ကားမောင်းရတာပြောတာသာလွယ်တာ တကယ်ကိုမျက်လုံးရော လက်ရော ခြေထောက်ရောကို သတိနဲ့လှုပ်ရှားနေရတာပါ။
ဒါကြောင့် ကားမောင်းတဲ့သူတိုင်းသတိထားသင့်တဲ့ အန္တရာယ်များတဲ့ခပ်ဆိုးဆိုးအခြေနေတွေက ဘာတွေလဲဆိုတာ…
(၁) လူလာများတတ်တဲ့၊ လူဖြတ်များတဲ့ Sign ရှိတဲ့နေရာနားရောက်ရင်အရှိန်လျော့ပါ
လူဖြတ်တတ်သည်ဆိုတဲ့ သင်္ကေတမျိုးနဲ့ဆိုင်းဘုတ်မျိုး ကိုတွေ့တဲ့နေရာမျိုးမှာ ခပ်လှမ်းလှမ်းကတည်းက ကားရဲ့အရှိန်ကိုလျော့မောင်းပေးဖို့လိုအပ်ပါတယ်။ ဒီလိုသင်္ကေတကိုတွေ့ပေမဲ့တစ်ချို့သောသူတွေကဖြတ်တဲ့သူမှမရှိသေးတာ ဆိုတဲ့အတွေးမျိုးနဲ့အရှိန်မလျော့ပဲမောင်းမိတဲ့အခါ မတော်တဆရုတ်တရက်လူဖြတ်လာတဲ့အခါအရှိန်ထိန်းရခက်သွားတာမျိုးဖြစ်တတ်တာမလို့ ဒီလိုနေရာမျိုးကိုသတိထားသင့်ပါတယ်။
(၂) ခြေဖဝါးကို ဘရိတ်ပေါ်သာတင်ထားပါ
တစ်ချို့သောသူတွေဟာ ကားမောင်းတဲ့အခါခြေထောက်နှစ်ဖက်လုံးကို သုံးပြီးတစ်ဖက်ကဘရိတ် တစ်ဖက်ကလီဗာကိုတင်ထားတတ်ကြပါတယ်။လုံးဝကျွမ်းကျင်အဆင့်ကားမောင်းဆရာတွေကိုတော့မပြောလိုပေမဲ့ဖြစ်နိုင်ရင် တော့ ခြေထောက်တစ်ဖက်တည်းသုံးပြီးသာမောင်းစေချင်ပါတယ်။
ခြေထောက်ကို လီဗာလေးနင်းပြီးမောင်းလိုက်ပြီရင်ပြန်ကြွပြီး ဘရိတ်လေးပေါ်မှေးထားလိုက်မောင်းခြင်းဟာ ဘယ်လိုအခြေနေမျိုးမှာမဆို လီဗာဖိပြီးမှားနင်းမိတဲ့accident မျိုးဖြစ်မလာနိုင်တော့ပါဘူး။
(၃) ကိုယ့်လမ်းကြောင်းနဲ့ကိုယ်မသွားပဲမတရားလမ်းကြောင်းလုတာ
ကားမောင်းတဲ့အခါကိုယ့်လမ်းကြောင်းနဲ့ကိုယ်မောင်းတာအကောင်းဆုံးပါပဲ။ တစ်ခြားလမ်းကြောပြောင်းယူတယ်ဆိုတာ အရေးတကြီးသွားစရာရှိမှ အလျင်လိုနေမှသာမောင်းသင့်ပါတယ်။ပုံမှန်ဆိုရင်လမ်းပြောင်းပြန်မောင်းတာမျိုး ၊ မတရားလမ်းကြောင်းလုပြီးကျော်တက်တာမျိုးက အန္တရာယ်များစေတာမလို့ မလုပ်သင့်ပါဘူး။
(၄) သီချင်းသံအကျယ်ကြီးဖွင့်တာမျိုး၊ဖုန်းပြောတာမျိုး
မျက်စိနဲ့ကြည့်မြင်ရရင်မောင်းလို့ရတယ်ဆိုပေမဲ့ သီချင်းသံကိုတော်ရုံဖွင့်ထားတာမျိုးမဟုတ်ပဲနားထဲထည့်ပြီးနားထောင်တာမျို၊ ဖုန်းပြောတာမျိုး တွေကိုဖြစ်နိုင်ရင် လိုရင်းတိုရှင်းမြန်မြန်ပြောတာအကောင်းဆုံးပါပဲ။ ဒါတွေဟာ စိတ်များစေတာမို့ကားမောင်းရာမှာအနှောက်အယှက်ဖြစ်စေပါတယ်။
(၅) ကွေ့ရမဲ့နေရာမျိုးတွေမှာ Signal မပြတာ
တစ်ချို့သောသူတွေကမေ့တတ်ကြပါတယ်။ တောက်လျှောက်မောင်းနေရင်းကွေ့ရမဲ့နေရာရောက်ရင် Signal မပြတာမျိုးဟာ တစ်ဖက်ကကားမလာ၊ လူမလာရင်တော့အိုကေပင်မဲ့ မတော်တဆကိုယ်ကလည်းကွေ့သူတို့ကလည်းလာဆို ပြဿနာတွေတက်ကုန်နိုင်တာမလို့ ကွေ့ရမဲ့နေရာရောက်တိုင်း Signal ပြသင့်တဲ့နေရာမှာပြဖို့လေ့ကျင့်ထားပါ။