အနက်"ခ"ယာဉ်မောင်းလိုင်စင်(၃)နှစ်သက်တမ်းပြည့်ရင် အညို"ဃ"ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ်။
အနက်"ခ"ယာဉ်မောင်းလိုင်စင်(၅)နှစ်သက်တမ်းပြည့်ရင် အနီ"င"ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ် ။ အညို"ဃ"ယာဉ်မောင်းလိုင်စင်(၂)နှစ်သက်တမ်းပြည့်ရင် အနီ"င"ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ်။ အဲ့ဒီလို(၃)နှစ်(၂)နှစ်(၅)နှစ်တို့ပြည့်မှ ပြောင်း(ဖြေ)လို့ရတယ်လို့ဆိုထားပေမဲ့လည်း တချို့က သက်မှတ်နှစ်ပြည့်ကာနီး လပိုင်း ရက်ပိုင်းအလိုမှာပြောင်း(ဖြေ)လို့ရမရ သိချင်နေကြပါတယ်။
မကြာမကြာမေးကြတဲ့သူတွေများလို့ဖြေပေးလိုက်ပါတယ်။ လိုင်စင်တွေဟာ သတ်မှတ်နှစ်ပြည့်မှသာနောက်တဆင့်ပြောင်းလို့ရပါတယ် တစ်ရက်ကလေးလိုရင်တောင်မရပါဘူး။ အနက်(၃)နှစ်ပြည့်လို့ အညိုပြောင်းချင်ရင် သုံးနှစ်ပြည့်ပြီးမှသာလျှင်ပြောင်းလို့ရမှာပါ အနီဆိုရင်လည်း(၅)နှစ်ပြည့်ပြီးမှရမှာပါ။ လပိုင်း ရက်ပိုင်းပဲလိုတော့တာမို့ ကြိုတင်လို့ပြောင်း(ဖြေ)လို့မရပါဘူး။
နောက်ပြီး တချို့လိုင်စင်တွေဟာ ဥပမာ မနက်ဖြန်ဆိုအနက်(၅)နှစ်ပြည့်လို့အနီပြောင်းချင်တယ် သက်တမ်းကလဲမနက်ဖြန်ဆိုပြည့်ပြီ ။ ဒီတော့ သက်တမ်းတိုးမနေတော့ဘဲတစ်ခါတည်း အနီဖြေချင်တယ် ဒါမျိုးတွေလဲရှိကြပါတယ်။ သတ်မှတ်နှစ်ပြည့်ပြီးမှလို့ဆိုထားတဲ့အတွက် သက်တမ်းတိုးပြီးမှပဲဖြေလို့ပြောင်းလို့ရမှာပါ။
တဆင့်တက်မည့် ဖြေမည့်လက်ရှိကိုင်ဆောင်ထားတဲ့လိုင်စင်တွေဟာ သက်တမ်းရှိနေရမှာပါ လက်ထဲကလိုင်စင်ဟာ(၅)နှစ်တောင်မကတော့ဘူး။ ကျော်တောင်နေပြီလို့ပြောပေမဲ့လည်း သက်တမ်းကုန်နေရင်မရပါဘူး သက်တမ်းတိုးပြီးမှရမှာပါ။
Source: ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ