ကျွန်တော်တို့သိထားတာက ကျွန်တော်တို့ရဲ့ယာဉ်မောင်းလိုင်စင်တွေဟာ သက်တမ်းမတိုးဘဲထားလို့(၅)နှစ်ကျော်သွားရင် အဲ့ဒီယာဉ်မောင်းလိုင်စင်ဟာအသုံးပြုခွင့်မရှိတော့ဘဲ အလိုလိုပျက်ပြယ်သွားပါတယ်
ဒီတော့ ဘယ်လိုယာဉ်မောင်းလိုင်စင်ပဲဖြစ်ဖြစ် ပျက်ပြယ်သွားပီဆိုတာနဲ့ အစကပြန်လုပ်ရပြီပေါ့ အခုတော့အဲ့ဒီလိုမဟုတ်တော့ဘဲ ပြန်လျှောက်လိုရပါပြီ.
သက်တမ်း(၅)နှစ်အထက် တစ်ရက်ကျော်ကျော်
တစ်လကျော်ကျော် တစ်နှစ်ကျော်ကျော်
ဘယ်လောက်ကျော်ကျော် သက်ဆိုင်ရာမူလရုံးမှာပြန်လျှောက်လို့ရပါပီ
သက်ဆိုင်ရာမူလရုံးမှာသာလျှင် အချက်အလက်ပြည့်စုံစွာရှိတာဖြစ်လို့ မူလလိုင်စင်လုပ်ခဲ့တဲ့ရုံးမှာပဲ ပြန်လျှောက်ရမှာပါ
အဲ့ဒီလိုပြန်လျှောက်တဲ့အခါ ရေးဖြေသာလျှင်ဖြေရပြီး ကားမောင်းပြတာတွေမလုပ်ရတော့ပါဘူး
နောက်ပီး မူလလိုင်စင်ပဲ မူလနံပါတ်နဲ့ပြန်ရပါတယ် ကဲ ဘယ်လောက်အဆင်ပြေလိုက်သလဲ.
အဲ့လို(၅)နှစ်ကျော်တဲ့ယာဉ်မောင်းလိုင်စင်တွေပြန်လျှောက်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကတော့
မှတ်ပုံတင်မူးရင်း မိတ္ထူ
ပက်စပို့ဓါတ်ပုံ(၄)ပုံ
ယာဉ်မောင်းလိုင်စင်မူရင်း
ပိုင်ရှင်ကိုယ်တိုင်တို့ဖြစ်ပါတယ်။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ