ယာဉ်မောင်း လိုင်စင် လက်တွေ့ ရေးဖြေ တစ်နေရာတည်းတွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာချက်ထုတ်ပြန်ထားပါသည်။
ယာဉ်မောင်း လိုင်စင် ရေးဖြေလုပ်ငန်းအား
ယခင် တိုင်းဒေသကြီး ရုံး (ရန်ကုန်)
သံသုမာလမ်း မြင်သာ
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောင်ရွက်လျက် ရှိရာမှ
တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင်
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရေးဖြေ အဆောက်အဦ ဆောက်လုပ်ပြီးစီးပြီ ဖြစ်သဖြင့်
ယာဉ်မောင်း လိုင်စင် ဖြေဆိုခြင်း ပြန်လည် ဆောင်ရွက်သည့်အခါ
လက်တွေ့နှင့် ရေးဖြေ နှစ်မျိုးစလုံးကို တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) တွင်သာ
ဆောင်ရွက်ပေးမည် ဖြစ်သည်။