ယာဉ်မောင်းနှင်သူများအတွက်ပြင်းထန်သည့်ယာဉ်မတော်တဆမှုများတွင်အသက်ဆုံးရှုံးမှုမဖြစ်စေဘဲထိခိုက်မှု အနည်းဆုံးဖြစ်စေရန်အကာအကွယ်ပေးနိုင်သည်မှာ
SRS (Supplemental Restraint System) ဟုခေါ်သည့်အသက်ကယ်လေအိတ်စနစ်ဖြစ်ပါသည်။
သာမန်တိုက်မိခြင်းမျိုး၊ အရှိန်လျော့နည်းသည့်ယာဉ်တိုက်မိခြင်းမျိုးများတွင်အသက်ကယ်လေအိတ်မပွင့်ခြင်းမှာ SRS စနစ်၏ချို့ယွင်းချက်ကြောင့်မဟုတ်ပါ။
အန္တရာယ်ဖြစ်စေသည့်ယာဉ်တိုက်မှုမဟုတ်သောကြောင့်ကွန်ပျုတာကဆုံးဖြတ်ထားသည့်အတွက်အသက်ကယ်လေအိတ်မပွင့်ခြင်းဖြစ်ပါသည်။
SRS မီးလင်းနေခြင်း
SRS အချက်ပြမီး (SRS/ Airbag Warning Light) အဆက်မပြတ်လင်းနေခြင်းမှာယင်း SRS စနစ်မှာပါဝင်သည့် အစိတ်အပိုင်းတစ်ခုခုချို့ယွင်းနေပြီဆိုတာသတိပေးတာပါ။
ယင်းကဲ့သို့အနေအထားမျိုးတွင်ပြင်းထန်သည့်ယာဉ်တိုက်မှုမျိုးဖြစ်ခဲ့ပါကအသက်ကယ်လေအိတ်ပွင့်ပြီး အကာအကွယ်ပေးခြင်းမျိုးမဆောင်ရွက်နိုင်တော့ကြောင်းကြိုတင်အသိပေးခြင်းဖြစ်ပါသည်။
ပုံမှန်အနေအထားမျိုးတွင်ကားကိုစတင်စက်နှိုးလိုက်သည်နှင့်SRS အချက်ပြမီးကလင်းလာပြီးငါးစက္ကန့်အတွင်းတွင် ပြန်ငြိမ်းသွားပါသည်။
အချက်ပြမီးကပြန်ငြိမ်းမသွားဘဲဆက်တိုက်မီးလင်းနေပါကယင်းစနစ်တွင်ပြဿနာရှိနေပြီးယင်းအတောအတွင်းတွင် ပြင်းထန်သည့်ယာဉ်တိုက်မှုဖြစ်သောကြောင့်အသက်ကယ်လေအိတ်မပွင့်ခြင်းမှာSRS မီးလင်းနေလို့ဖြစ်ပါသည်။
အာရုံခံကိရိယာများ
SRS စနစ်တွင်အန္တရာယ်ကို ကြိုတင်သိရှိနိုင်ရန်ယာဉ်၏ပတ်လည်တွင်အာရုံခံကိရိယာ (sensors) များနှင့် အချက်အလက်များကိုထောက်လှမ်းရယူပါသည်။
အချက်အလက်များကိုကွန်ပျူတာဆီပို့ပြီးအဆုံးအဖြတ်ရယူပါသည်။
ကွန်ပျူတာမှအန္တရာယ်ရှိသည့်အနေအထားဖြစ်သည်ဟုဆုံးဖြတ်ပြီး မာကြောသည့်အရာဝတ္တုများနှင့်လူများ၏ အကြားတွင်အသက်ကယ်လေအိတ်များကိုပွင့်ထွက်စေပြီးလေအမြန်ဖြည့်သွင်းပေးသည့်စနစ်နှင့်အကာအကွယ် ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့်အာရုံခံကိရိယာဆင်ဆာများမကောင်းပါကပြင်းထန်သည့်ယာဉ်တိုက်မှုများမှာအသက်ကယ် လေအိတ်များပွင့်ထွက်ကာကွယ်ပေးမှာမဟုတ်ပါဘူး။
ဘက်ထရီအသစ်လဲပါ
တစ်ခါတစ်ရံတွင်SRS စနစ်လည်ပတ်စေသည့်လျှပ်စစ်စွမ်းအင်လျော့ကျနေသောကြောင့်လည်း SRS မီးလင်းပြီး အချက်ပြခြင်းဖြစ်နိုင်ပါသည်။
ထို့ကြောင့်ဘက်ထရီနှင့်လျှပ်စစ်စွမ်းအင်ပေးသည့်စနစ်များကိုစစ်ဆေးပြီးဝါယာရင်းစနစ်ပြုပြင်သည့်ဘက်ထရီ သက်တမ်းလွန်နေပါကအသစ်လဲလှယ်ခြင်းပြုလုပ်ရပါမည်။
ထို့ကြောင့်အသက်ကယ်လေအိတ်မပွင့်ခြင်းမှာဘက်ထရီ၏ချို့ယွင်းချက်ကြောင့်လည်းဖြစ်နိုင်ပါသည်။
OBD II Scannerနှင့်စစ်ဆေးပါ
ဖော်ပြခဲ့သည့်အချက်နှစ်ချက်ကိုစစ်ဆေးပြီးအားလုံးကောင်းမွန်နေပါက SRS အချက်ပြမီးလင်းခြင်းမှာ ယင်းစနစ်ထဲကအစိတ်အပိုင်းတစ်ခုခုချို့ယွင်းနေခြင်းဖြစ်ပါသည်။
OBD II Scannerနှင့်စစ်ဆေးပြီးရရှိလာသည့်ကုတ်နံပါတ်အရချို့ယွင်းချက်ကိုချက်ချင်းသိရှိနိုင်ပါသည်။
လျှပ်စစ်ပတ်လမ်းပြတ်တောက်ခြင်း
SRS စနစ်တစ်ခုလည်ပတ်ရန်အသက်ကယ်လေအိတ်၊ ပတ်လည်အာရုံခံကိရိယာ၊ airbag control unit , emergency tensioning devices ခါးပတ်နှင့်ထိုင်ခုံများတွင်တပ်ဆင်ထားသည့်အာရုံခံကိရိယာများကိုဝါယာရင်း စနစ်နှင့်လျှပ်စစ်လည်ပတ်စေခြင်းဖြစ်ပါသည်။
ဆက်သွယ်ထားသည့်ဝါယာစနစ်ဆွေးမြေ့ပြတ်တောက်သောကြောင့်လည်းပြင်းထန်သည့်ယာဉ်တိုက်မှုများတွင် အသက်ကယ်လေအိတ်မပွင့်ခြင်းဖြစ်နိုင်ပါသည်။
အသက်ကယ်လေအိတ်နှင့်ETD ချို့ယွင်းခြင်း
Ⓜအသက်ကယ်လေအိတ်နှင့် Emergency Tensioning Devices တို့ကိုပြင်းထန်သည့်အန္တရာယ်နှင့်ကြုံတွေ့သည်နှင့် တစ်ပြိုင်တည်းပွင့်ထွက်ပြီးလေထိုးသွင်းနိုင်သည့်စနစ်ကိုဖန်တီးထားခြင်းဖြစ်ပါသည်။
ယင်းအသက်ကယ်လေအိတ်နှင့် ETD တို့ချို့ယွင်းနေရင်းပွင့်ထွက်လာမှာမဟုတ်သကဲ့သို့SRS အချက်ပြမီးကလည်း လင်းနေမည်ဖြစ်ပါသည်။