လိုင်စင်တွေသက်တမ်းလွန်တာ ကုန်သွားသူများကို အချိန်ကာလတစ်ခုထိ စောင့်ဆိုင်းပေးမည်


ယာဉ်လိုင်စင်တွေ သက်တမ်းကုန်‌နေပါလိမ့်မယ် ကုန်ခါနီးလဲဖြစ်နေပါလိမ့်မယ်။

 

ယာဉ်မောင်းလိုင်စင်တွေ၊လုပ်ငန်းလိုင်စင်တွေမကြာမီသက်တမ်းကုန်ပါတော့မယ် သက်တမ်းကုန်သွားတာလဲရှိနေပါလိမ့်မယ်။

 

စစ်မှာလေလား၊ အပြစ်ဖြစ်မှာလေးလား ၊ သုံးလုပ်ရပါမလား၊ မောင်းလို့ရပါမလား၊ အရမ်းကြီးမစိုးရိမ်ပါနဲ့ ဒီအချိန်ဒီကာလ အားလုံးနားလည်မှုရှိပါတယ်။

 

ကိုဗစ်ကြီးပြီးသွားလို့ရှိရင်တောင် အချိန်ကာလတစ်ခုအထိ သက်တမ်းလွန်တာတွေကို နားလည်ပေးမှာပါ လျှော့ပေါ့ပေးမှာပါဗျာ။

 

လျှော့ပေါ့ပေးလာအောင်လည်း လူကြီးမိဘဆရာသမားများကို ရိုသေလေးစားစွာတင်ပြ‌ပေးသွားမှာပါ။

 

ယာဉ်အသုံးပြုသူများပြည်သူများ လိုင်စင်တွေသက်တမ်းလွန်တာနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက်မဖြစ်ကြပါနဲ့ ကိုဗစ်ကြောင့်ဆိုတာကိုအားလုံးသိရှိထားလို့ မည်သည့်အစစ်ဆေးရေးအဖွဲ့ကမဆို နားလည်ပေးသွားမှာမို့ စိတ်ကြည်လင်သန့်ရှင်းစွာဖြင့် လိုရာခရီးဆက်ကြပါဗျာ။

 

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 6845 times