Driver မပါဘဲ မောင်းနှင်နိုင်မယ့် ပထမဦးဆုံး ယာဉ်ပျံ Taxi ( ‌Air Taxi)


 

တရုတ်နိုင်ငံအခြေစိုက် Aerial Vehicle brand EHang ကနေ ထုတ်လုပ်ထားတဲ့ VT-35 eVTOL (Electric Vertical Take-Off and Landing) EV ယာဥ်ပျံအသစ်ဟာ တစ်ခါအပြည့်အားသွင်းပြီးရင် (၂၀၀) ကီလိုမီတာ (အမေရိကန်အတိုင်း ၁၂၅ မိုင်) အကွာအဝေးထိ ပျံသန်းနိုင်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီ eVTOL ဟာ မော်တော်ယာဉ်မောင်းသူမပါဘဲ အလိုအလျောက်ခရီးသွားနိုင်တဲ့ Driverless Flying Taxi ဖြစ်တာကြောင့် နည်းပညာပိုင်းအနေနဲ့ “Next level” ဆိုပြီးတော့တောင် စွမ်းအင်ပိုင်းသုံးသပ်သူများက သတ်မှတ်ထားကြပါတယ်။

EHang ရဲ့ eVTOL အသစ်ဟာ ခရီးသည် (၂) ဦး ကို လိုက်ပါသယ်ဆောင်နိုင်ပြီး လက်ဆွဲအိတ်အထုပ်အပါအဝင် ခရီးသွားနိုင်သလို မြန်နှုန်း (၁၄၅ km/h) နဲ့အမြင့်မှာပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ အားလုံးကို လျှပ်စစ်စနစ်ဖြင့် အပြည့်အဝဖြစ်စေထားပြီး မော်တော်နှင့် လေယာဉ်နှစ်မျိုးပေါင်းစပ်သလို Vertical Take-Off နဲ့ Land လုပ်နိုင်တဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။

EHang ဟာ တရုတ်နိုင်ငံရဲ့ လေကြောင်းအာဏာပိုင်ဆိုင်ရာ Airworthiness Certification ကို ရရှိထားပြီး ကမ္ဘာတစ်ဝှမ်းတွင် ပထမဦးဆုံး စတင်အသုံးပြုခွင့်ရတဲ့ Driverless ပျံယာဉ်ကုမ္ပဏီ ဖြစ်လာပါတယ်။ လာမယ့်အချိန်မှာ Guangzhou နဲ့ Shenzhen မြို့များမှာ စမ်းသပ်ခရီးစဉ်တွေ စတင်ဖို့ အစီအစဉ်ရှိပြီး ၂၀၂၆ ခုနှစ်အတွင်း သုံးစွဲခွင့်ဖြင့် စတင်လည်ပတ်ဖို့ ရည်ရွယ်ထား တယ်လို့ သိရပါတယ်။

EHangက “မြို့ပြထဲက လမ်းပိတ်နယ်နမိတ်တွေကို လျှော့ချပြီး အနာဂတ်သယ်ယူပို့ဆောင်ရေးအတွက် Driverlessပျံယာဉ်တွေက The big upcoming thing ဖြစ်လာမယ်” လို့ ပြောကြားထားပြီး တရုတ်နိုင်ငံကို Autonomous Air Mobility နယ်ပယ်ထဲမှာ ဦးဆောင်နိုင်တဲ့နိုင်ငံ တစ်ခုအဖြစ် တိုးတက်လာစေဖို့ ရည်မှန်းထားပါတယ်။

Article-reference:https://nypost.com/2025/10/15/tech/driverless-flying-taxis-can-fly-nearly-125-miles-on-one-battery-charge/

Read 315 times