Driverless Tractor ဆိုသည်မှာ အမှီအခိုကင်းသော နည်းပညာပုံစံတစ်မျိုးဖြစ်ပြီး ယာဉ်ပေါ်မှာ လူတက်မောင်းစရာမလိုဘဲ စက်လည်ပတ်နိုင်ခြင်းကြောင့် မောင်းသူမဲ့ယာဉ်ဟုလည်း ဆိုနိုင်ပါသည်။
Driverless Tractor အမျိုးမျိုးရှိပြီး အဓိကအနေဖြင့် လုံးဝအမှီအခိုကင်းသော နည်းပညာနှင့် အမှီအခိုကင်းသော်လည်း စောင့်ကြပ်ကြည့်ရူပေးရန်လိုသော နည်းပညာဆိုပြီး ကွဲပြားသွားပါသည်။
ထို Tractor များတွင် ကားမောင်းသူမလိုဘဲ လယ်ယာစိုက်ပျိုးနိုင်ရန်အတွက် GPS နနှင့် တခြားကြိုးနည်းပညာများကို အသုံးပြုပြီး ထိန်းချုပ်စခန်းမှတစ်ဆင့် လုပ်ငန်းစဉ်ကို စောင့်ကြပ်ကြည့်ရှုနေသော ကြီးကြပ်သူတစ်ယောက်၏ အကူအညီနှင့် ရိုးရိုးရှင်းရှင်း လုပ်ငန်းလည်ပတ်ပါသည်။
Driverles Tractor ထုတ်လုပ်ရောင်းချမူမှာ လက်ရှိဦးဆောင်နေသော လုပ်ငန်းများကတော့ John Deere၊ Autonomous tractor Corporation၊ Fendt နှင့် Case IH တို့သာဖြစ်ပါသည်။
Driverless Tractor ၏ ကနဦးစိတ်ကူးကို ၁၉၄၀ ပြည့်လွန်နှစ်အစောပိုင်းကာလကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး Frank W.Andrew ဆိုသူက သူ့ကိုယ်ပိုင်အဖြစ် တီထွင်ခဲ့ပါသည်။
သူ၏ Tractor ကိုလမ်းညွှန်နိုင်ရန်အတွက် လယ်ကွင်းအလယ်တွင် စည်ပိုင်း၊ ဒါမှမဟုတ် ဘီးတစ်ခုကို ထားပြီး ထိုဘီးနှင့် Tractor ၏ အရှေ့က စတီယာရင်ကို ကြိုးတစ်ချောင်းနှင့် တွဲချည်ခဲ့ပါသည်။
၁၉၅၀ ပြည့်လွန်နှစ်များမှာတော့ Ford သည် The Sniffer ဟုခေါ်သော Driverless Tractor တစ်စီးကို ဖန်တီးခဲ့သော်လည်း ထိုယာဉ်သည် လယ်ကွင်းပြင်တစ်လျှောက် မြေအောက်ကြိုးမပါဘဲ မလည်ပတ်နိုင်ခြင်းကြောင့် မထုတ်လုပ်ဖြစ်ခဲ့ပေ။
၁၉၉၄ ခုနှစ်နောက်ပိုင်းမှာတော့ Silsoh Research Institute ကအင်ဂျင်နီယာများသည် အသီးအနှံစိုက်ခင်းများအတွက် ဒီဇိုင်းထွင်ထားသော အသေးစား Driverless Tractor ကိုလမ်းညွှန်နိုင်မည့် ပုံရိပ်ဆန်းစစ်မူစနစ်တစ်ခုကို ဖန်တီးခဲ့ပါသည်။
ထို Tractor အသစ်သည် ခပ်ပြေပြေအငူအစွန်းအကွေ့များတွင်တောင် ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။
၁၉၈၀ ပြည့်လွန်နှစ်များတွင် စိုက်ပျိုးရေးနည်းပညာများ တိုးတက်လာသည်နှင့်အမျှ လယ်သမားများသည်လည်း ကွန်ပျူတာနှင့် GPS စက်များ၏ အကူအညီဖြင့် Tractor များကို ထိထိရာက်ရောက် မောင်းနှင်နိုင်အသုံးပြုနိုင်လာကြပါသည်။
နောက်ပိုင်းတွင် အင်ဂျင်နီယာသည် Semi-automated Tractor များကို ဖန်တီးခဲ့ပြီး ထို Tractor များသည် ကားမောင်းသူပါဝင်သော်လည်း ကားမောင်းသူအနေဖြင့် စတီယာရင်ကိုသာ ပဲ့ကိုင်အသုံးပြုရုံသာ ဖြစ်ပါသည်။
အစပိုင်းတွင် ယာဉ်မောင်းသူပါဝင်သော Tractor နောက်က လိုက်မောင်းခြင်းဖြစ်ပြီး Follow-me Techno-logy ဟု ခေါ်ဝေါ်ကြပါသည်။
ယခုနောက်ဆုံးပေါ်ထွက်လာသော Driverless Tractor များ၏ နည်းပညာများမှာ မောင်းသူမဲ့စနစ်ကိုအခြေခံပြီး အမှီအခိုကင်းသော လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ပါသည်။
မောင်းသူမပါသော Driverless Tractor သည် တချို့သူများ၏ အမြင်တွင် လုံခြုံစိတ်ချရမူမရှိဘူးဟု ထင်မြင်နိုင်သော်လည်း ထိုမောင်းသူမဲ့ Tractor များတွင် မောင်းနှင်နေသော လမ်းကြောင်းပေါ် လူ၊ တိရိစ္ဆာန်၊ယာဉ်၊ ဒါမှမဟုတ် အရာဝတ္တုပစ္စည်း ကြီးကြီးမားမား ရှိနေခဲ့မယ်ဆိုလျှင် အာရုံခံပေးမည့် ဆင်ဆာများပါဝင်ပြီး မောင်းနှင်မှုကို ရပ်တန့်သွားစေမည်ဖြစ်ပါသည်။
ထို့အပြင် Tractor ကိုယ်ထည်၏ ထောင့်တိုင်းတွင်လည်း အရေးပေါ်ယာဉ်ရပ်တန့်ပစ်နိုင်မည့် ခလုတ်များ ပါဝင်ပါသည်။