ယာဉ်မောင်းလိုင်စင်သက်တမ်းတိုး online booking လုပ်ဖို့ လိုပြီ


ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအတွက် ရက်ချိန်းရယူရာတွင် online booking စနစ်ကျင့်သုံးခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၆ ရက်နေ့မှစတင်ကာကျင့်သုံးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်ရုံးများတွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးဆောင်ရွက်မည့်အရေအတွက် များပြားလာသည့်အတွက် လုပ်ငန်းဆောင်ရွက်မည့်ပြည်သူများ အချိန်ကြာမြင့်စွာတန်းစီဆောင်ရွက်ရခြင်း၊ ရုံးများအတွင်း ယာဉ်ကြောကျပ်တည်းမှုများဖြစ်ပေါ်ခြင်းနှင့် လူစုလူဝေးဖြစ်ပေါ်မှု များပြားလာခြင်းတို့ကြောင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်းရယူရာတွင် online booking စနစ်သို့ လာမည့် ဇူလိုင်လ ၇ ရက်နေ့မှ စတင်ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။
Online booking စနစ်ကျင့်သုံးခြင်းအား
● က၊ က-၁၊ ခ ၊ ဃ ၊ င ယာဉ်မောင်းလိုင်စင်များအတွက် စတင်ဆောင်ရွက်ပေးမည်။
● သ ၊ ဂ ၊ ဌ ၊ စ ၊ ဟ ယာဉ်မောင်းလိုင်စင်များ၊ နယ်ဝင်နှင့် ပျောက်/ပျက် မိတ္တူဆောင်ရွက်မည့် ● ● ယာဉ်မောင်းလိုင်စင်များအနေဖြင့် online booking ရယူရန်မလိုအပ်ဘဲ ယခင်အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
● ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလိုသူများအနေဖြင့် ၃-၇-၂၀၂၀ ရက်နေ့မှစတင်ကာ online booking ကို အနည်းဆုံး ၁ ရက်မှ၊ အများဆုံး ၃၀ ရက်အထိ ကြိုတင်ရယူနိုင်ကြောင်းသိရသည်။

 

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး online booking စာရင်းသွင်းပုံ အဆင့်ဆင့်

 

 

 

 

 

 

 

Read 26441 times