ယာဉ်မောင်းသူများသိထားရမည့် လမ်းမပေါ်ရှိ မျဉ်းဖြတ်(၆)မျိုး


မြန်မာနိုင်ငံတွင် သွားလာမောင်းနှင်နေသော ယာဉ်မောင်းများအနေဖြင့် လိုက်နာသိရှိရမည့် အချက်များနှင့် စည်းကမ်းတကျမောင်းနှင်နိုင်ရန် လမ်းမပေါ်ရှိ မျဉ်းဖြတ်များကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

၁။ လမ်းအလယ်ရှိ အလျားလိုက်မျဉ်းဖြူအမှတ်အသားများ

(၁) အလယ်မျဉ်းပြတ်

•      နှစ်လမ်းမောင်းတွင် မျဉ်းပြတ်ကိုဖြတ်ကျော်၍ ကွေ့နိုင်သည်။ ဂ-ကွေ့လည်းကွေ့နိုင်သည်။တစ်လမ်းမောင်းလမ်းတွင်မူ မျဉ်းပြတ်ကိုဖြတ်၍ ယာဉ်ကြောကူးပြောင်းနိုင်သည်။

•      အန္တရာယ်ကင်းရှင်းလျှင် မျဉ်းပြတ်ကိုဖြတ်၍ ရှေ့ယာဉ်ကိုကျော်တက်နိုင်သည်။

•      မျဉ်းပြတ်များကို ခွ၍မမောင်းရ။

•      မျဉ်းပြတ်များပေါ်တွင်လမ်းမလျှောက်ရ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

(၂) အလယ်မျဉ်း

•      ဤမျဉ်းကိုဖြတ်ကျော်၍ မကွေ့ရ။ ဂ-ကွေ့မကွေ့ရ၊ ယာဉ်ကြောလည်း မကူးပြောင်းရ။

•      ဤမျဉ်းကိုဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။

•      ဤမျဉ်းကို ခွ၍မမောင်းရ။

•      ဤမျဉ်းများပေါ်တွင် လမ်းမလျှောက်ရ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

(၃) အလယ်မျဉ်းပြိုင်နှစ်ကြောင်း

•      မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့် လမ်းကွေ့လမ်းကောက်များ၊ တံတားအကျယ်များ၊ မြင်ကွင်းကွယ်နေသော ကုန်းထိပ်များ စသည့်နေရာများတွင် အသုံးပြုသည်။

•      မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝမဖြတ်ကျော်ရ။  ဂ-ကွေ့မကွေ့ရ။ခွမမောင်းရ။

•      မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ရှေ့မှယာဉ်ကို လုံးဝကျော်မတက်ရ။

•      မျဉ်းပြိုင်နှစ်ကြောင်းနေရာတွင် ယာဉ်ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်းမပြုရ။

•      မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ။ရပ်မနေရ၊ စက်ဘီးမစီးရ။

(၄) အလယ်မျဉ်းပြိုင်နှစ်ကြောင်းကို တစ်ဆက်တည်းမျဉ်းနှင့် မျဉ်းပြတ်များဖြင့် ရေးဆွဲထားခြင်း

•      မျဉ်းပြတ်ရှိသောယာဉ်ကြောများဘက်မှယာဉ်သည်မျက်နှာချင်းဆုုိင်လာသော ဘက်မှယာဉ်အန္တရာယ်ကင်းရှင်းလျှင်အလယ်မျဉ်းပြိုင်နှစ်ကြောင်းကိုဖြတ်ကျော်၍ ကွေ့နိုင်သည်။သို့ရာတွင် ဂ-ကွေ့မကွေ့ရ။

•      မျဉ်းပြတ်ရှိသော ယာဉ်ကြောများဘက်မှယာဉ်သည် အလယ်မျဉ်းနှစ်ကြောင်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရ။ခွမမောင်းရ။

•      တစ်ဆက်တည်းရှိသောယာဉ်ကြောများဘက်မှယာဉ်သည် တစ်ဆက်တည်းမျဉ်းကို လုံးဝဖြတ်မကျော်ရ။

•      မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် လမ်းမလျှောက်ရ၊ ရပ်မနေရ၊ စက်ဘီးမစီးရ။

                                    

(၅) ယာဉ်ကြောများကို သတ်မှတ်သည့် အလျားလိုက်မျဉ်းဖြူအမှတ်အသားများ

•      လမ်းတစ်လျှောက်ယာဉ်တစ်စီးချင်းရှေ့နောက်လွယ်ကူစွာနှင့်အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရန် အတွက် ယာဉ်ကြောများကို တစ်ဆက်တည်းမျဉ်း၊ မျဉ်းပြတ်တို့ဖြင့် သတ်မှတ်သည်။

•      လမ်းဆုံလမ်းခွတွင်ကန့်လန့်ဖြတ်ရေးဆွဲထားသော ရပ်မျဉ်းသို့မရောက်မီ အနည်းဆုံးမီတာ ၃၀(ပေ၁၀၀)မှစ၍ ရပ်မျဉ်းအထိတစ်ဆက်တည်းမျဉ်းဖြင့် ယာဉ်ကြောများကို ခွဲခြားထားသည်။

•      မျဉ်းပြတ်များဖြင့်ခွဲခြားထားသောယာဉ်ကြောများတွင်ယာဉ်များသည်ယာဉ်ကြောတစ်ခုမှ တစ်ခုသို့ကူပြောင်းနိုင်သည်။ယာဉ်ကြောကူးပြောင်းရာတွင်အလိုက်သင့်အလျားသင့် တစ်ခုပြီးမှတစ်ခုကူးပြောင်းရမည်။နောက်မှလိုက်လာသောယာဉ်ကို အနှေင့်အယှက်မဖြစ်စေရ။လမ်းဆုံလမ်းခွမရောက်မီ တစ်ဆက်တည်းမျဉ်းနေရာတွင် ယာဉ်ကြောလုံးဝ မကူးပြောင်းရ။

•      မျဉ်းပြတ်နေရာတွင်ရှေ့ယာဉ်ကိုကျော်တက်နိုင်သည်။တစ်ဆက်တည်းမျဉ်းနေရာတွင်မူ ကျော်မတက်ရ။

•      မျဉ်းဝါဖြင့် သတ်မှတ်သောယာဉ်ကြောသည်ဘတ်စ်ကားများအတွက်သာဖြစ်သည်။

• သာမာန်အားဖြင့်လက်ယာဘက်ယာဉ်ကြောတွင်မောင်းနှင်ရမည်။လက်ဝဲဘက်သို့ကွေ့လျှင်မျဉ်းပြတ်နေရာများတွင်သာ လက်ဝဲယာဉ်ကြောသို့ကူးပြောင်းပြီးမှ ကွေ့ရမည်။

•      ရှေ့ယာဉ်ကိုကျော်တက်လိုလျှင်မျဉ်းပြတ်နေရာများတွင်သာ ကျော်တက်ရမည်။

(၆) အလယ်မျဉ်းပြတ်ရှိသော နေရာများတွင်သာ “ဂ” ကွေ့ကွေ့နိုင်သည်။

Read 10544 times