခ"ကိုအောက်ပြန်ဆင်းခဲ့တာဖြစ်တဲ့အတွက် အထက်ပြန်တက်လို့မရတော့ပါဘူး ခံဝန်လေးလက်မှတ်ထိုးရပါတယ်။ ယာဉ်အသုံးပြုသူ မိဘပြည်သူများအားလုံး အခုလိုလေးလုပ်လို့ရတာကိုသိရှိပြီးတဲ့နောက် ပြောင်းချင်သူများ ပြောင်းလို့ရအောင် ဗဟုသုတမျှဝေလိုက်ပါတယ်။

Credit;ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 6152 times