ကားဖြင့်သာ လာကြည့်ရတဲ့ စင်တင်တေးဂီတပွဲ


ကားကို တစ်နေရာမှ တစ်နေရာသို့ လူတွေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် သုံးခဲ့ကြတယ်။

ကိုဗစ် ကာလရှည်ကြာလာတဲ့အခါ ကားဖြင့် ရုပ်ရှင်ကြည့်ကြတဲ့ စိတ်ကူးကို ဆန်းစစ်ပြီး ကားဖြင့်သာ လာရောက်ကြည့်ရှုရတဲ့ စင်တင်တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ကြတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ ပေါ့ပ်ဂီတအဖွဲ့ Kahitna က စင်တင်တေးဂီတ ဖျော်ဖြေပွဲတစ်ခုကို ညဘက်မှာ ကျင်းပခဲ့ကြတယ်။ အချိန် နှစ်နာရီ ကြာမြင့်တဲ့ အစီအစဉ်ဖြစ်ပြီး လာရောက်တဲ့ ပရိသတ်ဟာ ကားများဖြင့်သာ ကွင်းထဲ ဝင်ရောက်ကာ ဆင်နွှဲကြရပြီး ကားပေါ်မှ ဆင်းခွင့် မပေးပါဘူး။

ncert က အထူးအဆန်း ဖြစ်နေတာကတစ်ကြောင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲတွေ ပြတ်လပ်နေလို့ ဆာလောင်နေကြတာကတစ်ကြောင်းတို့ကြောင့် ရာချီတဲ့ ကားတွေ ကွင်းပြည့်ကွင်းလျှံ လာရောက်အားပေးခဲ့ကြတယ်။

ကားပေါင်း ၃၀၀ ကျော် လာရောက်ခဲ့ကြပြီး လူပေါင်း ၉၀၀ ကျော် ပါဝင်ခဲ့ပါတယ်။

ကားမှာပါတဲ့ FM ရေဒီယိုဖြင့် အသံကို ဖမ်းယူနားဆင်ကြရတယ်။ ရောက်လာတဲ့ကားတိုင်းကို ပိုးသတ်ဆေးရည် ပက်ဖျန်းတယ်။ ကားပြတင်းပေါက်တွေ အလုံပိတ်ထားကြရတယ်။

drive-in concert စိတ်ကူးကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်တာဖြစ်ပြီဂ ပရိသတ်မှ စည်းကမ်းတကျ လိုက်နာခဲ့ကြတာကြောင့် အောင်မြင်ခဲ့ပါတယ်။

 မှတ်တမ်းဗီဒီယို ကြည့်ရန်

 

https://www.thejakartapost.com/multimedia/2020/09/01/jakartas-first-drive-in-concert.html.

 

Read 525 times