ကားမောင်းသူများလိုက်နာသင့်သည့်အချက်များ


ခရီးရှည်သွားကားမောင်းသူများလိုက်နာသင့်သည့်အချက်အလက်များကိုအောက်တွင်ဖော်ပြပေးထားပါသည်။

၁။မြန်နှုန်းလမ်းညွှန်ချက်

လမ်းမကြီး၏မြန်နှုန်းလမ်းညွှန်ချက်များကိုလိုက်နာရပါမည်။

လမ်းမကြီး၏ဆွဲဆောင်မှုကြောင့်အစောဆုံးတစ်ဘဝစာလုံးထိခိုက်ခြင်းမျိုးဖြစ်စေနိုင်ပါသည်။

၂။မျက်ကွယ်မှကျော်တက်ခြင်း

မျက်ကွယ်မှကျော်တက်ခြင်းကိုရှောင်ကြည်ရပါမည်။

ယင်းအပြုအမူသည်လူတစ်ဦးတည်း၏အသက်ကိုအန္တရာယ်ရှိစေရုံသာမကကားပေါ်တွင်လိုက်ပါစီးနင်းလာသူ ခရီးသည်များ၏အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။

၃။မော်တော်ယာဉ်ထိန်းသိမ်းခြင်း

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းလေလေတစ်ပါတည်းထိခိုက်မှုပါဖြစ်စေတတ်ပါသည်။

စတီယာရင်နှင့်ကားအောက်ပိုင်းများမှာမေ့နေတတ်သည့်အစိတ်အပိုင်းဖြစ်ပါသည်။

မစစ်ဆေးရသေးပါကမဖြစ်မနေစစ်ဆေးရပါမည်။

၄။တာယာလေဖိအား

မမှန်ကန်သည့်တာယာလေဖိအားကကားကိုမတည်မငြိမ်ဖြစ်စေပါသည်။

တာယာလေဖိအားမှပြသနာများစွာကိုဖန်တီးပါလိမ့်မည်။

ထို့ကြောင့်တာယာလေဖိအားကိုအပတ်စဉ်စစ်ဆေးခြင်းနှင့်ခရီးရှည်မသွားခင်စစ်ဆေးခြင်းမျိုးပြုလုပ်သင့်ပါ သည်။

၅။လုံလောက်သည့်အိပ်စက်မှု

ကားစတီယာရင်နောက်မရောက်ခင်လုံလောက်သည့်အိပ်စက်မှုရှိပါစေ။

ကားမောင်းနေချိန်ယာဉ်မောင်းအိပ်ပျော်သွားခြင်းမှာယာဉ်မတော်တဆဖြစ်ပွားရခြင်း များပြားလှသည့်အကြောင်းပြချက်ဖြစ်ပါသည်။

၆။အရက်သေစာ

ကားမောင်းမည်ဆိုပါကအရက်သေစာသောက်စားသည်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ခြင်းမှာအကောင်းဆုံးဖြစ်ပါသည်။

 

Read 6946 times